(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဘယ်လိုပြောရမလဲ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခေတ်ကာလ ရေစီးမှာ
လှေထီးတည်း ရွက်ပြန်တိုက်
အညာစရိုက်လေးကို ထွေးပိုက်လို့
ဂန္တ၀င်တေးသွားတွေကို ကြိုက်တယ်။

မျက်နှာပြောင်ပြောင်နဲ့
ခပ်ကြောင်ကြောင် လက်ခုပ်တီး
သီချင်းတစ်ပုဒ် ဆိုအပြီးမှာတော့
ချွေးသုတ်ပြီးသာ ပြန်ထွက်ပါ။

နည်းနည်းရေး  များများတွေး
ပိုတာရှိရင်ပေးလိုက်
ဒါပေမယ့်.......
အမှိုက်တော့ မဖြစ်စေနဲ့။

လောကဓံ အထုအထောင်းကို
ဗန်းထဲထည့်ရောင်းလို့ ရသလား
ကံကြမ္မာက
မျက်နှာသာ မချိုသလို

ကျွန်တော် သက္ကရာဇ် တစ်ခုကိုဖြိုပြန်ပြီ။

သုံဆယ့်တစ် အကြိုမှာ
ရှေ့ဖြစ်နောက်ဖြစ်တွေ မလိုပါဘူး
ဟောဟိုက  နေမညိုခင်
အဲဒီရွာကို  အရောက်ဝင်မယ်။





10 မှတ်ချက်:

  1. နွေတေးရှင် (မင်းဧရာ) Says:

    ပေါက်တက်ကရ လေးဆယ် ရေးမိသွားတယ်ဆိုရင်လည်း
    သီးခံကြပါဗျာ။

    စာလုံးပေါင်း လေးတွေပြင်ရင်းပေါ့။

  1. စံပယ်ချို Says:

    ဟောဟိုက နေမညိုခင်
    အဲဒီရွာကို အရောက်ဝင်မယ်------

    ဘယ်ရွာလဲ ကိုမင်းရေ
    များတို့လဲလိုက်လည်ချင်ပါရဲ့----- ပေါက်ကရရေးတာက အတော်ကောင်းနေပြီနော်

  1. ပဥာက် Says:

    အတူတူပြန်ကြတာပေါ့..ဘကြီးမူံရာ..

  1. AH Says:

    ထွေးညိုလေးက ရွာအ၀င်ညောင်ပင်ကြီးမှာ စောင့်နေရော့လား အစ်ကို...

  1. Unknown Says:

    ဟဟ ဒီတစ်ခါတော့ အမိဖမ်းနိုင်ခဲ့ပြီ
    လူပျိုကြီးရေ..ဒိလိုနဲပဲ
    အိုအို လာလိမ့်မယ် ဂျး)

    (ခင်မင်လေးစားလျှက်)
    ဒုတိယ)

  1. မြတ်ပန်းနွယ် (Myat Pan Nwe) Says:

    ကဗျာလေးဖတ်သွားတယ်။
    ဘယ်လိုပြောရမလဲ ..
    ဖတ်လို့ကောင်းတယ်။း)

    ခင်မင်စွာဖြင့်
    မြတ်

  1. လွင်ပြင်လှိုင်းငယ် Says:

    ဘယ်ရွာလဲဟင်။ဖတ်လို့ကောင်းပါတယ်

  1. Candy Says:

    Happy Birthday ပါ အစ်ကို..
    ကဗျာလေးအရ အစ်ကို့မွေးနေ့လို့ ထင်လိုက်လို့ပါ...

    ကဗျာတွေကတော့ ကောင်းမြဲ ကောင်းဆဲပဲ..

  1. ဆူးသစ် Says:

    ချွေးလို့ပေါင်းပါတယ်ညီလေး။ အိမ်ပြန်ချင်တာလား။ ဘ၀ကိုထုဆစ်နေတာလား။ မွေးနေ့တစ်ရက်ကိုရောက်တော့မှာလား။ လားပေါင်းများစွာကို တွေးရင်း နောက်ဆုံးခေါင်းစဉ်ကိုပါ ပြန်စဉ်းစားနေမိတော့တယ်။ ကဗျာ Flow ကလှတယ်ကွ။ မော်ဒန်ဘက်ပါချင်နေတဲ့ကဗျာလို့ အစ်ကိုထင်တယ်။ အစစ်ကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရေးလက်ကိုတော့ အားပေးတယ်။ တော်တော်တက်လာတယ်။

  1. နွေတေးရှင် (မင်းဧရာ) Says:

    ပြင်လိုက်ပါပြီ အစ်ကိုကြီး...
    ကျေးဇူးအထူးပါဗျာ။

    အင်း....
    သူကြီးမင်းတို့ ဆရာဦးဟန်ကြည်တို့ကိုသာ လွမ်းနေမိတော့တယ်။