(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

တိမ်ဝှက် ကြယ်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မတမ်းလိုတော့ပါဘူး
ကမ်းပြိုတဲ့  အိပ်မက် 
လောကရဲ့ အတိမ်အနက်
တိမ်ဝှက်တဲ့  ကြယ်စင်  လို
မဟူရာ  ရင်ကိုထိုးဖေါက်
အနာဂါတ်ကိုတည်ဆောက်ဖို့
ကန္တာရ  ပေါ်လျှောက်တဲ့  ငါ....။ 

မငြင်သာပေမယ့်
ဝင်္ကံပါ  ကိုဟားတိုက်
နေတစ်ရာ  စိုက်တဲ့လွင်ပြင်
ချွေးစက်ကို  အရောင်တင်
သွေးမျှင်တွေနဲ့  ပန်းချီ ရေး
ငါ  ပိုက်ထွေးမယ့်  ကောင်းကင်
ကြယ်စင်တွေ  ယိမ်းက 
သိပ်လှတဲ့  အနာဂတ်
ကန္တာရကို  ဖြတ်ခဲ့တယ်။


အပြည့်အစုံသို့

ဆေးသားပြို၍ ငိုသောတိမ်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခရီးတစ်ထောက်
ရေကြည်သောက်ရာ
ဤမြေမှာကား
ပန်းမျိုးလည်းစုံ
ရဂုံမမည်
ထွေလီသားရဲ
ပျံဝဲ ပိတုံး
ဝတ်ရည်သုံးရန်
သဒ္ဒါဟန်နဲ့
ခြူပြန်ငုံးဖူး
သင် ညွှတ်နူးက
မှားမိပေစွ နှမငယ်။

မည်သို့ဆိုစေ
ထိုထိုမြေမှာ
ဝင့် ဝေအချို့
ကြွေအချို့နှင့်
ဆို့ဆို့မျက်ရည်
လျော့ပြေဆံထုံး
အရှုံးရင်ပိုက်
တိတ်တိတ်ရှိုက်ငို
အိပ်မက်ချိုလည်း   ပြိုခဲ့ပြီ။

အို...နှမငယ်
ငါတို့ရေကြည်
ရှာသောက်မည်ဟု
ခြေဦးတည်စ
ပီသစိတ်ကူး
အိပ်မက်ဖူးလည်း
မြေလူးသက်ကြွေ
ခူးခြွေပိတုံး
ဝတ်ရည်သုံးသူ
ချင့်ချိန်ယူတော့
ကဗျာတကျော့
ဆုံးသည့်အချိန်။


 
 ကဗျာ အဟောင်းလေးပါ
အကြောင်းလေးတွေ တိုက်ဆိုင်လို့ ပြန်တင်မိလိုက်တာ။

အမှန်တော့ နိုင်ငံခြား ဒါမှမဟုတ် မိဘ အုပ်ထိန်းမှု့ဝေးရာ အရပ်မှာရောက်နေကြရသော အမျိုးကောင်းသာ အမျိုးကောင်းသမီးလေးတွေ ဖတ်စေချင်လို့ ပြန်တင်လိုက်တာလို့ ပြောချင်တာပါ အဲသည်လိုပြောလိုက်ရင် တစ်မျိုးတစ်မည်ထင်ကြမှာဆိုးရတယ်မဟုတ်လား ( ဆရာကြီးလား ဟ )ဆိုတာမျိုးပေါ့။


အပြည့်အစုံသို့

စက္ကူပန်းပင်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

သမုဒယ မြေမှာ
တယုတယ ဝေ ပေမယ့်
ခြွေသူမဲ့ ကြွေနွမ်းတော့
အညတရ လမ်းက ပန်းစက္ကူ
ရနံ့ မကြူလို့ ခြူသူမဲ့သလား

မျှော်လင့်ခြင်း ရက်ရှည်မှာ
ပင့်သက်ကို အသာခြွေ
နမ်းသူမဲ့ ဝေ စေလို့
ဘယ်အငြိုးကို ချေသလဲ

အမျက်ရှိသမျှ ပြေစေ
ပွင့်ဖက်အချို့ ထိုမြေမှာ
တိုးတိတ်စွာ ဆုခြွေ.....
ဤအခြေ နဲ့  မဝေပါရစေနဲ့

         အကယ်၍
ပန်းဖြစ်လို့ တပြန်ဝေလျှင်
ကြွေရင်တောင် ကောက်ယူနမ်း
ရနံ့ လွှမ်းသော ခရေ လို
ပန်းတိမ်ငိုလို အဆင်းရှိမှ
တပြန်ဆင်း ပွင့်ပါရစေ။

ကျွန်တော်နေ့တိုင်း လဘက်ရည်သွားသောက်တဲ့ ဆိုင်ရှေ့က
စက္ကူပန်းပင်လေးကိုကြည့်ပြီး လက် ကမြင်းလိုက်မိတာပါ။


