(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

အလွမ်းဖြင့်ရုံသော

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဥသြတစ်ကိုယ်
ခွန်းဆိုသံဝါ
ခိုကာနားစက်
ရော်ရွက်သက်ကြွေ
ဤတစ်နွေဆို
ရွာအိုဘယ်သို့ ရှိမည်နည်း။

မိုးရူးလေထန်
ဒေါသမာန်ဝင့်
ပျံလွင့်ကာချီ
ရာသီနွေနှောင်း
ဖက်ဆွတ်လောင်းချ
ပြောင်းရတဖုံ
မြသွေးရုံမှာ
ပျိုးခုံဘယ်ပုံ သာမည်နည်း။

မမြင်ရက်ကြာ
ကျွန်ရွက်ဝါငယ်
သာစေရွယ်ရင်း
ငွေနှင်းလည်းကုန်
လူလည်းထုံပြီ
အလွမ်းဖြင့်ရုံသော သည်ရက်ရှည်။


အပြည့်အစုံသို့