စိမ်းရွက်ကြိုကြား
သူခိုနား၍
ကျွမ်းမြေ့ ရင်တွင်း
ညအဆင်းလည်း
လမင်းအရောင် ခါးခဲ့ပြီ ။
*******************************
ရွက်ကျန်ရာသီ
ရော်လေသည်နောက်
မေးထောက်တောင်စွယ်
လွမ်းရောင်ခြယ်မှုန်း
သီကာကုံးလည်း
ကြော့ဆုံးသူ့ထံ
ဆင့်ရန် အခွင့်မရှိပြီ ။
********************************
လိပ်ပြာငယ်သိမ်
အတွေးအိမ်လည်း
ကွန့်ချိန်မစွမ်း
ကဗျာ ပန်းတို့
ညစ်နွမ်း၍သာ နေတော့သည် ။
*********************************
အခုရက်ပိုင်းမှာ
ဘာမှမရေးနိုင်ခဲ့ဘူး ဒါကြောင့်
ကဗျာတိုလေးတွေ စုပြီး တင်ထားလိုက်မိတယ်ဗျာ ။
15 September 2013 at 03:17
ကဗျာတိုလေး သုံးပုဒ်ကို တစ်ပုဒ်တည်း အနေနဲ့လည်း ဖတ်လို့ အလွန်ကောင်းပါတယ်။
မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေရှင်..
15 September 2013 at 04:11
လိပ်ပြာငယ်သိမ်
အတွေးအိမ်လည်း
ကွန့်ချိန်မစွမ်း
ကဗျာ ပန်းတို့
ညစ်နွမ်း၍သာ နေတော့သည် ...
အေးဗျာ...အတွေးနဲ့စိတ်ကူးတွေနဲ့ပျော်ခွင့်မသာတဲ့
အချိန်တွေရတိုင်း ကဗျာလေးတကြောင်းတပုဒ်လောက်
ရေးခွင့်ရနေတာကိုပဲ နှစ်သိမ့်စရာပေပဲ...အင်း...
ကဗျာပန်းတွေ..နွမ်းလေရော့သလား..
:)ကျုပ်ကတော့ မနွမ်းစေချင့်ဘူး...။မောပန်းနွမ်းလျသူတရှိုတ်မတ်မတ်
မွှေားကြူလိုက်ချိန်လေးခဏ ထိုသူအတွက် အားလေးတခု ၊ကြည်နူးမူ့လေးတခုခု ရစေဖို့ ကဗျာပန်းလေးတွေ လန်းဆန်းထုံသင်းနေဖို့ လိုတယ်..:D
15 September 2013 at 08:06
သုံးပုဒ် တစ်ပုဒ်ဖြစ်နေသည်
လှပ၏ :)
15 September 2013 at 21:46
သုံး အချိုး တစ် ... :)
15 September 2013 at 21:49
ကဗျာလေးတိုလေးတွေ ဖတ်ရတာ စိတ်ချမ်းသာစရာ ..။ ကဗျာရေးတတ်သူများကို အားကျတယ် ကိုယ်တိုင်က ကဗျာဥာဏ်လုံးဝမရှိခဲ့လို့လေ..။
16 September 2013 at 01:43
လိပ်ပြာငယ်သိမ်
အတွေးအိမ်လည်း
ကွန့်ချိန်မစွမ်း
ကဗျာ ပန်းတို့
ညစ်နွမ်း၍သာ နေတော့သည် ...
လိပ်ပြာမလှ
အတွေးစလည်း
လွင့်ဝဲမပျံ
ဘီယာထံ၌
ကျိုက်ကျိုက်မြည်အောင် ပျော်တော့သည်...
အနှီလို ဖြစ်သင့်တာ မဟုတ်ဘူးလား ကဧရာ...း)
16 September 2013 at 22:18
အမကြီးကိုအားပေးနေကြမို့လာအားပေးပါတယ်။ ကဗျာနဲ့ပတ်သက်ရင်
န ကန်းတစ်လုံးမှ နားမလည်တာမို့
မလာဖြစ်တာပါ။ ဒါပေမဲ့ မောင်လေးရဲ့
တစ်ချို့ ကဗျာတွေက အမကြီးလိုလူ
နားလည်အောင် ဖွဲ့သီကုံးနိုင်လို့ နောက်လာလည်ပါအုံးမယ်။
16 September 2013 at 23:15
အောက်ဆုံးက ကဗျာတိုလေး ကြိုက်စ်
လိပ်ပြာငယ်သိမ်
အတွေးအိမ်လည်း
ကွန့်ချိန်မစွမ်း
ကဗျာ ပန်းတို့
ညစ်နွမ်း၍သာ နေတော့သည်
18 September 2013 at 22:17
ကဗျာပန်းများ လန်းပါစေ :D
19 September 2013 at 18:29
အခါလွန်မိုး တော့မရွာ ပါနဲ့ မှုံရယ်..
စတာပါ အကိုရေ..
ပစ်ပစ်လာသွားပါတယ်..
19 September 2013 at 19:35
ကဗျာတိုလေးတွေက လေးနက်လှပါတယ်ရှင်
20 September 2013 at 07:46
http://www.youtube.com/watch?v=jLZ2iIfrjzI
17 October 2013 at 06:56
ဒီကဗျာလေး အရမ်းလှတယ်။ အရမ်းကို နှစ်သက်တာမို့ ကူးထားလိုက်ပါတယ်။
ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်