(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဘလောဒ့်ဒေး တဂ်ပိုစ့်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဘလောဒ့်ဒေး တဲ့............
ရေးမည့်သာ ရေးရတယ် လွန်းသွားခဲ့တာတောင် ကြာနေပါပြီ
အလုပ်တွေရှုပ်နေတာရော  အရှုပ်တွေ လုပ်နေတာရော ဆိုပါတော့
စာဖတ်ခြင်း ဘလောဒ့်လည်ခြင်းတွေလည်း အတော်လေး ကျဲသွားတယ်
ဒီနေ့ညမှ သာ စိတ်လိုလက်ရ ရေးဖြစ်အောင် ရေးမယ် ဆိုပြီး
တက်လာလိုက်တာ ဘလောဒ့်ဂါတွေ တော်တော်များများနဲ့
စည်ကားသိုက်မြိုက်စွာ ရေးထားတာကို တွေ့လိုက်ရတော့
အတော်လေးကို အံ့သြသွားမိတယ်  ဘာလို့လည်း ဆိုတော့
ဘလောဒ့်တခွင် မှာ အခုလို တဂ်ပိုစ့်လေးတွေ မမြင်ရတာ
အတော့်ကို ကြာနေပါပြီ  သိပ်လည်း  မရေးကြတော့ပါဘူး
အထူသဖြင့် အမျိုးသားတွေ သိပ်အရေးနည်းသွားကြတယ်
အမျိုးသမီးတွေကတော့ ရေးနေကြစဲ ပါ ဘာရယ်လို့ မဟုတ်ဘူး
ဆိုရင်တောင် ဘလောဒ့်ဒေး အမှတ်တရ အဖြစ်ကနေ
ဘလောဒ့်လောကကြီး အသက်ပြန်ဝင်လာတာကိုတော့
ကျေးဇူးတင်မိတယ် ။

ဟိုတုန်းများ  တစ်ရက် တစ်ရက်
တက်လာသမျှပိုစ့်တွေ နိုင်အောင် မဖတ်နိုင်ပါဘူး
သိပ်ရေးကြပါတယ် ဖတ်လည်း ဖတ်ကြပါတယ်
တစ်အိမ်တက် တစ်အိမ်ဆင်း ပေါ့ဗျာ
အခုများတော့  ဘလောဒ့်ထဲ ၀င်ရမှာတောင် ပျင်းလာတယ်
ဝင်ကြည့်လိုက်ရင်း ပိုစ့် မတက်လို့ ပြန်ထွက်လိုက်ရင်း
နောက်ရက်ကြ ပြန်ဝင်ကြည့်လိုက်ရင်း  ဘယ်သူမှ မတင်လို့
ပြန်ထွက်လိုက်ရင်း ဆိုတော့ ကျနော်လည်း ကိုယ့်ဘလောဒ့် ထဲကိုတောင်
နှစ်ရက် သုံးရက် နေမှ တစ်ခါသာ ၀င်ပြီး လိုက်ဖတ်မိတော့တယ်
အဲလောက်အထိအောင် ရေးအား နည်းသွားတော့ ဘလောဒ့်ရွာကြီးဟာ
ခြောက်ကပ်ကပ် နိုင်သွားတာတော့ အမှန်ပဲ ။

ဒီလိုအခြေအနေကနေ ပြန်လည် နိုးထလာကြပါပြီ
အရင်လို ရယ်လိုက် မောလိုက် စလိုက် နောက်လိုက်
မျှဝေ ခံစားလိုက်နဲ့ သိုက်သိုက်ဝန်းဝန်း  ဆက်လက်ပြီး
ဘလောဒ့်လည် နိုင်ကြပါစေကြောင်း နှင့်  ဘလောဒ့်ဂါ
အပေါင်းသည်လည်း  ကျန်းမာ ချမ်းသာစွာ
( လူပျိုးကြီးများ နှင့်  အပျိုကြီး များသည်လည်း :p )
အစစ  အရာရာ အဆင်ပြေနိုင်ကြပါစေကြောင်း ဆုတောင်ရင်း
မင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံသော ဘလောဒ့်ဒေးလေးမှသည်
နောက်နောင် နှစ်များတိုင်အောင် ဆက်လက်ပြီး
ရေးသားနိုင်ကြပါစေဗျာ......................။




မှတ်ချက်
*******
နောက်ကျနေပြီမို့  မရေးတော့ပါဘူးလို့  အပျင်းထူးပြီး
မသိချင်ဟန်ဆောင် နေသူများ  ရေးသားကြပါကုန်
ဘယ်သူတွေလည်းဆိုတာ မပြောတော့ဘူးနော်
ကိုယ့်ဖာသာ သိကြပါ မရေးလို့တော့ အတွေ့ပဲဗျာ ။



17 မှတ်ချက်:

  1. သိ င်္ဂါ ရ Says:

    ဟုတ်ပ ကို မင်းဧရာ ... ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ... သဗ္ဗူရိသ ... Blogger အပေါင်း .. သူတော်စင် ကောင်း တို့ကို ... ပြောပြလိုက်ချင်ပါရဲ့ ... :)

  1. စံပယ်ချို Says:

