(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဆု

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

တိမ်ညိုတွေငိုကာ မှ
စိုခွင့်ရမယ့် ဒီမြေလည်း
ကွဲအက်ခါနေပါစေတော့  ။

 ငွေကြယ်တွေ အရောင်ကြွဖို့
မှောင်ပြရတဲ့ သန်းခေါင်လို
ကောင်းကင်ညိုလို့ မငိုတော့ဘူး  ။

ပန်ခဲ့ဘူးသော  သစ္စာကြောင့်
ဆုတစ်ခုအဖြစ် မြှောက်ခဲ့ရင်
ကိုယ်တိုင်ချူဆင်ခွင့်   ရမှ
ပန်းလှလှကို  မြင်ပါရစေ ။


9 မှတ်ချက်:

  1. Yoemyaykya Says:

    ကဗျာလေးက တိုတိုကျစ်ကျစ်လေးနဲ့ သိပ်သည်းတယ်။ ပန်းလှလှမြင်ခွင့်ရပါစေ။

  1. ကြည်ဖြူခင်ခင် Says:

    တောင်းတဲ့ ဆုလေး ပြည့်ပါစေတော့.. :)

  1. Candy Says:

    မိုက်တယ်... လေးနက်တဲ့ ဆုလေး...

    ကဗျာအသစ်မတင်လို့ လာကလော်တုတ်မလို့ရှိသေးတယ် ဒင်းကံကောင်းသွားတယ် ဟဟဟ xD

  1. မြတ်ပန်းနွယ် (Myat Pan Nwe) Says:

    ဆု ကဗျာလေးကို မြတ်နှစ်သက်လိုက်တာလေ။

  1. ဘုန်းတောက် Says:

    ဧတေန သစ္စ၀ဇ္ဇေန ဤမှန်ကန်သော သစ္စာစကားကြောင့်...ပန်းလှလှလေး မြင်ခွင့်ရပါစေသား...
    ချမ်းမြေ့ပျော်ရွှင်ပါစေ

  1. သူကြီးမင်း Says:

    ကဧရာ...
    ဒီကဗျာ ဖတ်ရတာ အတော်လေး အရသာ တွေ့သွားတယ်။ တွေးခေါ်ယူဆပြီး နူးညံ့စွာ တင်ပြထားမှုလေးက တစ်မျိုးတစ်ဖုံ သိင်္ဂါရရသ အသွင် ဆောင်နေလေရဲ့။
    အော်...
    ကဧရာတစ်ယောက် ကဗျာဆရာကြီး လုံးလုံး ဖြစ်ချေလေပြီကော။

  1. Aunty Tint Says:

    မင်းဧရာရဲ့ ကဗျာလှလှလေးတွေ ပြန်ဖတ်မိတော့ အားကျပေါ့ ... ကဗျာစပ်နည်းတပည့်ခံအုံးမှ :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. စံပယ်ချို Says:

    သတိတရရှိလဲ မအားတာမို့ပါနော် ခုတော့ရောက်ဖြစ်တယ်ဖတ်လဲဖတ်ရပါပြီ.....ရေးသားလုံးဝမကျပါ

  1. ဟန်ကြည် Says:

    အဲဒါပြောတာပေါ့...ဧရာတို့က ရေးလိုက်ရင် နုနုနွဲ့နွဲ့လေးတွေချည်းပဲလို့း)

    ကဗျာလေး အတော်ကောင်းတယ်...နရီမှန်လွန်းလို့ သဘောကျလိုက်လေခြင်း...