Posted by: နွေတေးရှင် (မင်းဧရာ) / Category:
အာဇာနည်နေ့
ဗိုလ်ချုပ်
အသက်မရှိတော့တဲ့ အရုပ်ကြီး
မျက်ရေတွေ ဒီးဒီးစီးပြ
အဲဒါ ဒို့ဗိုလ်ချုပ်ဗျာ့လို့ ဟစ်အော်
ကျုပ်တို့မြေပေါ်မှာ
ကြောင်သူတော် ကြွက်သူခိုးနဲ့
အာဖျံကွီးတွေဘဲ တိုးတိုးလာတယ်...ဗိုလ်ချုပ်။
ခင်ဗျားရဲ့ ဓါတ်ပုံကြီးကို လက်ညှိုးထိုး
ထဘီသူခိုးတွေက အမျိုးစပ်ပြ
ဘမျိုးမို့ ချိုထွက်ရသတဲ့.....ဗိုလ်ချုပ်။
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား
ပြည်ပြေးများက ဘုန်းကြီး
နိုင်ငံ့ရေစီးမှာ
သူရို့အိတ်တွေဘဲ ကြီးကြီးလာတယ်...ဗိုလ်ချုပ်။
ဟုတ်သလိုလို မဟုတ်သလိုလို
လွှတ်တော်ကို အဆိုတင်သွင်း သမျှ
ခေါင်းပေါင်းစတွေ ညာချ
စားခွက်မရတဲ့ အသံနဲ့
တစ်ယောက်ကို တစ်ယောက် ကန်ချနေကြပြန်တယ်....ဗိုလ်ချုပ်။
အေးချမ်းစွာ စံမြန်း
ပြန်ခွင့်မရှိတဲ့ လမ်းပေါ်
ကျုပ်မလွမ်း မမျှော်တော့ပါဘူး...ဗိုလ်ချုပ်။
လှိုင်းလူးနေတဲ့ လှေပေါ်
ကျုပ်တက်နဲ့ ကျုပ်လှော်လို့
ကြုံရာကို ပထွေးတော်ရင်း
စားခွက်လုခြင်းကင်းရာက
ကျုပ်ရေးတဲ့ သည်စာ
ဖတ်ခွင့် ရပါစေ....ဗိုလ်ချုပ်။
ဗိုလ်ချုပ်...
သုဂတိဌာနေ လိပ်မူစေ၍။
မင်းဧရာ
19 07 2012 ရက်
အာဇာနည်နေ့။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
အလှူကိစ္စ
သင်တိုက်သည့် သွေး
သင်ပေးသည့် အား
သင့် သွေးဓါးကား
ထောင်လွှား တစ်ရက်
ကောင်းကင် ထက်၌ လွင့်တက် ၀ဲပျံ
ထောင်စု အလံ
ဦးမှာ ပန်၍ ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
အလှူကိစ္စ
အားလုံးမင်္ဂလာပါခင်ဗျား...
