(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ကြွေ၍ဝေသည့်အလွမ်း

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မထင်တတ်
ပြင်ရက်စွာတိမ်းပေမယ့်
မောင်စိမ်း၍ မဟုတ်ဘူး ခင်။

နှစ်ချို့တဲ့ရင်ခွင်
တိုးတိတ်စွာ ရှင်စေတော့
ထပ်ဝေကျော့ ဒီအလွမ်းကိုလည်း
ခင်နမ်းဖို့ မောင်မစေ။

သြော်......
မတမ်းသင့်တဲ့ ဒီအခြေမှာ
အလွမ်းတွေရင့်၍ကြွေတိုင်း
မောင့်ရဲ့ ရင်တံတိုင်းမှာတော့
တိမ်ညိုတွေ ဆိုင်းဆဲ ခင်...။


အပြည့်အစုံသို့