(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ပြည်တော်ဘယ်တော့ ငြိမ်းမည်နည်း

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ရှူ့ပျော်သယောင်
ထိုပြည်ထောင်ဝယ်
ပိတ်မှောင်ကာဆီး
ဥာဏ်ရည်မီးလည်း
ထိန်ညီးမစွမ် နိုင်ရှာပြီ ။

ကြယ်ညီတစ်ဆုပ်
သန်းခေါင်းယုတ် ၌
ဖုံးအုပ်တိမ်မဲ
အားအံခဲလည်း
မွဲမြဲ မမြင်
များလူ ရှင် တွင်
ကျွန့်ထင်ပညာမရှိပြီ ။

ရေစီးပြေစွာ
လေလာဖြန့်ဖြူး
တေးကျူးညီညီ
မောင်မယ်သည်လည်း
သိပ်သည်းကျဉ်းမြောင်း
ငါ မာန်စောင်းနှင့် 
တွေးချင့်မမြော်
ပြည်တော်ဘယ်တော့ ငြိမ်းမည်နည်း ။



8 မှတ်ချက်:

  1. ပဥာက် Says:

    အယောက်ချင်းအယောက်ချင်းဆီတိုင်း အသိတရားရှိဖို့လိုတယ်...။ဖွာလောင်ဖွာလောင်ပြောနေတာကြတာထက်..၊စွာကျယ်စွာကျယ်လုပ်နေကြတာထက်..ဘာမှမစွမ်းဆောင်နိုင်ရင်နေပါစေ..ကိုယ်စားတဲ့ကွမ်းကို ဗျစ်ခနဲ့ထွေးချကြမယ်အစား အိတ်လေးထဲထည့်အမှိုတ်ပုံထဲထိရောက်အောင်ပစ်နိုင်ကြရင်ကောင်းသာ...ဒါလေးကအစ။ အခုတော့ ပြဿဒ်တွေမီးလောင်တာပေါ့ဗျာ..။

  1. Cameron Says:

    အမှန်တွေကိုရေးနေပါသည်....း))

  1. ဘုန်းဘုန်းတောက် Says:

    မျှော်တိုင်းဝေးဖြစ်နေတယ်...

  1. Anonymous Says:

    အိပ်နေကြတုန်းလို့ပြောကြတယ်။ နဲနဲလေး စောင့်ပေးလိုက်ပါ ရောက်လာမှာပါ။ အိပ်နေကြတာတွေ နိုးလာရင်ပေါ့။

  1. သူကြီးမင်း (တုံးဖလား) Says:

    (ကဧရာအမေး)
    ***
    ရေစီးပြေစွာ
    လေလာဖြန့်ဖြူး
    တေးကျူးညီညီ
    မောင်မယ်သည်လည်း
    သိပ်သည်းကျဉ်းမြောင်း
    ငါ မာန်စောင်းနှင့်
    တွေးချင့်မမြော်
    ပြည်တော်ဘယ်တော့ ငြိမ်းမည်နည်း ။



    (သူကြီးမင်းအဖြေ)
    ***
    ရေစီးသာယာ
    လေလာညွှတ်နူး
    တေးကျူးဖွဲ့သီ
    မောင်မယ်ညီ၍
    တည်ကြည်စိတ်ကောင်း
    မာန်မစောင်းဘဲ
    ကျိုးကြောင်းချင့်မျှော်
    အေးရိပ်ပေါ်လျှင်
    ပြည်တော်ဒီတော့ငြိမ်းမည်တည်း။ ။



    .

  1. ကေပိုး Says:

    ငြိမ်းချမ်းပါစေ.. ကိုဧရာ

  1. AH Says:

    မျှော်တိုင်း မဝေးချင်ပါဘူး အကိုရယ်..... တစ်နေ့နေ့တော့ တစ်ဒေါင့် တစ်နေရာ အုပ်ချက်သဲပွင့် ၀င်ကာကဲ့ချင်လှသါပေါ့

  1. AH Says:

    ** ချပ်...