(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ကျွန်တော်မပိုင်သော မနက်ဖြန်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ငါ ဆိုတဲ့ မာန်တစ်တိုင်နဲ့
မနက်ဖြန်ကို သင် ပိုင်သလား။

ဆွဲကိုင်လိုက်စမ်းကွယ်
မဆုံးသေးတဲ့ ဒီပန်းတိုင်
အရှုံးအနိုင်တွေ မလိုပါဘူး။
 
အရိုးဖြိုင်ဖြိုင်ပေမယ့်  
နှလုံးသားပင်စည်ခိုင်မှနေ
သံပြိုင်တွေဟစ်ကြွေး
ငါတို့သွေးနဲ့ နွေးရမယ်။

မနက်ဖြန်ကို သင် ပိုင်သလား။

ဆွဲကိုင်လိုက်စမ်းကွယ်
မဆုံးသေးတဲ့ ဒီပန်းတိုင်မှာ
မရှုံးအနိုင်တွေ မလိုပါဘူး။



 ကောင်းမှု့ပြုလုပ်ခြင်းဖြင့် ကောင်းကျိုးခံစားနိုင်ကြပါစေ။


အပြည့်အစုံသို့

အလွမ်းဖြင့်ရုံသော

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဥသြတစ်ကိုယ်
ခွန်းဆိုသံဝါ
ခိုကာနားစက်
ရော်ရွက်သက်ကြွေ
ဤတစ်နွေဆို
ရွာအိုဘယ်သို့ ရှိမည်နည်း။

မိုးရူးလေထန်
ဒေါသမာန်ဝင့်
ပျံလွင့်ကာချီ
ရာသီနွေနှောင်း
ဖက်ဆွတ်လောင်းချ
ပြောင်းရတဖုံ
မြသွေးရုံမှာ
ပျိုးခုံဘယ်ပုံ သာမည်နည်း။

မမြင်ရက်ကြာ
ကျွန်ရွက်ဝါငယ်
သာစေရွယ်ရင်း
ငွေနှင်းလည်းကုန်
လူလည်းထုံပြီ
အလွမ်းဖြင့်ရုံသော သည်ရက်ရှည်။


အပြည့်အစုံသို့

လျှာအထူကြီးနဲ့ထိုင် မောင်နှစ်ဆိုင်သို့

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခါးသက်သက်ပါပဲ
ပါးရှပ်ရှပ်  မျိုချ
ခပ်မောက်မောက် မာနနဲ့
အဲဒီညက ................
သီချင်းတစ်စကို ဆိုလိုက်တယ်။

ကျယ်ပြန့်နက်ရှိုင်းတဲ့  လွင်ပြင်
ကျွန်တော်သင်ခဲ့တဲ့  ရသ
ထယ်သွားတို  ''စည်းချက်''အချမှာ
ခြေထိုးပြီး ကကြတယ်။

ဂီတနတ်သံ လွင့်ပျံအကြွ
မိစံပယ် အတွက်ဟန်မကျလှဘူး။

စာအုပ်ကြီး ကိုင်
မျက်မှန်အထူကြီးနဲ့ ထိုင်နေတဲ့
မောင်နှစ်ဆိုင်  လူကြီးမင်းရေ........
ခင်များလျှာ အထက်
အရသာ မထွက်လှပေမယ့်
ကျွန်တော်ချက်တဲ့ ဟင်း
လက်ကမြင်းခဲ့တာမဟုတ်ဘူး။

သူငယ်တန်း အကြောင်း ဆွေးနွေးချင် ရင်
က၊ခ၊တော့ အရင်သင်ဗျာ...
ကျွန်တော် လွတ်လပ်စွာ ပျံချင်သေးတယ်။


အပြည့်အစုံသို့

သူတို့လို....

