undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ခရီးဖင့်နှေး
ရွာရက်ဝေးမှ
ကြူမွှေးပန်းငုံ
ရင်ငွေ့လှုံသည်
ပဇ္ဇုန် ဘယ်သို့ရှိပေမည် ။
ဝေပါ စွေရှာ
ဟို အခါက
အငြိုးချချေ
မြရည်ဖွေ လိမ်း
တမင်စိမ်း လည်း
ရာသီသိမ်းထိ စွေဖူး၏ ။
အခုတော့ဖြင့်လေ
ပန်းနှောင်း
မိုးနှောင်း
မရွာကောင်းမှ
ဒီရေတောင်းသူ
ထိုမဉ္ဇူ ခို
တိမ်ညို မပြိုသာတော့ပြီ ။
အပြည့်အစုံသို့
undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
တိမ်ညိုတွေငိုကာ မှ
စိုခွင့်ရမယ့် ဒီမြေလည်း
ကွဲအက်ခါနေပါစေတော့ ။
ငွေကြယ်တွေ အရောင်ကြွဖို့
မှောင်ပြရတဲ့ သန်းခေါင်လို
ကောင်းကင်ညိုလို့ မငိုတော့ဘူး ။
ပန်ခဲ့ဘူးသော သစ္စာကြောင့်
ဆုတစ်ခုအဖြစ် မြှောက်ခဲ့ရင်
ကိုယ်တိုင်ချူဆင်ခွင့် ရမှ
ပန်းလှလှကို မြင်ပါရစေ ။
အပြည့်အစုံသို့