ငရဲပြည် နဲ့ နိဗ္ဗာန်
နေ့ချင်းပြန် ခရီးထွက်
ခင်ဗျားရဲ့ စာမျက်နှာအထက်မှာ
ကြားဖူးသမျှတွေ သိမ်းကျုံးစွပ်လို့
ပြီးမှ အမည်တပ်လိုက်ပါ
ကဗျာ
ဘာလင်တံတိုင်းဘေးမှာ
မိုနာလီဇာ ပုံတူကိုငေး လို့
ဗင်းဆင့် ဗန်ဂိုး အကြေင်းကို တွေးရင်း
နယူတန်ရဲ့ နိယာမ တွေကိုရေးချ
ပြီးမှ နာမည်တပ်လိုက်ပါ
ဆရာ
သဲတစ်ပုံးကို
ကတ္တရာစေးတွေနဲ့ လုံးပြီး
အုန်းကနဲ မြည်အောင်ပစ်ချ
ပြီးရင် ကိုယ့်ဖာသာ နာမည်တပ်ပြလိုက်ပါ
ကဗျာ ၊ ဆရာ........။
အပြည့်အစုံသို့