(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ကြွေ၍ဝေသည့်အလွမ်း

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မထင်တတ်
ပြင်ရက်စွာတိမ်းပေမယ့်
မောင်စိမ်း၍ မဟုတ်ဘူး ခင်။

နှစ်ချို့တဲ့ရင်ခွင်
တိုးတိတ်စွာ ရှင်စေတော့
ထပ်ဝေကျော့ ဒီအလွမ်းကိုလည်း
ခင်နမ်းဖို့ မောင်မစေ။

သြော်......
မတမ်းသင့်တဲ့ ဒီအခြေမှာ
အလွမ်းတွေရင့်၍ကြွေတိုင်း
မောင့်ရဲ့ ရင်တံတိုင်းမှာတော့
တိမ်ညိုတွေ ဆိုင်းဆဲ ခင်...။


12 မှတ်ချက်:

  1. စံပယ်ချို Says:

    မောင်စိမ်း၍ မဟုတ်ဘူး ခင် တဲ့လား
    နှစ်ချို့တဲ့ရင်ခွင်-----တဲ့လေ
    နှစ်ချို့ဝိုင်မဟုတ်တော့ သောက်မရခဲ့ဘူး----ဟီး

  1. ချော(အစိမ်းရောင်လွင်ပြင်) Says:

    ကဗျာဖတ်ပြီး လွမ်းတောင် လွမ်းသွားပြီ..
    တိုတိုနဲ့ ထိတဲ့ကဗျာလေးပါလား

  1. Candy Says:

    အစ်ကို့ကဗျာတွေ အရမ်းရမ်းကောင်းတယ် သိလား..
    အဲ့လိုမျိုးလေးတွေ စပ်တဲ့သူရှားနေပြီ..
    အရမ်းကြိုက်တယ်

  1. AH Says:

    ကဗျာလေး အရမ်းကောင်းတယ်ဗျာ... လင့်ပါယူသွားပြီ.. ကန်ဒီ ဆီကတွေ့လို့....

  1. Han Kyi Says:

    တိမ်ညိုတွေဆိုင်းဆဲခင် လို့ရေးရင် ပိုမှန်မယ်ထင်တယ် ဧရာရေ...

    ဆဲ...ဆိုတာ လုပ်နေဆဲ၊ ဖြစ်နေဆဲ၊ ရှိနေဆဲ ဆိုတဲ့အနက်ဆောင်တာကိုး...
    ကဗျာလေး အတော်လှတယ် နရီမှန် အသံချို အကြောင်းအရာ သိမ်မွေ့တယ်...ပသာဒဂုဏ်လည်း ရှိပါသဗျား...

  1. ဆူးသစ် Says:

    လွမ်းနေပြီထင်ပါရဲ့ဗျာ........။ တိမ်ညိုတွေဆိုင်းတယ်ဆိုတော့ ရွာတော့မှာပေါ့။ ထိန်းထားရတယ်ထင်တယ်။ ကဗျာနဲ့လွှတ်ချလိုက်တာကောင်းပါ့။

  1. နွေတေးရှင် (မင်းဧရာ) Says:

    ဟုတ်ကဲ့ ပြင်လိုက်ပြီ ဆရာ
    ယခုလိုပြောပေးခဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျာ။

  1. မိုးခါး Says:

    အရမ်းမိုက်ပဲ ..း))

  1. မောင်ဘုန်း Says:

    ကဗျာလေး အရမ်း ကောင်းတယ်ဗျာ .... ။

  1. မောင်သီဟ Says:

    ဟာဗျာာာ ကဗျာ့နုချက်ကတော့ ကျွန်တော့်ရင်တခုလုံးနွမ်းလျသွားရတယ်ဗျာာ

  1. mstint Says:

    အလည်ရောက်ရင်း ကဗျာတွေ ရသလောက်ဖတ်သွားတယ် မင်းဧရာရေ။
    ကဗျာလေးက တိုတိုလေးနဲ့ အနက်အဓိပ္ပာယ် ကျယ်ဝန်းတယ်။
    အဲဒီလို ပါရမီရှင်တွေကိုအားကျမိခဲ့တာကြာပေါ့း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. လွင်ပြင်လှိုင်းငယ် Says:

    ကဗျာလေးဖတ်ရင်း လင့်လေးပါယူသွားပါတယ်ဗျာ
    လေးစားလျက်
    လွင်ပြင်လှိုင်းငယ်