(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ပိတိလေလား သောကလား

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ငါကားထုံဘိ
နုံလိုက်သည့်ဥာဏ်
မိကိုချန်၍
ကောက်နှံ သစ်ပဲ
တစ်ကောင်တည်းမျို
မိအို ဘယ်သို့ရှိလေပြီ ။

မျက်ဝန်းညိုမှိုင်း
နားတို့ ထိုင်း၍
ခါးကိုင်း နုံချိ
ရှိပေသိ ငြား
ရင်များ လှိုက်ဆူ
ကျွန့်တွက်ပူလို့
နှုတ်ကြူသံပေး
ငါ့သားကလေး  သာပါစ  ။

မာရပါသည်
ခွန်းတုံ့သည်မှ
စီးကျရှာ သည်
ထို မျက်ရည်ကား
ပီတိ လေလား  သောကလား   ။


အပြည့်အစုံသို့