(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ခင်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

 ဟောဒီ မျက်ရည်စက်က
သမုဒယ လို့ဆိုခဲ့ရင်
မောင် ခေါင်းခါဖို့ မပြင်ဘူး
 ငွေကြယ်တွေ ဖူးဖို့
ညဦးက မှောင်ရရင်
အဲဒီ ရင်ပြင်က သောက
မောင်ဖွဖွလေး သိမ်းထားမယ် ။

ဘယ်တော့မှ မပြယ်သော ရနံ့
ခင်းဖြန့်ထားတဲ့ မြေလွှာ
ကြွေရဲမှ  ဝေ ပါခင် ။

လွင့်စင်သွား သော မျက်ရည်စက်
ခွင်းထွက်သွားတဲ့ နှလုံးသား
နှစ်သိပ့်ဖို့ကြိုးစား ရင်း
သမုဒယ နံနက်ခင်း မှာ
ချစ်ခြင်းတို့ ဝေခဲ့ပြီ
သစ္စာ တရားနဲ့ချည်သော ကြိုး
ခပ်တိုးတိုးလေး ရိုက်ခတ်
အဝေးဆုံးထိ ခရီးဆက်မယ်  ။


အပြည့်အစုံသို့