ပန်ချင်လျှင်ခူး
ပွင့်ဦးထိုထို
မြညှာညို ၀ယ်
ခိုတွယ်ယိမ်းနွဲ့
ကေသာလဲ့စို
တစ်ပတ်လျှိုတွင်
ဖွဖွဆင်ဖို့ မောင်ဖူး၏ ။
ရှူ့မိအာရုံ
ခွင့်မကြုံ၍
ဘယ်ပုံဘယ်ပန်း
ညချမ်းရည် ညို
စကားဆိုစဉ်
ခင့်ရင် ဘယ်သို့ရှိလေပြီ ။
တုန်ရီမောဟိုက်
ရင်တွင်းလှိုက်ဖို
သိစေလိုလျှက်
အဆိုခက်၍
သက်ငွေ့ ဖွဖွ
အသာချကာ
သည်နေ့တာတို့ ရှည်ရပြီ ။
ရည်စူးစိတ်သန်
ပင်တိုင်စံနှယ်
မာန်စွယ် ၀င့်ဝင့်
ဒဏ်တို့သင့်ငြား
မျက်ထားမငြို
ခင့်အလိုသာ
ဖယ်ခွါရှောင်ပုန်း
ခရီးဆုံးထိ
ကြော့ဆုံးဘယ်သို့ ရှိမည်နည်း ။
အပြည့်အစုံသို့