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

နဒီခွေရာ
ဤ သေလာဦး
လေရူးငယ်သုန်
ကြည်စယ် ယုံမျှ
နားသယ်စ ခို
ရယ်သွမ်းသလို
နမ်းမလို ထင့်။

မရွံ့တရွံ့
ဖွဖွလွန့်လူး
တိမ်ဖူး ငယ်ရုံ
နံ့သာမှုံ ခြယ်
နမ်းစေရွယ် မင့်
မပြယ်လွင့်စေ
ချင့်ချင့် ခြွေစဉ်
ပျော်ဝင်လှိုက်ခို
ရွှန်းစိုစိုနှင့်
ရှက်သွေး ပျိုသော
ဆည်းဆာချိန် ။


အပြည့်အစုံသို့

ရတု တစ်ခုအလွန်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မာနအချို့ကို နံရံချိတ်
မျက်လုံးမှိတ်ပြီး ထိုင်နေတဲ့  ငါ
ခြေထောက်မပါတဲ့ ဒီစိတ်
ဘယ်သူတံခါး ပိတ်ပေးမလဲ။

တစ်ခါတစ်ခါ
ငါ့ ကိုယ် ငါ သနားရင်း
ကမ်းခိုခြင်းမရှိတဲ့   လေပြေလို
စက္ကန့်တွေ  သက္ကရာဇ်ကိုဖြိုတော့
သူ့အလိုလို  ပြိုခဲ့သော အတိတ်
တရိပ်ရိပ်နဲ့    ပြည့်သိပ်လာတဲ့ အိတ်ကလေး
လွယ်...လွယ်ရင်း   လေးလာတော့
 အရောင်ဖြော့ဖြော့  ဆည်းဆာမှာ
 ကွန်ခိုရာကို  ရှာမိတယ်။

ချိုမြိန်မြိန်  တေးတစ်စနဲ့
လက်ချိုးပြီး က တဲ့အရွယ်
ဘ၀  ကိုနိဒါန်းသွယ်တော့
ဘာသာပြန်ဖို့မလွယ်တဲ့  အသိတရား
လှိုင်းရိုက်ပါများတဲ့  ကမ်းပါးလို
 နာကြင်မှု့ကြောင့်  မငိုတော့ဘူး။

ကောက်ကွေ့သော ခရီးတစ်လျှောက်
ထိုးဖေါက်မယ့်   အင်အားက
ညှို့တင်ထားတဲ့    မြှားလို
ဦးတည်ရာကို   ထိုးစိုက်
ရတုတစ်ခု    ဆိုက်တဲ့အရွယ်
ငါ့  အတွေးတွေ   ကြွယ်ခဲ့တယ်။


အပြည့်အစုံသို့

တိတ်တိတ်လေးရေးခဲ့တယ် တိုးတိုးလေးဖတ်ပါ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

အမျက်ဖြေနေရင်းပါဘဲ
ထပ်ဝေခြင်း  ပွင့်ဖတ်အချို့
မျက်ရည်စို့စို့ အသဲကလည်း
မာနတချို့ကို  ခဲထားရင်း
ကွေကွင်းခြင်း  လမ်းအထက်
လှမ်းတက်တတ်တဲ့  စိတ်ခြေလှမ်းနဲ့
ကျွန်တော် တိတ်တိတ်လေး တမ်းမိတယ်။

အပြာရောင်  ဆေးတစ်စက်နဲ့
အိပ်မက်ကို  အနားကွပ်ရင်း
ပြယ်လွင့်ခြင်း  တိမ်တိုက်လို
ရှိုက်ငိုခဲ့သော  အနာဂါတ် မှာ
ကွဲအက်ခဲ့တဲ့  အသဲက
တစ်ချပ်တည်း  မဟုတ်ဘူး။

အတ္တကို  ရှေ့တန်းတင်ချင်ရင်
အမှန်တရားကို  အရင်ကြည့်
သမာဓိမရှိတဲ့   ခုံရုံးမှာတော့
ကျွန်တော်  ဘ၀  ဆုံးဖူးတယ်။


အပြည့်အစုံသို့

တမ်းတခြင်း၏ အပိုင်းအစများ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

တိုးတက်ခြင်းဆိုတဲ့ စကားက
အသိတရားကို တံခါး ခေါက်တော့
ကျွန်တော်ရဲ့ နံနက်ခင်းအောက်မှာ
ကြက်တွန်သံတွေ ပျောက်ခဲ့တယ်။

