(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဆေးသားပြို၍ ငိုသောတိမ်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခရီးတစ်ထောက်
ရေကြည်သောက်ရာ
ဤမြေမှာကား
ပန်းမျိုးလည်းစုံ
ရဂုံမမည်
ထွေလီသားရဲ
ပျံဝဲ ပိတုံး
ဝတ်ရည်သုံးရန်
သဒ္ဒါဟန်နဲ့
ခြူပြန်ငုံးဖူး
သင် ညွှတ်နူးက
မှားမိပေစွ နှမငယ်။

မည်သို့ဆိုစေ
ထိုထိုမြေမှာ
ဝင့် ဝေအချို့
ကြွေအချို့နှင့်
ဆို့ဆို့မျက်ရည်
လျော့ပြေဆံထုံး
အရှုံးရင်ပိုက်
တိတ်တိတ်ရှိုက်ငို
အိပ်မက်ချိုလည်း   ပြိုခဲ့ပြီ။

အို...နှမငယ်
ငါတို့ရေကြည်
ရှာသောက်မည်ဟု
ခြေဦးတည်စ
ပီသစိတ်ကူး
အိပ်မက်ဖူးလည်း
မြေလူးသက်ကြွေ
ခူးခြွေပိတုံး
ဝတ်ရည်သုံးသူ
ချင့်ချိန်ယူတော့
ကဗျာတကျော့
ဆုံးသည့်အချိန်။


 
 ကဗျာ အဟောင်းလေးပါ
အကြောင်းလေးတွေ တိုက်ဆိုင်လို့ ပြန်တင်မိလိုက်တာ။

အမှန်တော့ နိုင်ငံခြား ဒါမှမဟုတ် မိဘ အုပ်ထိန်းမှု့ဝေးရာ အရပ်မှာရောက်နေကြရသော အမျိုးကောင်းသာ အမျိုးကောင်းသမီးလေးတွေ ဖတ်စေချင်လို့ ပြန်တင်လိုက်တာလို့ ပြောချင်တာပါ အဲသည်လိုပြောလိုက်ရင် တစ်မျိုးတစ်မည်ထင်ကြမှာဆိုးရတယ်မဟုတ်လား ( ဆရာကြီးလား ဟ )ဆိုတာမျိုးပေါ့။


17 မှတ်ချက်:

  1. နွေတေးရှင် (မင်းဧရာ) Says:

    (သဓါ)လို့ရေးရတာအဆင်မပြေလို့ဗျာ
    ဖြစ်သလိုဘဲရေးလိုက်ရတယ်
    အလုပ်တွေများနေတာကြောင့်
    ဘယ်ကိုမှမလာနိုင်တာကို နားလည်းကြပါဗျာ
    နောက်နေ့များဆို လာနိုင်တော့မှာပါ။

  1. Anonymous Says:

    ကောင်းလိုက်တဲ.ကဗျာလေးဗျာ..
    အားပေးလျှက်..

  1. Angelhlaing(May everybody be happy and healthy! Says:

    လှလိုက်တဲ့ ကဗျာလေးပဲ မောင်လေးရေ..
    ခံစားအားပေးလျှက်..

  1. Han Kyi Says:

    မရေးတာကြာနေပြီဖြစ်ပေမယ့် အရင်လက်အတိုင်းပါပဲ...“ ချူပြန်ငုံဖူး ” တစ်ခုတော့ သတ်ပုံမျက်စိလျှမ်းသွားတာ တွေ့ပါတယ်...သိမ်သိမ်မွေ့မွေ့သိုသိုဝှက်ဝှက် ကဗျာလေးမို့ သုံးခေါက်လောက်ဖတ်ပြီး ကျကျနနတွေးရင်း ခံစားလိုက်ရတယ်...

    အဆင်ပြေချောမွေ့ပါစေဗျား...

  1. နွေတေးရှင် (မင်းဧရာ) Says:

    ကျွန်တော်ပြင်လိုက်ပါပြီ ဆရာ...
    ပြောပြပေးခဲ့လို့ ကျေးဇူးအထူးပါဗျာ။

  1. Candy Says:

    ဒီလို ကဗျာမျိုးလေးတွေ ဖတ်ရတာ ပျော်တယ်.. :D

  1. Unknown Says:
    This comment has been removed by the author.
  1. Unknown Says:

    ဂွတ်တယ်ဗျာ
    ခေတ်သစ် ကဗျာဆရာကြီးမင်းသုဝန်လား
    အောင်းမေ့ရတယ် သေချာဖတ်မှ
    အဓိပ္ပါယ် ကို ရှီနေတာပဲ
    လေးစားခင်မင်လျှက်
    (ဒုတိယ)

  1. ပဥာက် Says:

    ကောင်းပါ့..ဘကြီးမှုံတို့ဆေးတံခဲပုံများ

  1. ဆူးသစ် Says:

    http://www.sagarwarmyae.info/index.php?option=com_content&view=article&id=2811:2011-07-15-09-53-24&catid=519:2011-05-03-09-43-16&Itemid=89#comments

    ညီလေးရေ-အဲဒီလင့်လေးဖတ်ကြည့်ပါ။ နားထောင်ကြည့်ပါ။ သိပြီးသားလားတော့ မသိပါဘူး။ ညီလေးအတွက် အကျိုးရှိမှာပါ။

