ဖိုးသာအောင်ရေ......
ဒို့ပြည်ထောင်မှာ ခွေးဟောင်တော့
ကျွန်စိတ် မပြောင်သေးတဲ့ အရိပ်
တိတ်တိတ်လေး တွေ့လိုက်ရရဲ့
တခြား ဟုတ်ပါရိုးလား မောင်
တောယောင်ယောင်
တောင်ယောင်ယောင်
အလကား ကောင်တွေက
''က၀ိ'' ယောင်ဆောင် ဟစ်
တစ်ဆစ် တစ်ဆစ်နဲ့
နွံထဲ နစ်လာတဲ့ ဒို့ပြည်
ခင်များတို့ အတွေးတွေက ဝေရီလို့
အဲဒါလား ထောင်ချောက်
မီးတောက်သွားတဲ့ ဘုန်းကြီးကျောင်း
ခွက်ပျောက်နေတဲ့ တောင်စောင်းမှာ
ကျုပ်တို့ အမျိုးတွေက
ဝမ်းဟောင်းလောင်းနဲ့
မယုံတစ်ဝက် ယုံတစ်ဝက် နဲ့
ကုန်းဘောင်မင်း ပလ္လင် ပေါ်ခွေးတတ်သလို
အမျိုးဖျက်လိုတဲ့ ထိုလက်ကိုမှ
ခင်များတို့က ဘုရား မှတ်လို့....။
ကဲ ကြာတယ်ဗျာ
တည့်တည့်ဘဲ ပြောမယ်
ဘယ်သဘောက်မ သားတွေက ဒါထောင်ချောက်လို့ပြောတာလဲ အခုလက်နဲ့ထောက်ပြပါ
ဘုမသိ ဘမသိကောင်တွေက နေရာတစ်ကာ ခေါင်းတစ်ထောင်ထောင် နောက်ကလူတွေက ဟိုယောင်ယောင် သည်ယောင်ယောင် ကြာရင် တိုင်းပြည်ကြီးပြောင်လိမ့်မယ်ဗျာ့။
( ကျောင်းသား ဟောင်းကြီးများ )
အကယ်၍များ ဒါကိုထောင်ချောက်ပါလို့ ဧကန် ထောက်ပြနိုင်ရင် အောက်က ကွန်မန့်ဘောက်မှာ စိတ်ရှိသလောက် ရေးပြသွားပါ
ပြောတော့ ပြောချင်ပါတယ် ရေးတော့ရေးချင်ပါတယ် ဟို ကြောက်ရ သည်ကြောက်ရ မို့လို့ပါလို့ တော့ ရွှီးမပြနဲ့ ကျုပ်က တည့်တည့်ဘဲ တီးတတ်တယ်။
အဲဒါ
မင်းဧရာ
A Thin Line
-
* A Thin Line *
(Moe Thet Oo Lwin)
Thet Oo gently pushed open the window. A soft, golden sunlight poured in
like liquid gold, accompanied by a cool,...
13 June 2012 at 09:04
ဟဟ ဒိမျိုးတွေကြောင့်
ဘကြီးမှုံကိုလေးစားနေတာ
13 June 2012 at 11:06
ဒါက ဘယ်လို ဖြစ်ပြန်ရတာတုန်း မောင်မင်းဧရာ။
တစ်မျိုး တစ်မျိုး မရိုးရပါလား။ ပျော့ရင် ဖယောင်း မာရင် ရေခဲချောင်း..အဲလေ.. သံချောင်း ဆိုသလို ဖြစ်နေချေပြီကော။
တရားတစ်ဖက် ဓါးတစ်ဖက်နဲ့ လာဖတ်ရမဲ့ပုံ။း))
13 June 2012 at 21:36
အော်.. လတ်စသတ်တော့ ဒီလိုကိုး
ဟဟဟ.. ဟိုနေ့က ဖေ့ဘွတ်မှာ ကိုဒုတိယ ဒါကို ရှယ်ထားတာ တွေ့တော့ အစ်ကိုနဲ့ ကိုဒုတိယ ဘာတွေဖြစ်တာလဲလို့...ဟဟဟဟဟ
ခုမှ သဘောပေါက်တော့တယ် :D
13 June 2012 at 22:12
ပညာပါလိုက်တာ
တခါတမျိုးနဲ့ မရိုးရပါလား
14 June 2012 at 23:02
မိုက်တယ်မောင်လေးရေ......
16 June 2012 at 02:27
ဖတ်ရင်းဖတ်ရင်း ကိုယ်ပြောချင်တဲ့ စကားတွေ ပြန်ကြားနေရသလိုပါပဲလား ဧရာရေ...ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေ လုပ်ဖို့လိုနေပါသေးလားဆိုတာလည်း ကိုယ့်ကိုယ်ကို တွေးမိပါသေးသဗျား...