သမုဒယ မြေမှာ
တယုတယ ဝေ ပေမယ့်
ခြွေသူမဲ့ ကြွေနွမ်းတော့
အညတရ လမ်းက ပန်းစက္ကူ
ရနံ့ မကြူလို့ ခြူသူမဲ့သလား
မျှော်လင့်ခြင်း ရက်ရှည်မှာ
ပင့်သက်ကို အသာခြွေ
နမ်းသူမဲ့ ဝေ စေလို့
ဘယ်အငြိုးကို ချေသလဲ
အမျက်ရှိသမျှ ပြေစေ
ပွင့်ဖက်အချို့ ထိုမြေမှာ
တိုးတိတ်စွာ ဆုခြွေ.....
ဤအခြေ နဲ့ မဝေပါရစေနဲ့
အကယ်၍
ပန်းဖြစ်လို့ တပြန်ဝေလျှင်
ကြွေရင်တောင် ကောက်ယူနမ်း
ရနံ့ လွှမ်းသော ခရေ လို
ပန်းတိမ်ငိုလို အဆင်းရှိမှ
တပြန်ဆင်း ပွင့်ပါရစေ။
ကျွန်တော်နေ့တိုင်း လဘက်ရည်သွားသောက်တဲ့ ဆိုင်ရှေ့က
စက္ကူပန်းပင်လေးကိုကြည့်ပြီး လက် ကမြင်းလိုက်မိတာပါ။
အခုရက်တွေမှာ ဘယ်ကိုမှ မလာနိုင်တာလေးကိုတော့
နားလည်ပေးကြပါဗျာ အလုပ်တွေများနေရပါတယ်
နောက်တပတ် လောက်အထိတော့ ဘလောက်ဒ် လည်နိုင်မယ်မထင်းသေးဘူး
ဘလောက်ဒ်ဂါ အပေါင်းကို ကျန်းမာ ချမ်းသာ စေကြောင်းစုတောင်းရင်း
စာလုံးပေါင်းမှားခြင်းကို ပြင်ပေးသွားပါအုံးဗျာ။
ှ
်
ဲ့
အပြည့်အစုံသို့