(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

မောင်ခွေး

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


ဟိုတလောက
မိုက်သွေးကြွ ၍
ငှက်လှ လေထဲ
ပျံကာဝဲ တော့
မာန်မဲကျုံးကာဟောင်တော့၏ ။

ကြည့်မိခဏ
ပြုံးစစ နှင့်
ငါမှ ငါလူ
ဆက်ကာအူလို့
မည်သူမော၍နေမည်နည်း ။

မြည်ဟီးထိုးဟောင်
ထိုအမောင် ပင်
တတ်ယောင်ကား ရမ်း
တစ်ဖက်ကန်း ၍
တစ်ခြမ်းမမြင်ရှာမှကိုး.......။


3 မှတ်ချက်:

  1. သူကြီးမင်း (တုံးဖလား) Says:

    မောင်ခွေးတွေက အတော်လေး များလာသလိုဘဲ ကဧရာ။
    အဲ... ပြောတာ ပြောရတယ်။ တခါတလေ သူကဟောင်လိုက် တခါတလေ ကိုယ်က ဟောင်လိုက်နဲ့... မျက်စိတော့ လည်စရာ အကောင်းသားနော်။း)

  1. နွေတေးရှင် (မင်းဧရာ) Says:

    ဟုတ်ပါ့ သူကြီးရာ......
    ကိုယ်က ဟောင်လိုက်
    သူက မာန်လိုက်ပဲ ဗျိုးးးးးးး ။

    အသွင်အမြင်မတူလို့သာ
    ရန်မူကြစတမ်းဆိုရင်
    လောကကြီးလည်း စစ်တလင်းပြင်ကြီးသာ
    ဖြစ်ရော့မယ် ဘယ်တော့မှ အဆုံးသတ်မယ်မထင်ဘူးဗျာ ။

  1. စံပယ်ချို Says:

    သားတော်မောင်ရေ
    အိုမားက ဟောင်ဖို့လဲ ကြောက်တယ်...ကိုက်ဖို့လဲ ကြေက်တယ်နော်...