မြရည်ငယ်စစ်
ရွယ်ဖြိုးသစ်ကြွ
လှစ်ဟသွယ်သွယ်
မင်ခြယ်ပိတုံး
သူ့ပခုံးထက်
ဝိုင်းစက်ကော့ပျံ
ယဉ်ပေ့ဟန်ကိုယ်
နံ့သာချိုနစ်
နွယ်မျိုးစစ်၏....
ခွန်းဆင့်မဆို
မျက်ဝန်းညို၌
ခိုလှိုက်သဒ္ဒါ
ရွှန်ကြည်စွာဝင့်
ထိုပွင့်မာလာ
ခူးခွင့်သာလည်း
သိပ်သည်းအုပ်မိုး
စိုရိုးထိုလက်
မခြောက်အပ်သို့......
သိစေရွယ်ကိုး
နေညိုရိုးမှ
ပြိုကျကဗျာ
ကျွန်ရည်ရာသို့
ဆောင်ယူပို့လော့.......
ဟင်္သာအဆင်း
နွေလည်ခင်းဖန့်
ခင်းဖြန့်ဥယျာဉ်
သူ့ဆံကျင်မှာ
ပန်စေရာပျိုး
နေညိုရိုး မှ
ပျိုးသောကဗျာ........။
အပြည့်အစုံသို့