အခုရက်တွေမှာ ဘယ်ကိုမှ မလာနိုင်တာလေးကိုတော့
နားလည်ပေးကြပါဗျာ အလုပ်တွေများနေရပါတယ်
နောက်တပတ် လောက်အထိတော့ ဘလောက်ဒ် လည်နိုင်မယ်မထင်းသေးဘူး
ဘလောက်ဒ်ဂါ အပေါင်းကို ကျန်းမာ ချမ်းသာ စေကြောင်းစုတောင်းရင်း
စာလုံးပေါင်းမှားခြင်းကို ပြင်ပေးသွားပါအုံးဗျာ။

ှ
်
ဲ့


အပြည့်အစုံသို့

ခံနိုင်ရည်အားနဲ့ လောကဓံ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

သစ် တစ်ပင်ရဲ့ ခံနိုင်ရည်အားလို
အမြစ်ဖျားမှာ တည်ပြီးတဲ့နောက်
မုန်တိုင်းကိုလည်း မကြောက်တော့ဘူး

ဖြစ်ချင်ရာဖြစ် ပစ်ပေါက်ဖို့
ဘ၀ ဆိုတာကောက်ရခဲ့တာ မဟုတ်ဘူး
ကံကြမ္မာ ကြောင့်မှောက်ကြသွားခဲ့ရင်တောင်
ဒူးထောက်ခြင်း ဆိုတဲ့ ''အတတ်''
ပြန်ထ ဖို့အတွက်ပဲ ''သင်''ခဲ့တာ

လောကဓံ ရေ...............
ကိုးဆယ့်ကိုးယောက်မြောက်
''မင်း''ကို  လက်မြှောက်ပေမယ့်
ငါ မြှောက်မယ့်လက်က
အောင်မြင်ခြင်း အတွက်ပဲ သင်ခဲ့တာ။

 


အပြည့်အစုံသို့

နွေ ပန်းချီ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ပင်မြင့် ယံထက်
ကျေး ဇရက်နှင့်
လွမ်းတေးထပ်ကို
ဥသြ ဆိုစဉ်
ပိတောက်ပျို လည်း
လေပြေထဲ ၌
ယိမ်းနွဲ့ တဖန်
က မည့်ဟန်ပြင်
နွေ သခင်ကို
ကြိုတော့သည်။

(ကဗျာ ဟောင်းလေးကို ပြန်တင်ပေးလိုက်တာပါ)


အပြည့်အစုံသို့

တောင်းပန်လွှာ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ချစ်လှစွာသော ဘလောက်ဒ်ဂါ အကို အမ အပေါင်းတို့ခင်ဗျာ 
ကျွန်တော်ရဲ့ (မင်းဧရာ) ဟုခေါ်သော ဘလောက်ဒ် လေးကတော့
သူတပါး သမ သွားလို့ဘယ်လိုမှကို ၀င်ရောက်ရေးသားလို့မရတော့
တော့ပါသဖြင့်  ကဗျာ လောကကြီးကို ထပ်မံပြီးဖျက်စီးဖို့ နဲ့
ဘလောဒ်ဂါ အပေါင်းတို့အားလည်း စိတ်ဆင်းရဲစေခြင် အကျိုးငှာ
ယခုလို အကောင့်သစ်တခု ထပ်ဖွင့်လိုက်ရခြင်း ဖြစ်ပါတယ် ။

သမ ခံလိုက်ရတာက Email အကောင့်ဆိုပေမယ့် တဆက်တည်း ဘလောက်ဒ် 
အကောင့်ပါ ပါသွားလေတော့ ဒီရက်တွေမှာ တော်တော်လေးကို စိတ်ဆင်းရဲနေပါတယ်
သီတင်းကျွတ် ပွဲတော်ရက်လေးမှာ ဘယ်သူ့ကိုမှ ဒုက္ခ မပေးလိုက်ရလို့ပါးး)
တနေ့လုံး တညလုံး youtupe မှာအပူကပ်ပြီးတဲ့နောက် ကျွန်တော်ပြန်ရောက်လာတဲ့
အကြောင်းကိုလည်း မျက်စေ့နောက်အောင် ရေးရပါသေးတယ် စီပုံးတွေ ဆန်ပုံးတွေ
ကိုတော့ ပြီးမှလိုက်ကောက်ရမှာဘဲ  အခုတော့ နားပါစေအုံးဗျာ မျက်လုံးတွေလည်း
ကျိန်းစပ်နေပြီ။

ဘလောက်ဒ်ဂါ အကိုကြီး အမကြီးများ ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွတ် ပွဲတော်ရက်လေး
ဖြစ်ကြပါစေ  လူပျိုကြီးတွေလည်း စွံပါစေ အပျိုကြီး တွေလည်းစွံပါစေ  ဒီလောက်ဆုတောင်းပေးနေတဲ့
ကြားက လူပျိုကြီး အပျိုကြီး ဖြစ်ချင်တဲ့သူတွေကိုတော့  လူဦးရေတိုးတက်မှု့ကို အကြီးအကျယ်
နှောက်ယှက်မှု့နဲ့ တရားစွဲပြစ်မယ်  သတိထားးး)။


အပြည့်အစုံသို့