မတမ်းလိုတော့ပါဘူး
ကမ်းပြိုတဲ့ အိပ်မက်
လောကရဲ့ အတိမ်အနက်
တိမ်ဝှက်တဲ့ ကြယ်စင် လို
မဟူရာ ရင်ကိုထိုးဖေါက်
အနာဂါတ်ကိုတည်ဆောက်ဖို့
ကန္တာရ ပေါ်လျှောက်တဲ့ ငါ....။
မငြင်သာပေမယ့်
ဝင်္ကံပါ ကိုဟားတိုက်
နေတစ်ရာ စိုက်တဲ့လွင်ပြင်
ချွေးစက်ကို အရောင်တင်
သွေးမျှင်တွေနဲ့ ပန်းချီ ရေး
ငါ ပိုက်ထွေးမယ့် ကောင်းကင်
ကြယ်စင်တွေ ယိမ်းက
သိပ်လှတဲ့ အနာဂတ်
ကန္တာရကို ဖြတ်ခဲ့တယ်။
ပညာ
-
ပညာ နဲ့ ပတ်သတ်ပြီးတော့ အကြော်သည် အမျိုးသမီးကို ပြန်ချေပကြတာမှာလဲ......
ငွေတို့၊ ဝင်ငွေကောင်းတဲ့ အလုပ်တို့နဲ့ ပြန်ချေပကြတာတွေတော်တော်များများကလည်း
..... ...
5 December 2011 at 09:47
စာလုံးပေါင်းလေးများ မှားနေရင် ပြင်ပေးခဲ့စေချင်ဗျာ။
ကျန်းမာ ရေးသိပ်မကောင်းလို့ စာမဖတ်နိုင် စာမရေးနိုင်ဖြစ်နေတာပါ
နောက်ဆိုရင် မျက်စေ့နောက်အောင်ကို စာတွေလျှောက်ဖတ်အုံးမယ်။
5 December 2011 at 15:44
သေချာတာပေါ့။
အနာဂါတ်ကို တည်ဆောက်ဖို့
ကန္တာရကို ဖြတ်ရမှာပေါ့။
ဒါမှ
အိုအေစစ်ကလေးနဲ့ တွေ့မှာလေ။
5 December 2011 at 18:41
အစ်ကို့ကဗျာလေးတွေက တိုတိုလေးနဲ့ ဖတ်လို့ကောင်းတယ်...
မျက်စိနောက်အောင်လည်မယ်တဲ့ ကြည့်ကြသေးတာပေါ့.. ဟွင်းဟွင်း ;P
5 December 2011 at 18:56
တစ်ပုဒ်ဆို ဆိုသလောက်ဟတ်ထိတယ် ဟတ်ထိတယ်ဟေ့း)
ခင်တဲ့
ဒိုးကန်
6 December 2011 at 05:23
သြော...ဒါမျိုးတွေ ရေးဖို့ ဧရာတစ်ယောက် ဥနေတာကိုး...ကဗျာကောင်းလေးဖတ်လိုက်ရတော့လည်း တန်သွားတာပါပဲလေ...မျက်စိနောက်အောင် ဘလော့လည်သလို လက်နောက်အောင်လည်း ကဗျာတွေရေးစမ်းပါဦးဗျား...
17 December 2011 at 22:42
ဘ၀က လောလောဆယ်ကြမ်းနေတယ်လို့ ကဗျာကပြောနေတယ်။ အဆင်ပြေပါစေကွာ။