သိုးရေကိုလည်းမခြုံ
ဝံပုလွေဘုံမှာလည်း
မပျော်ပိုက်
သရော် စာတစ်ပိုဒ်ကတော့
ရင်ကို လာစိုက်လေရဲ့။
မင်းဧရာ ဆိုတာ
ထန်းလက်ကာ ထန်းလက်မိုး
မျိုးရိုးက
သူတောင်းသာသာ
ဟိုခပ်ဝေးဝေးက ဘူတာရုံမှာ
ကျွန်တော်
ပန်းရောင်းစားတဲ့ ရုပ်ပုံလွှာတွေရှိမယ်.....
လုံလောက်မလား
ရွှေမန်းမြို့ အ၀င်နားမှာ
ပီနံအိတ် အကောက်သွားတဲ့
ကျွန်တော့်ခြေရာ
မိုးရွာတာတောင် ဖုံးမသွားရှာဘူး........
လူတစ်လုံး ပီသအောင်
သုံးဆောင်ခဲ့တဲ့ ခွန်အားများက
မုသားမပါ ပါဘူး
တောင်စူးစူး အရပ်မှာ
ရေ အရောင်ထွက်
ဖုံလူးတဲ့ လမ်းအထက်မှာလည်း
အကြော်ဗန်း ရွက်ခဲ့သူပေါ့
တော်လောက်ပြီလား ဂုဏ်ပုဒ်
ပခုံးစုတ်အောင် ကုန်ထမ်း
ပြည်ကြီးတံခွန်
မြို့အ၀င်လမ်းမှာ
ကျွန်တော့်ရဲ့
ထမ်းပိုးကြမ်းကြမ်းတွေ ရှိမယ်
ဆန်ကွဲ တစ်ဆုပ်
ပဲတစ်ဆုပ်နဲ့
တိတ်တိတ်လေး မိုးချုပ်သွားတဲ့
ညနေစာတွေ အနားမှာ
မင်းဧရာ ဆိုတာရှိတယ်။
30 May 2012 at 16:08
စုတ်ချက်ကြမ်းတဲ့ ဆေးသားတွေပဲပေါ့ ကိုမင်းဧရာ..
30 May 2012 at 18:21
ဘ၀ ရဲ့ အထုအထောင်း တွေနဲ့ သီကုံးထားတဲ့
ကဗျာလေး စကားလုံးတွေ ပြင်းရှလှတယ်ဗျာ.
30 May 2012 at 23:44
ကိုယ့်ဟာကိုယ်ဖွဲ့ထားတဲ့ကဗျာမှာတော့ နူးညံ့မှုတွေ မတွေ့ရပါလား
31 May 2012 at 04:37
ဆန်ကွဲ တစ်ဆုပ်
ပဲတစ်ဆုပ်နဲ့
တိတ်တိတ်လေး မိုးချုပ်သွားတဲ့
ညနေစာတွေ အနားမှာ
မင်းဧရာ ဆိုတာရှိတယ်-----တဲ့လား
ဘ၀ဆိုတာအဲလိုပဲသယ်ရင်းရေ
ပေါက်ကွဲသံစဉ်ပေါ့နော်
31 May 2012 at 07:31
အဲဒါကိုက ဘ၀ လေ သကြားလုံးရဲ့။
31 May 2012 at 09:05 This comment has been removed by the author.
31 May 2012 at 09:09
ကဗျာလေးက ကောင်းတယ်နော်
တကယ် အဲ့ကဗျာလေးထဲကလို
ဘ၀ ကြမ်းကြမ်းတွေထဲမှာ
ရုန်းကန်နေရတဲ.သူတွေ ရှိနေတာသိလားး
မေတို့ဘ၀တွေလဲမလှပခဲပါဘူး..
ဒဏ္ဍာရီတွထဲကလိုဘ၀ လှလှလေးလိုချင်ခဲ.ဘူးတယ်။
တကယ်ရနိုင်တဲ.အချိန်ရောက်လာပြန်တော.
