(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

အဆွေ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဒီကမ်းပြာကြည်
သာစည်ပါလျက်
တရပ်တကျေး
ဟို အဝေးနယ်
စွန့်ပယ်ခွါကြ
ရင်နာ လှပြီ....။

ဘယ်ဆီဆုံရက်
ချိုးရေတွက်လည်း
နက်နဲတစ်ထွာ
သည်ဝမ်းဟာ၍
လွမ်းငွေ့ကိုယ်စီ 
တောက်လောင်သည်သာ
သဟာအဆွေ ခွဲရချေပြီ
ကြိုမည်အသော့ ပြန်လာချိန် ။
  
နေရှိန်ပူပြင်း
ဤသလင်း ဝ
မိုးပြမှိုင်းမှိုင်း
တောတိုင်းစိမ်းစို
ကောက်နှံပျို နှင့်
အသွင်တင့်က
သာစွဌာနေ
ကျွန့််နေပြည်ကို
ဝင်ခိုမှေးစက်
သင် ချွေးသတ်စေ
အဆွေ ဤသို့မျှော်သေး၏ ။


 ကိုလွင်ပြင် နှင့် မစံပယ်ချို တို့ အတွက်
 အမှတ်တရပါ  နောင်တစ်ချိန်မှာ တော့
ကျွန်တော်တို့တစ်တွေ ပြန်လည် ဆုံစည်းနိုင်ဖို့
မျှော်လင့်နေရင်း...................................။




အပြည့်အစုံသို့