နေမ၀င်ခင် မီးတွေလင်းတော့
ညနေခင်းကလည်း  အကျဉ်းတန်
ကျေးငှက်တို့ အိပ်တန်းအပြန်ကို
ကျွန်တော် မမြင်ရပြန်ဘူး အမေ။

ချမ်းတဲ့အခါ ခြုံရအောင်
နွေခေါင်ခေါင်မှာ ဂွမ်းတွေဖတ်
''မမ''ခတ်ပေးတဲ့ ဖျင်စောင်
အခု သားကိုလှောင်နေတယ်။

မြေနံ့သင်းသင်း နဲ့
လေညှင်းကို ရှူရှိုက်
စပါးခင်း တစ်ဝိုက်က
ရွာရဲ့ စရိုက်ကို လွမ်းတယ်။
 
အမေ သိရဲ့လား...
ရွက်ဖျားမှာ နှင်း တွေသီးရင်
အဖေ တီးတဲ့ မယ်ဒလင် အောက်မှာ
သား သီချင်းတစ်ပုဒ်လောက်  ဆိုချင်တယ်။


အပြည့်အစုံသို့

တိမ်ဝှက် ကြယ်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မတမ်းလိုတော့ပါဘူး
ကမ်းပြိုတဲ့  အိပ်မက် 
လောကရဲ့ အတိမ်အနက်
တိမ်ဝှက်တဲ့  ကြယ်စင်  လို
မဟူရာ  ရင်ကိုထိုးဖေါက်
အနာဂါတ်ကိုတည်ဆောက်ဖို့
ကန္တာရ  ပေါ်လျှောက်တဲ့  ငါ....။ 

မငြင်သာပေမယ့်
ဝင်္ကံပါ  ကိုဟားတိုက်
နေတစ်ရာ  စိုက်တဲ့လွင်ပြင်
ချွေးစက်ကို  အရောင်တင်
သွေးမျှင်တွေနဲ့  ပန်းချီ ရေး
ငါ  ပိုက်ထွေးမယ့်  ကောင်းကင်
ကြယ်စင်တွေ  ယိမ်းက 
သိပ်လှတဲ့  အနာဂတ်
ကန္တာရကို  ဖြတ်ခဲ့တယ်။


အပြည့်အစုံသို့

ဆေးသားပြို၍ ငိုသောတိမ်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခရီးတစ်ထောက်
ရေကြည်သောက်ရာ
ဤမြေမှာကား
ပန်းမျိုးလည်းစုံ
ရဂုံမမည်
ထွေလီသားရဲ
ပျံဝဲ ပိတုံး
ဝတ်ရည်သုံးရန်
သဒ္ဒါဟန်နဲ့
ခြူပြန်ငုံးဖူး
သင် ညွှတ်နူးက
မှားမိပေစွ နှမငယ်။

မည်သို့ဆိုစေ
ထိုထိုမြေမှာ
ဝင့် ဝေအချို့
ကြွေအချို့နှင့်
ဆို့ဆို့မျက်ရည်
လျော့ပြေဆံထုံး
အရှုံးရင်ပိုက်
တိတ်တိတ်ရှိုက်ငို
အိပ်မက်ချိုလည်း   ပြိုခဲ့ပြီ။

အို...နှမငယ်
ငါတို့ရေကြည်
ရှာသောက်မည်ဟု
ခြေဦးတည်စ
ပီသစိတ်ကူး
အိပ်မက်ဖူးလည်း
မြေလူးသက်ကြွေ
ခူးခြွေပိတုံး
ဝတ်ရည်သုံးသူ
ချင့်ချိန်ယူတော့
ကဗျာတကျော့
ဆုံးသည့်အချိန်။


