တိမ်ညိုတွေငိုကာ မှ
စိုခွင့်ရမယ့် ဒီမြေလည်း
ကွဲအက်ခါနေပါစေတော့ ။
စိုခွင့်ရမယ့် ဒီမြေလည်း
ကွဲအက်ခါနေပါစေတော့ ။
ငွေကြယ်တွေ အရောင်ကြွဖို့
မှောင်ပြရတဲ့ သန်းခေါင်လို
ကောင်းကင်ညိုလို့ မငိုတော့ဘူး ။
မှောင်ပြရတဲ့ သန်းခေါင်လို
ကောင်းကင်ညိုလို့ မငိုတော့ဘူး ။
ပန်ခဲ့ဘူးသော သစ္စာကြောင့်
ဆုတစ်ခုအဖြစ် မြှောက်ခဲ့ရင်
ကိုယ်တိုင်ချူဆင်ခွင့် ရမှ
ပန်းလှလှကို မြင်ပါရစေ ။
ဆုတစ်ခုအဖြစ် မြှောက်ခဲ့ရင်
ကိုယ်တိုင်ချူဆင်ခွင့် ရမှ
ပန်းလှလှကို မြင်ပါရစေ ။
14 July 2013 at 23:07
ကဗျာလေးက တိုတိုကျစ်ကျစ်လေးနဲ့ သိပ်သည်းတယ်။ ပန်းလှလှမြင်ခွင့်ရပါစေ။
15 July 2013 at 02:04
တောင်းတဲ့ ဆုလေး ပြည့်ပါစေတော့.. :)
15 July 2013 at 06:40
မိုက်တယ်... လေးနက်တဲ့ ဆုလေး...
ကဗျာအသစ်မတင်လို့ လာကလော်တုတ်မလို့ရှိသေးတယ် ဒင်းကံကောင်းသွားတယ် ဟဟဟ xD
15 July 2013 at 19:37
ဆု ကဗျာလေးကို မြတ်နှစ်သက်လိုက်တာလေ။
17 July 2013 at 09:05
ဧတေန သစ္စ၀ဇ္ဇေန ဤမှန်ကန်သော သစ္စာစကားကြောင့်...ပန်းလှလှလေး မြင်ခွင့်ရပါစေသား...
ချမ်းမြေ့ပျော်ရွှင်ပါစေ
19 July 2013 at 03:27
ကဧရာ...
ဒီကဗျာ ဖတ်ရတာ အတော်လေး အရသာ တွေ့သွားတယ်။ တွေးခေါ်ယူဆပြီး နူးညံ့စွာ တင်ပြထားမှုလေးက တစ်မျိုးတစ်ဖုံ သိင်္ဂါရရသ အသွင် ဆောင်နေလေရဲ့။
အော်...
ကဧရာတစ်ယောက် ကဗျာဆရာကြီး လုံးလုံး ဖြစ်ချေလေပြီကော။
21 July 2013 at 03:41
မင်းဧရာရဲ့ ကဗျာလှလှလေးတွေ ပြန်ဖတ်မိတော့ အားကျပေါ့ ... ကဗျာစပ်နည်းတပည့်ခံအုံးမှ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
21 July 2013 at 17:04
သတိတရရှိလဲ မအားတာမို့ပါနော် ခုတော့ရောက်ဖြစ်တယ်ဖတ်လဲဖတ်ရပါပြီ.....ရေးသားလုံးဝမကျပါ
22 July 2013 at 23:08
အဲဒါပြောတာပေါ့...ဧရာတို့က ရေးလိုက်ရင် နုနုနွဲ့နွဲ့လေးတွေချည်းပဲလို့း)
ကဗျာလေး အတော်ကောင်းတယ်...နရီမှန်လွန်းလို့ သဘောကျလိုက်လေခြင်း...