undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ရွက်ဖျားနှင်းခို
အအေးပိုတော့
မောင့်ကိုရည်မှန်း
ထွေးလှည့်စမ်းလို့
ရော်ရမ်း၍များ ဆိုမလား ။
မြူနှင်းကွယ်ပျောက်
နွေကိုရောက်၍
ပိတောင် ခိုင်ညှာ
မြင်မိပါရင်
မောင့်ပင်ရည်မှန်း
ဆင်လှည့်စမ်းလို့
ရော်ရမ်း၍များ ဆိုမလား ။
သနားမညှာ
ညဥ့်ယံလွှာတွင်
ဝဠာဆိတ်သုဉ်း
တိမ်လိပ်ဖုံး၍
ထစ်ချုန်းမြည်ဟီး
လျှပ်စီးလက်ဖြာ
သိပ်ငယ်ရှာ လျှင်
မောင့်ရင်ပင်မှန်း
ကွယ်လှည့်စမ်းလို့
ရော်ရန်း ၍များဆိုမလား ။
အခုများဖြင့်
ပိတောက်ပွင့်ညှာ
ကြွေကာလွန့်လူး
လေရူးဝေ့၀ိုက်
မိုးလုံးမိုက်မှောင်
လျှပ်လျှက်ရောင်စီး
မငြီးမငို
မယ့်တစ်ကိုယ်ပင်
ဆိုစဉ် ဆောင်းရက်သက်ခဲ့ပြီ ။
အပြည့်အစုံသို့
undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ဟိုတလောက
မိုက်သွေးကြွ ၍
ငှက်လှ လေထဲ
ပျံကာဝဲ တော့
မာန်မဲကျုံးကာဟောင်တော့၏ ။
ကြည့်မိခဏ
ပြုံးစစ နှင့်
ငါမှ ငါလူ
ဆက်ကာအူလို့
မည်သူမော၍နေမည်နည်း ။
မြည်ဟီးထိုးဟောင်
ထိုအမောင် ပင်
တတ်ယောင်ကား ရမ်း
တစ်ဖက်ကန်း ၍
တစ်ခြမ်းမမြင်ရှာမှကိုး.......။
အပြည့်အစုံသို့
undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ရှူ့ပျော်သယောင်
ထိုပြည်ထောင်ဝယ်
ပိတ်မှောင်ကာဆီး
ဥာဏ်ရည်မီးလည်း
ထိန်ညီးမစွမ် နိုင်ရှာပြီ ။
ကြယ်ညီတစ်ဆုပ်
သန်းခေါင်းယုတ် ၌
ဖုံးအုပ်တိမ်မဲ
အားအံခဲလည်း
မွဲမြဲ မမြင်
များလူ ရှင် တွင်
ကျွန့်ထင်ပညာမရှိပြီ ။
ရေစီးပြေစွာ
လေလာဖြန့်ဖြူး
တေးကျူးညီညီ
မောင်မယ်သည်လည်း
သိပ်သည်းကျဉ်းမြောင်း
ငါ မာန်စောင်းနှင့်
တွေးချင့်မမြော်
ပြည်တော်ဘယ်တော့ ငြိမ်းမည်နည်း ။
အပြည့်အစုံသို့