လူတွေကိုယောဟန်ဆောင်မှုတွေနဲ့လောကကြီးကိုရော
ဟိုးအချိန်တွေတုန်းကမေ့ကိုဘာတခုမှကြည်ဖြူဖြူ
မပေးချင်တဲ့မသထာတဲ.လောကကြီးကိုပါစိတ်
ကုန်သွားတယ်....ကဲ မခက်ဖူးလား။
31 May 2012 at 10:43
ဘကြီးမူံ..ကျူပ်တို့ခြေဖဝါးအသားမာတတ်နေပါပြီ...လမ်းမရွှေးဘူး..စိန်ခေါ်ရဲပြီလေ..
31 May 2012 at 18:58
ဧရာရေ...
လူတိုင်း လူတိုင်းရဲ့ ဘ၀တွေဟာ ပုံစံချင်းကွာတာသာ ရှိမယ် ရုန်းကြ ကန်ကြရတာချည်းပါပဲ...ပဲတစ်ဆုပ်နဲ့ မိုးချုပ်တာကမှ တော်ဦးမယ်...ဆရာတို့ ဇနီးမောင်နှံ တော်လှန်ရေးကာလတုန်းကဆိုရင် ထမင်းသုံးနပ်ငတ်ပြီး ရေသောက်ဗိုက်မှောက်နေခဲ့ရဖူးသဗျား...
ဘာပဲဖြစ်ဖြစ် မှိုနဲ့တူအောင် ကျင့်ရမှာပဲ...မှိုဆိုတာ မြေပေါ်ရောက်ပြီး အခြေကျတာနဲ့ ထီးဖွင့်ပြီး အရိပ်ပေးနိုင်အောင် ကြိုးစားတတ်တာကိုး...ဒီလိုပဲ ကိုယ်အခြေကျလာရင် ကိုယ့်ပတ်ဝန်းကျင်ကို အရိပ်ပေးနိုင်အောင်ကြိုးစားရမှာလည်း ကိုယ့်တာဝန်ပေါ့...မဟုတ်ဘူးလားဗျာ...
31 May 2012 at 21:59
အားမရ လို့ နောက်တစ်ခေါက် ထပ်လာဖတ်တာ
ဟဟ..
1 June 2012 at 06:30
ဆရာ...
မရောက်တာတောင် ကြာပြီနော်။
ဟုတ်တာပေါ့ ဆရာ...
ဆေးစက်ကြရာမှာ အရုပ်ထင်လို့
လူဆိုတဲ့ အသွင်ကို ပီပြင်အောင် ကကြရမှာပေါ့ ဆရာ။
1 June 2012 at 11:39
တကယ်အနုပညာမြောက်တဲ့ ရေးသားဖွဲ့ တည်မှုပဲဗျာ
9 June 2012 at 11:35
အားကျလိုက်တာ မင်းဧရာ
11 June 2012 at 06:34
အိုး.....ကိုယ့်ဆရာရဲ့ ကိုယ့်ဘဝအဖွဲ့က အားတွေ
မာန်တွေပါသလောက်၊ပကာသနနဲ့ ဟန်ဆောင်ခြင်းတွေ
ကင်းမဲ့နေလိုက်တာ....၊ကြိုက်သဗျာ၊ခိုက်သဗျာ။
စကားမစပ် ညစာတွေမိုးချုပ်သွားတာ ဘီဘီများသွား
လို့များလားဗျ....:P(စတာဗျိုး.....)
25 July 2012 at 11:38
တကယ့် ကောင်းတဲ့ စာသားတွေ။
မာန်တွေထည့်ပြီး ခပ်ကြမ်းကြမ်းလေး
ရေးလိုက်တာကလည်း တစ်မျိုးတစ်ဖုံ
တော်၏
ခင်တဲ့
အလွမ်း