ခပ်ယိုင်ယိုင် အသည်းဆိုင်နဲ့
အတ္တကို လွန်ပြိုင်ဆွဲ
မျက်ရည်ရွှဲစို တိမ်မဲညိုတို့
ဝေဒနာကို ဖြိုလေသလား
ကိုယ် မငိုခဲ့ဘူး (.......)
မနိုင့်တနိုင် ၀န်ဆိုင်တွေနဲ့
လှေတစ်စင်းရဲ့ ပဲ့ကိုင်ရှင်
လှိုင်းထန်တဲ့ ပင်လယ်ပြင်မှာ
မုန်တိုင်းကို တစ်ပြန်ယှဉ်လို့
ကမ်းရိုးတန်းကို အမှန်မြင်မှ
လရောင်စဉ်ကို ရှိုက်နမ်းမယ်
သခင်လှမ်းမှ ကမ်းဖြစ်စေ ။
ပျက်သွားသော ဘလောဒ့်ထဲက ကဗျာတစ်ပုဒ် အခုမှ အတွေးထဲမှာ ဖြုန်ဆို ပြန်ပေါ်လာလို့
သတိရတုန်း ပြန်တင်လိုက်တာ ခေါင်းစဉ်တောင် မေ့နေတယ်။
ဟိုတလောတုန်းက သူကြီးမင်း ( ကိုကိုမောင် ပန်းရနံ့ )က အစရှာပေးထားတဲ့ ကဗျာလေးကလည်း ကိုယ့်ဖာသာ ဆိုရင်းရွတ်ရင်း သတိရလာတယ် ဒါပေမယ့်လို့ တစ်ပိုဒ်လိုနေသေးလို့ တင်မရဘူး။
အဲဒီနေ့က သူကြီးမင်းက အရင်ရွတ်ပြတာ ဒီလိုလေး
( ပိတောက်မရှိတဲ့ မြေမှာ ကိုယ်နွေမဖြစ်ချင်ဘူး )
သူကအဲလိုရွတ်ပြတော့မှ ကျွန်တော်က လိုက်ရွတ်ကြည့်လိုက်တာ ဒီလောက်ရောက်သွားတယ်
( မိုးဦးည ရင်ခွင်မှာ စံပယ်တွေ ခိုဝင်ဘူးတာဘဲ နှင်းစက်တို့ကြောင့် သဇင်မကြွေရင် ပိတောက်မရှိတဲ့ မြေမှာ ကိုယ်နွေ မဖြစ်ချင်ဘူး ခင် )အခု ပြန်အမှတ်ရသလောက် ဆက်ရေးမယ်နော်
အိုအေစစ်ကို တည်ဆောက်ဖို့
ဂန္ထ၀င်မြောက် အနမ်းတစ်ရှိုက်
ချိုမြိန်စွာ ထွေးပိုက်ခွင့်
ခုံမင်သင့်ခဲ့ သလား..........
မိုးဦးည ရင်ခွင်မှာ
စံပယ်တွေ ခိုဝင်ဘူးတာပဲ
နှင်းစက်တို့ကြောင့်
သဇင်မကြွေ ရင်
ပိတောက်မရှိတဲ့မြေမှာ
ကိုယ် နွေမဖြစ်ချင် ဘူး ခင်...။
ကျန်နေသော အပိုဒ်က အပေါ်ဆုံး အပိုဒ်ပါ ဘယ်တော့မှ အတွေးထဲမှာ ပြန်ပေါ်မလဲ မသိသေးဘူး ။
အိုအေစစ်ကို တည်ဆောက်ဖို့
ဂန္ထ၀င်မြောက် အနမ်းတစ်ရှိုက်
ချိုမြိန်စွာ ထွေးပိုက်ခွင့်
ခုံမင်သင့်ခဲ့ သလား..........
မိုးဦးည ရင်ခွင်မှာ
စံပယ်တွေ ခိုဝင်ဘူးတာပဲ
နှင်းစက်တို့ကြောင့်
သဇင်မကြွေ ရင်
ပိတောက်မရှိတဲ့မြေမှာ
ကိုယ် နွေမဖြစ်ချင် ဘူး ခင်...။
ကျန်နေသော အပိုဒ်က အပေါ်ဆုံး အပိုဒ်ပါ ဘယ်တော့မှ အတွေးထဲမှာ ပြန်ပေါ်မလဲ မသိသေးဘူး ။
အပြည့်အစုံသို့