ရာသီယွန်းမှ၊ ငွေကွန်းကခွါ
သံဝါတိုးတိတ်၊ ဘယ်အရိပ်တွင်
ခိုဝင်ချွေးသိပ် နေရှာပြီ ။
ဝေသီစွတ်စို၊ မျက်ဝန်းညိုနှင့်
ငါလည်းသင့်လို၊ ခု တစ်ကိုယ်သာ
ရှောင်ခွါဖယ်ရုန်း၊ သူပစ်မုန်းလို့
ကြွေပြုန်းသည်းဆိုင်၊ ဖြေနိုင်ပါဘဲ
ခွေယိုင်လဲလု၊ လမ်းခုလတ်ပင်
ရေးရေးထင်ထင် မမြင်တော့ ။
ဘယ်တော့မှပင်၊ မကြင်သူကို
နင်ငို ငါလွမ်း၊ ခရီးကြမ်း၌
မွှေးကြူရှိုက်ခွင့်၊ ခါမသင့်၍
တမြည့်မြည့်ကျွမ်း၊ အော်မြည်တမ်းရင်း
ဤသလင်းမှာ မိုးတို့ခါခါစွေခဲ့ပြီ ။
အပြည့်အစုံသို့