(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ကမ္ဘာမြေရဲ့ တစ်နေရာဆီ သို့...

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဆွတ်ပျံ့လွတ်မောဖွယ်ရာ စကားတွေ ဆိုရင်း
အရုဏ်ကျင်းသွားတဲ့ အဲဒီ ညက
သူမရဲ့ အသက်ရှူသံဖွဖွကို  ကျနော်လွမ်းတယ်  ။

လရောင်ကိုသယ်လာသော   လေပြေ
ဘယ်ပန်းကိုမှ       မခြွေခဲ့ဘူး 
နှုတ်ခမ်းနီ မစွန်းဘူးသော ဒီ ပခုံးကို 
သူမ အတွက်ဘဲ သုံးပါရစေ   ။

အသားမာတတ်နေသော ရင်စုံ
ကြိုးကုန်နေပြီးဖြစ်သော စောင်းတစ်လက်
ကျနော်     မတီးခတ်ရက်တော့ဘူး
ဒီ ကဗျာကို ဖတ်ခွင့်ရတဲ့အခါ  ကြည်နူးပါ   ။

မွတ်သိပ်စွာ နှောင်ဖွဲ့တည်ပါသော   ချစ်ခြင်း  ။

အပြစ်ကင်းခဲ့ ပါသော   တမ်းတမှု့   ။

တပ်မက်မှု့ မပါခဲ့ပါသော   လွမ်းဆွတ်ခြင်း   ။

တင်းရင်းစွာစေ့ပိတ်ခဲ့ပါသော   နှုတ်ခမ်း တစ်စုံ   ။

တဆက်ဆက်တုန်နေခဲ့ပါသော    နှလုံးသား    ။

ဒီအပြာရောင် ရစ်သမ်းများကို ဖမ်းဆုပ်မိတဲ့  အခါ
သူမ 
ကြည်နူးပါစေ.......ပျော်ရွှင်ပါစေ.......နွေးထွေးပါစေ......
ကမ္ဘာမြေရဲ့      တစ်နေရာဆီ  သို့ .....။   


အပြည့်အစုံသို့