လောကမှာ အစားကောင်းအသောက်ကောင်းလေးများ စားသောက်ဖို့ ကြုံကြိုက်တဲ့အခါဖြစ်ဖြစ်၊ နေရာကောင်း အရိပ်ကောင်းလေးတစ်ခုကို ခိုလှုံဖို့ ကြုံကြိုက်တဲ့အခါပဲဖြစ်ဖြစ် မိတ်ဆွေကောင်းတွေကို သတိရတတ်ကြတယ်ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များ၊ ဘလော့ဂါ အကိုအမများကို ဒီပိုစ့်လေးနဲ့အတူ သတင်းကောင်းလေးတစ်ခု ပါးပါရစေခင်ဗျား..။မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယအကြိမ်မြောက် လှုပ်ရှားမှုဖြစ်တဲ့ အလှုနှင့်အတူ မိမိတို့ ချွေးနဲစာထဲမှ တတ်နိုင်သလောက် မျှဝေလှုဒါန်းလိုက်ရုံဖြင့် ရာသက်ပန် ကျောင်းဒကာ၊ ကျောင်းဒကာမအဖြစ် ခံယူနိုင်မည့်အကြောင်းလေးကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် အသိပေးမျှဝေပါရစေခင်ဗျား..။မင်္ဂလာတောင်ညွန့်၊ စက်ဆန်းကတို့ဆိပ်ပေါက်ကွဲမှုအလှု၊ မရမ်းချောင်းကျေးရွာ အနာကြီးရောဂါသည်များ စောင့်ရှောက်ရေးဂေဟာသလို့အလှုများဖြင့် အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ မြန်မာမုဒိတာ -လူငယ်များအဖွဲ့ (MMYG) ရဲ့ တတိယအကြိမ်မြောက်အလှုတစ်ခု စတင်ပြန်ပါပြီခင်ဗျား။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ဘာရယ်ဟုတ်ပေါင်ဗျာ
ငရဲပြည် နဲ့ နိဗ္ဗာန်
နေ့ချင်းပြန် ခရီးထွက်
ခင်ဗျားရဲ့ စာမျက်နှာအထက်မှာ
ကြားဖူးသမျှတွေ သိမ်းကျုံးစွပ်လို့
ပြီးမှ အမည်တပ်လိုက်ပါ
ကဗျာ
ဘာလင်တံတိုင်းဘေးမှာ
မိုနာလီဇာ ပုံတူကိုငေး လို့
ဗင်းဆင့် ဗန်ဂိုး အကြေင်းကို တွေးရင်း
နယူတန်ရဲ့ နိယာမ တွေကိုရေးချ
ပြီးမှ နာမည်တပ်လိုက်ပါ
ဆရာ
သဲတစ်ပုံးကို
ကတ္တရာစေးတွေနဲ့ လုံးပြီး
အုန်းကနဲ မြည်အောင်ပစ်ချ
ပြီးရင် ကိုယ့်ဖာသာ နာမည်တပ်ပြလိုက်ပါ
ကဗျာ ၊ ဆရာ........။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ပစ္စုပ္ပန် ရက်ကြေကို ခင်း
သလင်းပျက်ကြီး အတွင်းမှာ
ကသောင်းကနင်း အစာရှာ
လည်ပြန်ခွင့် မသာတဲ့ အိပ်တန်း
ထုသားပေသားကျ အလွမ်းနဲ့
သိပ်ရမ်းကားနေတဲ့ ညနေ အချို့
တစ်ခါတစ်ခါတော့ ကျုပ် မျက်ရည်တွေ ပျို့မိတယ်
အမေ
သမုဒယ အမြှောင်းမြှောင်းနဲ့
လောကကို ခါးစောင်းတင်
ခွက်ဝင်နေတဲ့ မျက်ဝန်းတွေ
တိုးတိတ်စွာ ငိုနေမလား
ဟိုတုန်းကလို အပြုံးနဲ့
ကျုံးရုန်းပြီး ပြန်ထ
သူရဲကောင်းတွေလို ''က'' ပြပါ
ဘ၀ ဆိုတာ အဲဒါပေါ့ အမေ....။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ခင့် အတွက်
နေသာရဲ့လား ခင်
မုတ်သုန် မြေပြင်မှာ
ကျွံဝင်သွားတဲ့ ခြေရာ
ပြန်ရှာဖို့ မလိုပါဘူး...။
မှုံပြပြ မြို့ရိုးမှာ
အလွမ်းတွေကို တိတ်တိတ်ပျိုး ရင်း
အစွယ်ကျိုးဆင်းလာတဲ့ ဆည်းဆာမှာ
မောင်လည်း နေသာတတ်ခဲ့ပါပြီ ခင်......
တစ်ခါ တစ်ခါတော့
ရီဝေစွာနဲ့ပေါ့။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ဖိုးသာအောင်ရေ......