  1. ဆူးသစ် Says:

    ခရီးတစ်ထောက်
    ရေကြည်သောက်ရာ
    ဤမြေမှာကား
    ပန်းမျိုးလည်းစုံ

    ဆိုတဲ့စာပိုဒ်မှာ အပေါ်ကဆင်းလာတဲ့ကာရန်တွေက ထောက်နဲ့ သောက်။ ရာ နဲ့ မှာ အထိမှန်ပေမယ့်
    ဤမြေမှာကား
    ပန်းမျိုးလည်းစုံ

    မှာ ကာရန်ပျောက်နေတယ် ညီလေးရေ။ လေးလုံးစပ်ဆို ကာရန် ချိတ်တာကို သတိထားစေချင်တယ်။

    နောက်တစ်ခုက ညီလေးကို ပြောမယ်ဆိုတဲ့ဟာ။ Poetic Licence ဆိုတာဘာလဲ ဆိုတာပါ။

  1. ဆူးသစ် Says:

    တစ်ခါတုန်းက ဆရာဇော်ဂျီနဲ့ဆရာမင်းသုဝဏ်တို့ဆုံကြတယ်။ အဲဒီမှာ ဆရာမင်းသုဝဏ်ရဲ့ကဗျာတစ်ပုဒ်မှာ

    ဒိုးယိုစီးတဲ့ နဒီတွင်း
    သမင် ရေသောက်ဆင်း

    ဆိုတာပါတယ်။ နဒီဆိုတာ မြစ်ဖြစ်လို့ မြစ်ဆိုတာကွေ့ကောက်စီးရတယ်ဆိုပြီး ဘာဖြစ်လို့ ဒိုးယို(တည့်)စီးတာလဲပေါ့။ အဲဒီမှာ ဆရာဇော်ဂျီက အဲဒါကိုက ကဗျာဆရာရဲ့ အခွင့်အရေးပါတဲ့။ Poetic Licence လို့ခေါ်တယ်။ ဆရာမင်းသုဝဏ်က အပေါ်က အို ကာရန်နဲ့ ညိုတို့၊ ဆို တို့နဲ့ဆင်းလာတော့ ယိုကိုယူဖို့ မြစ်ကို ဒိုးယိုစီးခိုင်းလိုက်တာလေ။

    တစ်ခါက လျှောင်း နဲ့ လျှောင် ကို ညီလေးကဗျာအတွက်ဆွေးနွေးရင်း ပြောဖြစ်တာလေ။ ညီလေးက လျှောင်လို့သုံးလို့ မရှိဘူးလို့ ပြောခဲ့ကြတယ်။ ကိုဟန်ကြည်ပါ ပါတယ်ထင်တယ်။ အဲဒီတော့ Poetic Licence အရတော့ သုံးလို့ရတယ်လို့ ဆိုရမယ်ထင်တယ်။ ဒါပေမဲ့ ကာရန်တော့မလွတ်စေနဲ့နော်ညီလေး။

    ညီလေးရေ-မင်းမေးလ်တော့မပေးနဲ့တော့။ အစ်ကိုလည်း အချိန်ရရင်အဆင်ပြေမယ်ဆို ဒီလိုပြောပြပါမယ်။ အစ်ကိုသိတာတွေ ရှယ်တဲ့သဘောပေါ့။ ဆရာလုပ်တာတော့မဟုတ်ပါဘူး။ မင်းမေးလ်ပေးရင်အလုပ်ခံနေရဦးမယ်။ ကျန်တဲ့သူတွေသိချင်ရင် ရှယ်လိုက်ပါဦး။

  1. ဆူးသစ် Says:

    ညီလေးရေ-ဒီစာတွေအားလုံးကို နှစ်ခေါက်ပြန်ရိုက်လိုက်ရပါတယ်။ စာရိုက်နေရင်း လက်ကမထင်ရင်ဘာမှန်းမသိအောင်မြန်သွားလို့ ယောင်ပြီးဘယ်ခလုတ်ကိုနှိပ်မိမှန်းမသိပါဘူး။ ပြီးခါနီးမှအားလုံးပါသွားပါတယ်။

  1. သူကြီးမင်း (တုံးဖလား) Says:

    နုနုရွရွလေးတွေ ကောင်းတယ်။ ကဗျာရက်သန်လေးတွေကို လေး သုံး နှစ် ယူပြီး ရေးနိုင်ရင် ပိုပြီး ပြည့်စုံကောင်းမယ်လိမ့်မယ်။ အခု မကောင်းဘူး မဟုတ်ဘူး။ ကောင်းတယ်။ ကြိုက်တယ်။

    ခင်မင်လျှက်

  1. မဒမ်ကိုး Says:

    ကဗျာ လေးက ကောင်းလိုက်တာ .

  1. ပဥာက် Says:

    ဘကြီးမုံတို့များ ရွှာများပြန်လေသလားထင်ရပါ့..ဆေးတံခဲပြီးလေးသံမကြား၇တာခုမှပဲတေးသံကြား၇တောပတယ်

  1. မောင်သီဟ Says:

    ခေတ်လူငယ်တစ်ယောက်ရေးတဲ့ မြန်မာကဗျာကို နှစ်သက်စွာနဲ့ဖတ်သွားတယ် ညီ
    ကြိုက်တယ် ကဗျာကိုပြောတာ