(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဆူး

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဝ မရှိတဲ့ဘောင်ကို
ထဆင်ထူးထောင်ပြီး ၀ိ လုပ်ဖို့
ကိုယ့်ဖာသာလက်ကုတ်ထလိုက်တယ်


လုံးသလိုလို ပြားသလိုလို
ကျွန်တော့်ဘ၀လို ကမ္ဘာကြီးက
မှုတ်ထုတ်ခွင့် မရတဲ့ သက်ပြင်း
ကိုယ့်ဆန္ဒကိုယ် ချနင်းလို့
သိတတ်ခြင်း သင်္ကေတ တွေက
နှလုံးသားကို အလဲထိုးထိုးချသွားတော့....


သမုဒယကြောင့် ကြိုးလျော့ရတဲ့ အတ္တ
အသားမာ ဗလပွနဲ့
သားသတ်ကုန်းအ၀က နွားတစ်ကောင်လို
လည်ပြန်စောင်တဲ့အကြည့် ဘာတွေရှိခဲ့မလဲ

ကြေကွဲမှု့ ရက်ရှည်ထဲမှာ
လွင့်ဝဲနေစဲ လိပ်ပြာ
ထိမ်းချုပ်ခွင့် မသာခဲ့ပြန်ဘူး

အနက်ရှိုင်းဆုံးဆူးဖူးတာပေါ့
ထပ်ကျော့ခွင့် အရှိတဲ့အလွမ်း
လေသရမ်းလို့ဘဲကြွေကြွေ
နွေခြွေ့လို့ဘဲ နွမ်းနွမ်း
ကျွန်တော့်အလွမ်းတွေနဲ့
လန်းစေ့ချင်သေးတယ်။


အပြည့်အစုံသို့