 
 ကဗျာ အဟောင်းလေးပါ
အကြောင်းလေးတွေ တိုက်ဆိုင်လို့ ပြန်တင်မိလိုက်တာ။

အမှန်တော့ နိုင်ငံခြား ဒါမှမဟုတ် မိဘ အုပ်ထိန်းမှု့ဝေးရာ အရပ်မှာရောက်နေကြရသော အမျိုးကောင်းသာ အမျိုးကောင်းသမီးလေးတွေ ဖတ်စေချင်လို့ ပြန်တင်လိုက်တာလို့ ပြောချင်တာပါ အဲသည်လိုပြောလိုက်ရင် တစ်မျိုးတစ်မည်ထင်ကြမှာဆိုးရတယ်မဟုတ်လား ( ဆရာကြီးလား ဟ )ဆိုတာမျိုးပေါ့။


အပြည့်အစုံသို့

စက္ကူပန်းပင်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

သမုဒယ မြေမှာ
တယုတယ ဝေ ပေမယ့်
ခြွေသူမဲ့ ကြွေနွမ်းတော့
အညတရ လမ်းက ပန်းစက္ကူ
ရနံ့ မကြူလို့ ခြူသူမဲ့သလား

မျှော်လင့်ခြင်း ရက်ရှည်မှာ
ပင့်သက်ကို အသာခြွေ
နမ်းသူမဲ့ ဝေ စေလို့
ဘယ်အငြိုးကို ချေသလဲ

အမျက်ရှိသမျှ ပြေစေ
ပွင့်ဖက်အချို့ ထိုမြေမှာ
တိုးတိတ်စွာ ဆုခြွေ.....
ဤအခြေ နဲ့  မဝေပါရစေနဲ့

         အကယ်၍
ပန်းဖြစ်လို့ တပြန်ဝေလျှင်
ကြွေရင်တောင် ကောက်ယူနမ်း
ရနံ့ လွှမ်းသော ခရေ လို
ပန်းတိမ်ငိုလို အဆင်းရှိမှ
တပြန်ဆင်း ပွင့်ပါရစေ။

ကျွန်တော်နေ့တိုင်း လဘက်ရည်သွားသောက်တဲ့ ဆိုင်ရှေ့က
စက္ကူပန်းပင်လေးကိုကြည့်ပြီး လက် ကမြင်းလိုက်မိတာပါ။


အခုရက်တွေမှာ ဘယ်ကိုမှ မလာနိုင်တာလေးကိုတော့
နားလည်ပေးကြပါဗျာ အလုပ်တွေများနေရပါတယ်
နောက်တပတ် လောက်အထိတော့ ဘလောက်ဒ် လည်နိုင်မယ်မထင်းသေးဘူး
ဘလောက်ဒ်ဂါ အပေါင်းကို ကျန်းမာ ချမ်းသာ စေကြောင်းစုတောင်းရင်း
စာလုံးပေါင်းမှားခြင်းကို ပြင်ပေးသွားပါအုံးဗျာ။

ှ
်
ဲ့


အပြည့်အစုံသို့

ခံနိုင်ရည်အားနဲ့ လောကဓံ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

သစ် တစ်ပင်ရဲ့ ခံနိုင်ရည်အားလို
အမြစ်ဖျားမှာ တည်ပြီးတဲ့နောက်
မုန်တိုင်းကိုလည်း မကြောက်တော့ဘူး

ဖြစ်ချင်ရာဖြစ် ပစ်ပေါက်ဖို့
ဘ၀ ဆိုတာကောက်ရခဲ့တာ မဟုတ်ဘူး
ကံကြမ္မာ ကြောင့်မှောက်ကြသွားခဲ့ရင်တောင်
ဒူးထောက်ခြင်း ဆိုတဲ့ ''အတတ်''
ပြန်ထ ဖို့အတွက်ပဲ ''သင်''ခဲ့တာ

လောကဓံ ရေ...............
ကိုးဆယ့်ကိုးယောက်မြောက်
''မင်း''ကို  လက်မြှောက်ပေမယ့်
ငါ မြှောက်မယ့်လက်က
အောင်မြင်ခြင်း အတွက်ပဲ သင်ခဲ့တာ။

 


အပြည့်အစုံသို့