ဒို့ပြည်ထောင်မှာ ခွေးဟောင်တော့
ကျွန်စိတ် မပြောင်သေးတဲ့ အရိပ်
တိတ်တိတ်လေး တွေ့လိုက်ရရဲ့
တခြား ဟုတ်ပါရိုးလား မောင်
တောယောင်ယောင်
တောင်ယောင်ယောင်
အလကား ကောင်တွေက
''က၀ိ'' ယောင်ဆောင် ဟစ်
တစ်ဆစ် တစ်ဆစ်နဲ့
နွံထဲ နစ်လာတဲ့ ဒို့ပြည်
ခင်များတို့ အတွေးတွေက ဝေရီလို့
အဲဒါလား ထောင်ချောက်
မီးတောက်သွားတဲ့ ဘုန်းကြီးကျောင်း
ခွက်ပျောက်နေတဲ့ တောင်စောင်းမှာ
ကျုပ်တို့ အမျိုးတွေက
ဝမ်းဟောင်းလောင်းနဲ့
မယုံတစ်ဝက် ယုံတစ်ဝက် နဲ့
ကုန်းဘောင်မင်း ပလ္လင် ပေါ်ခွေးတတ်သလို
အမျိုးဖျက်လိုတဲ့ ထိုလက်ကိုမှ
ခင်များတို့က ဘုရား မှတ်လို့....။
ကဲ ကြာတယ်ဗျာ
တည့်တည့်ဘဲ ပြောမယ်
ဘယ်သဘောက်မ သားတွေက ဒါထောင်ချောက်လို့ပြောတာလဲ အခုလက်နဲ့ထောက်ပြပါ
ဘုမသိ ဘမသိကောင်တွေက နေရာတစ်ကာ ခေါင်းတစ်ထောင်ထောင် နောက်ကလူတွေက ဟိုယောင်ယောင် သည်ယောင်ယောင် ကြာရင် တိုင်းပြည်ကြီးပြောင်လိမ့်မယ်ဗျာ့။
( ကျောင်းသား ဟောင်းကြီးများ )
အကယ်၍များ ဒါကိုထောင်ချောက်ပါလို့ ဧကန် ထောက်ပြနိုင်ရင် အောက်က ကွန်မန့်ဘောက်မှာ စိတ်ရှိသလောက် ရေးပြသွားပါ
ပြောတော့ ပြောချင်ပါတယ် ရေးတော့ရေးချင်ပါတယ် ဟို ကြောက်ရ သည်ကြောက်ရ မို့လို့ပါလို့ တော့ ရွှီးမပြနဲ့ ကျုပ်က တည့်တည့်ဘဲ တီးတတ်တယ်။
အဲဒါ
မင်းဧရာ
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
မြေပေါ်တင်လို့မှ
သခင်မှန်း မသိတဲ့ ဒီခွေး
ဘယ့်နှယ် ဆက်ပြီးမွေးရမလဲ....
ဦးသိန်းစိန်.......
တစ်ရက်လောက်ဖြစ်ဖြစ်
ကျုပ်ကိုပေးပါ
ခင်များရဲ့ အာဏာ ကိုပေါ့ ........
