(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဆေးသားပြို၍ ငိုသောတိမ်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခရီးတစ်ထောက်
ရေကြည်သောက်ရာ
ဤမြေမှာကား
ပန်းမျိုးလည်းစုံ
ရဂုံမမည်
ထွေလီသားရဲ
ပျံဝဲ ပိတုံး
ဝတ်ရည်သုံးရန်
သဒ္ဒါဟန်နဲ့
ခြူပြန်ငုံးဖူး
သင် ညွှတ်နူးက
မှားမိပေစွ နှမငယ်။

မည်သို့ဆိုစေ
ထိုထိုမြေမှာ
ဝင့် ဝေအချို့
ကြွေအချို့နှင့်
ဆို့ဆို့မျက်ရည်
လျော့ပြေဆံထုံး
အရှုံးရင်ပိုက်
တိတ်တိတ်ရှိုက်ငို
အိပ်မက်ချိုလည်း   ပြိုခဲ့ပြီ။

အို...နှမငယ်
ငါတို့ရေကြည်
ရှာသောက်မည်ဟု
ခြေဦးတည်စ
ပီသစိတ်ကူး
အိပ်မက်ဖူးလည်း
မြေလူးသက်ကြွေ
ခူးခြွေပိတုံး
ဝတ်ရည်သုံးသူ
ချင့်ချိန်ယူတော့
ကဗျာတကျော့
ဆုံးသည့်အချိန်။


 
 ကဗျာ အဟောင်းလေးပါ
အကြောင်းလေးတွေ တိုက်ဆိုင်လို့ ပြန်တင်မိလိုက်တာ။

အမှန်တော့ နိုင်ငံခြား ဒါမှမဟုတ် မိဘ အုပ်ထိန်းမှု့ဝေးရာ အရပ်မှာရောက်နေကြရသော အမျိုးကောင်းသာ အမျိုးကောင်းသမီးလေးတွေ ဖတ်စေချင်လို့ ပြန်တင်လိုက်တာလို့ ပြောချင်တာပါ အဲသည်လိုပြောလိုက်ရင် တစ်မျိုးတစ်မည်ထင်ကြမှာဆိုးရတယ်မဟုတ်လား ( ဆရာကြီးလား ဟ )ဆိုတာမျိုးပေါ့။


အပြည့်အစုံသို့