သစ် တစ်ပင်ရဲ့ ခံနိုင်ရည်အားလို
အမြစ်ဖျားမှာ တည်ပြီးတဲ့နောက်
မုန်တိုင်းကိုလည်း မကြောက်တော့ဘူး
ဖြစ်ချင်ရာဖြစ် ပစ်ပေါက်ဖို့
ဘ၀ ဆိုတာကောက်ရခဲ့တာ မဟုတ်ဘူး
ကံကြမ္မာ ကြောင့်မှောက်ကြသွားခဲ့ရင်တောင်
ဒူးထောက်ခြင်း ဆိုတဲ့ ''အတတ်''
ပြန်ထ ဖို့အတွက်ပဲ ''သင်''ခဲ့တာ
လောကဓံ ရေ...............
ကိုးဆယ့်ကိုးယောက်မြောက်
''မင်း''ကို လက်မြှောက်ပေမယ့်
ငါ မြှောက်မယ့်လက်က
အောင်မြင်ခြင်း အတွက်ပဲ သင်ခဲ့တာ။
ပညာ
-
ပညာ နဲ့ ပတ်သတ်ပြီးတော့ အကြော်သည် အမျိုးသမီးကို ပြန်ချေပကြတာမှာလဲ......
ငွေတို့၊ ဝင်ငွေကောင်းတဲ့ အလုပ်တို့နဲ့ ပြန်ချေပကြတာတွေတော်တော်များများကလည်း
..... ...
18 October 2011 at 06:40
စာလုံးပေါင်းလေးများ မှားနေရင်
ပြင်ပေးခဲ့စေချင်တယ်ဗျာ။
18 October 2011 at 07:07
ကဗျာလေး အရမ်းကောင်းတယ်အစ်ကို.. ဖေ့ဘွတ်မှာ share ခွင့်ပြုနော်.. အစ်ကို့ကို credit ပေးမယ်.. တကယ်ကြိုက်လို့... :D :D
18 October 2011 at 13:52
မိုက်တယ်..ထောက်ခံတယ်..အောင်မြင်ခြင်းတွက်ပဲ..
လဲရင်ပြန်ထဒါဘ၀တဲ့..
ရမ်းကောင်းပါတီ..ကော်ပီပြီးပါကြောင်း...
18 October 2011 at 19:35
ကောင်းလိုက်တဲ့ကဗျား)
19 October 2011 at 11:41
တစ်ကယ်ခွန်အား ဖြစ်စေတဲ့ ကဗျာလေးပဲ....
လောကဓံ ရေ...............
ကိုးဆယ့်ကိုးယောက်မြောက်
''မင်း''ကို လက်မြှောက်ပေမယ့်
ငါ မြှောက်မယ့်လက်က
အောင်မြင်ခြင်း အတွက်ပဲ သင်ခဲ့တာ။...မိုက်တယ်..မောင်လေးရေ..
20 October 2011 at 05:23
လောကဓံကို ခံနိုင်ရည်ရှိဖို့ကတော့ သိပ်မလွယ်ပါဘူး။ ဒါပေမဲ့ ကြံ့ကြံ့ခံပြီး စိမ်ခေါ်ဖို့တော့ လိုအပ်တယ်။
ဒါနဲ့...
ဟိုဘက် ဘလော့မှာ လုံးဝ မရေးတော့ဘူးပေါ့။ ၀င်လို့ မရသေးဘူးလား။
မရရင်လဲ အားလုံး ကော်ပီကူးပြီး ဒီဘက်မှာ တင်လိုက်လေ။
ဒီလင့်ခ်လေး ထပ်အက်ထားလိုက်မယ်။
ခင်မင်လျှက်
23 October 2011 at 02:20
ကြိုက်တယ်ညီလေး
5 June 2013 at 10:40
ဖြစ်ချင်ရာ ဖြစ် ပစ်ပေါက်ရအောင် ဘဝတွေက ကောက်ရခဲ့ တာ မဟုတ်ဘူးနော်..။ အရမ်းကို လှတဲ့ ကဗျာလေးပါ..။