ရေကြည်လည်း ခန်း
လူလည်းနွမ်း ၍
ခြေလှမ်းယဲ့ ပြို
နေလည်းညိုပြီ
ငို...ရယ်...မဲ့...ပြုံး
ခရီးသုံး တန်
ဒုတိယံ ၌
ဦးစိုက်ကန်ရုန်း
နွားတို့ရှုံးရာ
ပုံပမာချ
ကာလက မှောင်
ခွက်ပြောင်သလင်း
လူ့အတင်းက
မလှဆိုး နိုး
ခိုနိုး မရှိ
မျက်စေ့နှင့် ကြား
နားများက မြင်
အရွတ်ထင်ကျန်
ရင်ကိုလှန်သော စာမျက်နှာ
နောင်ခါဘယ်သို့
လေးတစ်ညှို့မျှ
တွေးစမမျှော်
ကြွေသော်မြေသက်
ထိုရက်မတိုင်
တက်ကို ကိုင်၍
ဦးဆိုင်ထိုးခွင်း
ခရီးပြင်းသော သမုဒ္ဒရာ။
အပြည့်အစုံသို့