undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ဒေါင်းတစ်သုတ်
ဗျိုင်းအုပ်ကို ချီဆင်း
ရွာထဲမှာလည်း
အိုးနင်း ခွက်နင်းနဲ့။
ငါ့အရေး ငါ့အခင်း
ခပ်ဖျင်းဖျင်း ပြဇာတ်တစ်ပုဒ်
ထန်းသီးမှုတ်တို့
ဖရဲသီးပြုတ်ကိုခဲကြ
တစ်ချို့ကတော့
"'ဘို''သွေးတွေကြွလို့။
ဘယ်သူ ဘာလုပ်လုပ်
ဟောဒီ ဇနပုဒ်ကတော့
ဖျံအုပ်လည်း ခံ
ဗျိုင်းသုတ်လည်း ခံ
ငါး ဖြစ်ရတဲ့ ဒဏ်မှာ
ခင်ဗျားတို့ အသံကိုကြောက်တယ်။
အပြည့်အစုံသို့
undefined
undefined
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ငါ ဆိုတဲ့ မာန်တစ်တိုင်နဲ့
မနက်ဖြန်ကို သင် ပိုင်သလား။
ဆွဲကိုင်လိုက်စမ်းကွယ်
မဆုံးသေးတဲ့ ဒီပန်းတိုင်
အရှုံးအနိုင်တွေ မလိုပါဘူး။
အရိုးဖြိုင်ဖြိုင်ပေမယ့်
နှလုံးသားပင်စည်ခိုင်မှနေ
သံပြိုင်တွေဟစ်ကြွေး
ငါတို့သွေးနဲ့ နွေးရမယ်။
မနက်ဖြန်ကို သင် ပိုင်သလား။
ဆွဲကိုင်လိုက်စမ်းကွယ်
မဆုံးသေးတဲ့ ဒီပန်းတိုင်မှာ
မရှုံးအနိုင်တွေ မလိုပါဘူး။
ကောင်းမှု့ပြုလုပ်ခြင်းဖြင့် ကောင်းကျိုးခံစားနိုင်ကြပါစေ။
အပြည့်အစုံသို့