တိုးတက်ခြင်းဆိုတဲ့ စကားက
အသိတရားကို တံခါး ခေါက်တော့
ကျွန်တော်ရဲ့ နံနက်ခင်းအောက်မှာ
ကြက်တွန်သံတွေ ပျောက်ခဲ့တယ်။
နေမ၀င်ခင် မီးတွေလင်းတော့
ညနေခင်းကလည်း အကျဉ်းတန်
ကျေးငှက်တို့ အိပ်တန်းအပြန်ကို
ကျွန်တော် မမြင်ရပြန်ဘူး အမေ။
ချမ်းတဲ့အခါ ခြုံရအောင်
နွေခေါင်ခေါင်မှာ ဂွမ်းတွေဖတ်
''မမ''ခတ်ပေးတဲ့ ဖျင်စောင်
အခု သားကိုလှောင်နေတယ်။
မြေနံ့သင်းသင်း နဲ့
လေညှင်းကို ရှူရှိုက်
စပါးခင်း တစ်ဝိုက်က
ရွာရဲ့ စရိုက်ကို လွမ်းတယ်။
အမေ သိရဲ့လား...
ရွက်ဖျားမှာ နှင်း တွေသီးရင်
အဖေ တီးတဲ့ မယ်ဒလင် အောက်မှာ
သား သီချင်းတစ်ပုဒ်လောက် ဆိုချင်တယ်။
ပညာ
-
ပညာ နဲ့ ပတ်သတ်ပြီးတော့ အကြော်သည် အမျိုးသမီးကို ပြန်ချေပကြတာမှာလဲ......
ငွေတို့၊ ဝင်ငွေကောင်းတဲ့ အလုပ်တို့နဲ့ ပြန်ချေပကြတာတွေတော်တော်များများကလည်း
..... ...
9 December 2011 at 05:58
စာလုံးပေါင်းလေးများ မှားနေရင် ပြင်ပေးခဲ့စေချင်တယ်ဗျာ။
9 December 2011 at 06:25
လွမ်းစရာတွေချည်းပါလား မောင်ဧရာရယ်။
အလွမ်းဓါတ်ခံ အတော်လေး ရှိပုံရတယ်။
9 December 2011 at 14:42
အချိန်ရှိတုန်းလေး လွမ်းရတာ အားထုတ်ပြီးသာလွမ်း.. :D
9 December 2011 at 17:23
လွမ်းပါတယ်ဆိုမှ သူတို့ဘဲပြောနေကြတော့တာဘဲး(
10 December 2011 at 01:23
ဒို့လည်းလွမ်းတယ်.. ဖုန်တထောင်းထောင်းနဲ့ ဇာတိမြေကို။
10 December 2011 at 02:57
ကောင်းလိုက်တာ အစ်ကိုရာ နောက်ဆုံးအပိုဒ်လေး အကြိုက်ဆုံးပဲ :D
10 December 2011 at 05:35
လွမ်းသင့်ပါပေတယ်
လွမ်းစေသတည်း လွမ်းစေသတည်း..
အနော်လည်း.ကြားချောင်ညှပ်၍ အချောင်းလိုက်
လွမ်းမိပါသေး၏..
ခင်မင်လေးစားလျှက်
(ဒုတိယ)
17 December 2011 at 22:45
တကယ်ခံစားရရင် အနုပညာဖန်တီးမှုက အားကောင်းလာလိုက်တာ။ ဒီကဗျာက သက်သေပါညီလေးရေ။ အကျည်းတန်တယ်လို့ သုံးပါတယ်။ အကျဉ်း ဆိုတာ အကျဉ်းချခံရတာတို့၊ အကျဉ်းစခန်းတို့မှာ သုံးတာပါ။