    သားတော်မောင်ရေ
    မသိဟန်ဆောင်နေတာ ဂယ်ဟုတ်ပါတယ် အဲလေ ဟုတ်ပါဘူးလို့ရေးတာပါ ဂယ်ပဲ မအားနေလို့လေ နောက်ရက်တော့ရေးဖြစ်မယ်ထင်တာပဲ
    သားတော်မှောင် အစစအရာရာအဆင်ပြေပြီး ချစ်ရသူနဲ့ပေါင်းဖက်ရပါစေ......အလုပ်လဲအဆင်ပြေပါစေ
    ပျော်ရွှင်တဲ့ဘလော့ဒေး လဲဖြစ်ပါစေလို့နော်

  1. Candy Says:

    တိန်... ဒင်းက သူ့ဟာသူကျ တိုတိုလေးရေးပြီး နောက်ဆုံးမှာ သများတွေကို မှတ်ချက်နဲ့ ခြိမ်းခြောက်ထားသေးတယ် >.<

  1. မိရွှေဘုတ် Says:

    သြ...သြ...ဂလောက်လေးရေးပြီး သများတွေကို ချောက်ချတယ်ပေါ့လေ.....။
    ရပါဒယ်..ရပါဒယ်..
    သများ လည်း ချောက်ချထားပါတယ်
    ဟွင်းးဟင်းး ရွှေဘုတ်ပါ ကဗျာဆြာရယ်..ဟွင်းးဟွင်းး

  1. သွင် Says:

    ပျော်ဖို့ ကောင်းတယ်နော်။ ဒီပို့ စ်လေးက အရှင်း ဆုံး ပဲ။ အတိုဆုံးလည်း ခြိမ်းခြောက် ထားသေးတယ်နော်။ မိုက်တယ်ကွာ။

  1. ဘုန်းတောက် Says:

    တောင်းဆုအတိုင်းပြည့်စေဗျာ...

  1. blackroze Says:

    လူပျိုကြီးနဲ့ အပျိုကြီးဆိုတာက
    ဘာလို့ပါလာရတာတုန်းမှုံ
    ပစ်ပစ်နားမလည်ဘူးရယ်..

  1. နွေတေးရှင် (မင်းဧရာ) Says:

    ခလေး ခလေးလိုနေတာ မဟုတ်ဘူး :p

  1. ညိမ်းနိုင် Says:

    တို့က လူပျိုကြီးမဟုတ်ဘူး လူပျိုလေးနော် ဟွမ်း

  1. Cameron Says:

    နောက်ကျမှရေးပြီး မရေးရသေးတဲ့သူကို ရန်တွေ့သွားသေးတယ် လူဇိုးးး.. ဘာပဲဖြစ်ဖြစ် ဘလော့လောကကြီး ပြန်လည်စည်ကားလက်စနဲ့ စာတွေရေးကြပါလို့ ထပ်ပြီးတိုက်တွန်းချင်ပါတယ်..။

  1. Angelhlaing(May everybody be happy and healthy! Says:

    Happy Blog Day မောင်လေး...:)))
    ဖတ်ရတာ ပျော်စရာလေး...

  1. ရွှေအိမ်စည်မေ Says:

    ဟမ် ))
    ဒေါ်အိန်ဂျယ်က မောင်လေး တဲ့ :O
    :D :D :D

  1. Yan Says:

    မင်္ဂလာပါ ကိုမင်းဧရာ..
    ဘလော့ဂ်ဒေး တက်ဂ်ပို့စ်လေးကို FaceBook မှာ လုပ်ထားတဲ့ Myanmar Blogs Digest Page လေးမှာ ဝေမျှဖို့ ယူသွားခဲ့ပါတယ်။

    https://www.facebook.com/mmblogsdigest

    ပျော်ရွှင်စွာနဲ့ စာကောင်းပေမွန်လေးတွေ ဆက်လက်ရေးသားနိုင်ပါစေဗျာ...

    ခင်မင်လျက်

    Yan.

  1. မင်းဧရာ Says:

    ကျေးဇူး အကိုရန်အောင် ။


    မင်းဧရာ

  1. သူကြီးမင်း (တုံးဖလား) Says:

    ယခုအချိန်တွင် ကောက်ရိုးမီး သူကြီးမင်းသည်လည်း ဟောတစ်ပုဒ် ဟောတစ်ပုဒ် မလုပ်နိုင်တော့ချေ။ အားလုံးကို ကိုယ်ချင်းစာပါ၏။

ုဒါပေမဲ့ ကဧရာတို့ ကဗျာလေးကိုတော့ တသသ။

  1. Aunty Tint Says:

    ပေဖြစ်မှတော့ အထုခံရတာ မဆန်းပါဘူး မင်းဧရာရယ်
    ကွန်နက်ရှင်မကောင်းတဲ့အရပ်မှာ နေရမှတော့ ဘလော့မလည်နိုင် ပို့စ်မတင်နိုင်တာ မဆန်းပါဘူး မင်းဧရာရယ်.... :P
    အခုလဲ မကြာခင်ပြန်ရတော့မှာမို့ ခွင့်လွှတ်ပါတော့ :)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  1. မောင်သီဟ Says:

    အခုမှပဲရောက်ဖြစ်တယ်ဗျို့
    ဘလော့ရွာကြီး ပြန်လည်စည်ကားဖို့
    ကြိုးစားကြစို့
    ခက်တာက အောက်အော့ဆာ့ဗစ်နေရာတွေချည်းသွားလာနေရတော့ အွန်လိုင်းပေါ်တက်နိုင် ဖူးဆရာရယ်း)


    မောင်ဘကြိုင်