မတမ်းလိုတော့ပါဘူး
ကမ်းပြိုတဲ့ အိပ်မက်
လောကရဲ့ အတိမ်အနက်
တိမ်ဝှက်တဲ့ ကြယ်စင် လို
မဟူရာ ရင်ကိုထိုးဖေါက်
အနာဂါတ်ကိုတည်ဆောက်ဖို့
ကန္တာရ ပေါ်လျှောက်တဲ့ ငါ....။
မငြင်သာပေမယ့်
ဝင်္ကံပါ ကိုဟားတိုက်
နေတစ်ရာ စိုက်တဲ့လွင်ပြင်
ချွေးစက်ကို အရောင်တင်
သွေးမျှင်တွေနဲ့ ပန်းချီ ရေး
ငါ ပိုက်ထွေးမယ့် ကောင်းကင်
ကြယ်စင်တွေ ယိမ်းက
သိပ်လှတဲ့ အနာဂတ်
ကန္တာရကို ဖြတ်ခဲ့တယ်။
အပြည့်အစုံသို့