လောကကို အုပ်စိုးဖို့
တိမ်တစ်ဆုပ် ပျိုးခဲ့တဲ့ ကောင်းကင်
အထိန်းအကွပ်မဲ့ ပျော်ဝင်တော့
ကျွန်တော့်ရင်ခွင် မဟုတ်ခဲ့ဘူး
''စည်း''ပျောက်သွားတဲ့နောက်
''၀ါး'' နဲ့ထောာက်ခဲ့တဲ့ လင်္ကာ
ဂန္ထ၀င်မတွင်ရှာတော့
ဟို စင်ပေါ်မှာဘဲ ထားလိုက်တယ်
အခုတော့
ဆေးလိပ်တစ်ရှိုက်
အရက်တစ်ကျိုက်နဲ့
ည ခါးခါးတွေကို ထွေးပိုက်ဖို့
ကျွန်တော် နှစ်ခြိုက်တတ်ခဲ့ပြီ။
အပြည့်အစုံသို့