ကျုပ်က
နိုင်ငံရေး မလုပ်ပါဘူးဗျာ
ရိုးရိုးကုတ်ကုတ် လေးပါ
သို့ပေမယ့် လို့
ထိပ်ကိုတော့ မပုတ်လေနဲ့
ခွေးမျိုးတွေ ပြုတ်သွားလိမ့်မယ်။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
လောကကို အုပ်စိုးဖို့
တိမ်တစ်ဆုပ် ပျိုးခဲ့တဲ့ ကောင်းကင်
အထိန်းအကွပ်မဲ့ ပျော်ဝင်တော့
ကျွန်တော့်ရင်ခွင် မဟုတ်ခဲ့ဘူး
''စည်း''ပျောက်သွားတဲ့နောက်
''၀ါး'' နဲ့ထောာက်ခဲ့တဲ့ လင်္ကာ
ဂန္ထ၀င်မတွင်ရှာတော့
ဟို စင်ပေါ်မှာဘဲ ထားလိုက်တယ်
အခုတော့
ဆေးလိပ်တစ်ရှိုက်
အရက်တစ်ကျိုက်နဲ့
ည ခါးခါးတွေကို ထွေးပိုက်ဖို့
ကျွန်တော် နှစ်ခြိုက်တတ်ခဲ့ပြီ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
မင်းဧရာ ဆိုတာ
သိုးရေကိုလည်းမခြုံ
ဝံပုလွေဘုံမှာလည်း
မပျော်ပိုက်
သရော် စာတစ်ပိုဒ်ကတော့
ရင်ကို လာစိုက်လေရဲ့။
မင်းဧရာ ဆိုတာ
ထန်းလက်ကာ ထန်းလက်မိုး
မျိုးရိုးက
သူတောင်းသာသာ
ဟိုခပ်ဝေးဝေးက ဘူတာရုံမှာ
ကျွန်တော်
ပန်းရောင်းစားတဲ့ ရုပ်ပုံလွှာတွေရှိမယ်.....
လုံလောက်မလား
ရွှေမန်းမြို့ အ၀င်နားမှာ
ပီနံအိတ် အကောက်သွားတဲ့
ကျွန်တော့်ခြေရာ
မိုးရွာတာတောင် ဖုံးမသွားရှာဘူး........
လူတစ်လုံး ပီသအောင်
သုံးဆောင်ခဲ့တဲ့ ခွန်အားများက
မုသားမပါ ပါဘူး
တောင်စူးစူး အရပ်မှာ
ရေ အရောင်ထွက်
ဖုံလူးတဲ့ လမ်းအထက်မှာလည်း
အကြော်ဗန်း ရွက်ခဲ့သူပေါ့
တော်လောက်ပြီလား ဂုဏ်ပုဒ်
ပခုံးစုတ်အောင် ကုန်ထမ်း
ပြည်ကြီးတံခွန်
မြို့အ၀င်လမ်းမှာ
ကျွန်တော့်ရဲ့
ထမ်းပိုးကြမ်းကြမ်းတွေ ရှိမယ်
ဆန်ကွဲ တစ်ဆုပ်
ပဲတစ်ဆုပ်နဲ့
တိတ်တိတ်လေး မိုးချုပ်သွားတဲ့
ညနေစာတွေ အနားမှာ
မင်းဧရာ ဆိုတာရှိတယ်။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ဘကြီးမှုန် မှာတမ်း
ဖိုးသာအောင်ရေ...
ခေါင်းပေါင်းစတွေ
တထောင်ထောင်နဲ့
ရွာလည် ခေါင်ကအိမ်ကြီး
မီးမှောင်မှောင်နဲ့
ငိုက်မျဉ်းနေလေရဲ့...........
ကျုပ်ငယ်ငယ်က
တေးဟောင်းကြီးကို
လူပေါင်းများစွာက လိုက်ဆို
ဟိုး တောင်မှာမိုးညိုလို့
မောင့်ပျိုးခင်း
ရေစို ပါ့မလား.....
တောင်နှင့်မြောက်
မသိခင်က
နားထင်မှာချိုဝင်ပေါက်
အမြီးမြှောက်ပြီး လျှောက်ပြေး
ကလေးလေးတွေကိုလည်း
ပြောပြပါကွယ်.......
နေကိုမျှော်ပြီး
လှေ မလှော်ရင်
ကမ်းကို ဘယ်လိုမြင်မလဲ......
သည်တစ်ခေါက်တော့
သည်လောက်ပါဘဲ ဖိုးသာအောင်
ပြောချင်တာတွေ များပေမယ့်
ရင်ထဲမှာ ခါးခါးလာလို့
ဘကြီးမှုန် နားပါရစေဦး.......။
အပြည့်အစုံသို့