ဖုန်ထဲမှာပဲ လူးလူး
ချောင်းနဖူးမှာပဲ အိပ်အိပ်
ခြုံသိပ်ရာမှာပဲ ခိုခှို
ဇာတ်နာအောင် ကျုပ်မငိုဘူး ။
ကျုပ်ကျွမ်းမှ လန်းမည့်ပန်း
ကျုပ်အလွမ်းနဲ့ ချမ်းမည့် မြင်းမိုရ်
ဟောသည့် ပြဿဒါးရက်ကို
ကျုပ်ကြိတ်ကြိတ်ပြီး ချိုပြစ်လိုက်တယ် ။
ထောင်ချင်ထောင် တန်းချင်တန်း
ငရဲထက် ကြမ်းတဲ့ ပြည်အ၀င်
မေးတင်မိတာလည်း ခဏ ခဏ
ဒါပေမယ့်လေ ကျုပ်တံတွေးတွေပဲ မျိုမျိုချနေရတယ် ။
အပြည့်အစုံသို့