နေသာရဲ့လား ခင်
မုတ်သုန် မြေပြင်မှာ
ကျွံဝင်သွားတဲ့ ခြေရာ
ပြန်ရှာဖို့ မလိုပါဘူး...။
မှုံပြပြ မြို့ရိုးမှာ
အလွမ်းတွေကို တိတ်တိတ်ပျိုး ရင်း
အစွယ်ကျိုးဆင်းလာတဲ့ ဆည်းဆာမှာ
မောင်လည်း နေသာတတ်ခဲ့ပါပြီ ခင်......
တစ်ခါ တစ်ခါတော့
ရီဝေစွာနဲ့ပေါ့။
သာသနာကိုရှောင်ကွင်းနေသူများ-
-
ဘေးကိုမမြင် ခေတ်လျှင်ချထား စောင့်ထားပါရမီ
ဒွိဟိတ်မည်နှင့် တတ်လီဒိပဟိတ် ဤငါးစိတ်သည် တိရစ်ဘုံစံတို့တည်း။(လယ်တီ)
၁။ အိုနာသေဘေးကို မမြင်ဘဲ ပျော်ရွှင်မိုက်မှာ...
17 June 2012 at 07:47
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ... တစ်ခါ တစ်ခါတော့ ရီဝေစွာနဲ့ ပေါ့.....
17 June 2012 at 07:57
တစ်ခါ တစ်ခါဘဲလား။
ထင်ပါဘူး။
အမြဲတမ်း ရီဝေေ၀ ဖြစ်နေလောက်ပါတယ်။
မှတ်ချက်။
အသောက်လွန်၍ ရီဝေေ၀ ဖြစ်ခြင်းကို ဆိုလိုသည်။း)
17 June 2012 at 08:13
ခင် ရေ...သိလိုက်တော့နော်
17 June 2012 at 09:58
ကဗျာကောင်းတယ်ဆရာ
လွမ်းနေတာပေါ့နော်
သဂျီးပြောသလိုပါပဲ
ရီဝေတာကတော့ သောက်တာနဲနဲများလို့ပါ
ဘာပဲပြောပြော နေသာတတ်ခဲ့ပြီ ဆိုတာ့လဲ
ဝမ်းသာစရာပဲ
17 June 2012 at 10:32
ဘယ့်ဂလိုကြောင့် ဆာကြီး ပါလာရသလဲဗျ မစံပယ်ရ။
17 June 2012 at 11:21
ကဗျာဆရာပီသပါပေပါတယ်ဘကြီးမူံး..အသုံးအနူန်းစကားလုံးတွေနဲ့ကဗျာကအသက်ဝင်ပါပေတယ်
17 June 2012 at 18:11
မင်းမရှိပဲနဲ့လည်း ဒင်းရှိတဲ့ဘ၀မှာ နေတတ်အောင် ကျင့်ပါ အတိုင်ပင်ခံကြီးး..
18 June 2012 at 01:22
ကိုဧရာ ကျုပ်လည်း အသည်းကွဲနေတယ်ဗျာ ခင်ဗျားကဗျာလိုပဲ ကျုပ် ရီဝေေ၀
18 June 2012 at 06:58
ရေလည်မိုက်တယ် ဦးကြံသကာရေ...
18 June 2012 at 08:16
တခါတခါတော့
ရီဝေစွာနဲ့
နေတတ်ခဲ့တယ်...
ဟင်းးးးးးးးးးးးးးးးးးးးးးးးးး
(သက်ပြင်းချသံ)
ပစ်ပစ် ဆို အဲလိုရီဝေစွာနဲ့
နေတတ်အောင် ကြိုးစားနေတုန်းဘဲ အကိုရေ
18 June 2012 at 15:13
အစွယ်ကျိုးဆင်းလာတဲ့ ဆည်းဆာဆိုတဲ့ စာသားကို ကြိုက်တယ်ဧရာရေ...ဆည်းဆာ အစွယ်ကျိုးပေမယ့် ဧရာတော့ အစွယ်မကျိုးသေးဘူးထင်ရဲ့ ဟုတ်စ...အစွယ်ကျိုးတာက ခေါင်းဖြူမှ မဟုတ်လားး)
18 June 2012 at 21:43
ခေါင်းစဉ်က စလို့
ကဗျာ အစ အဆုံး
စိတ်ခံတွင်းတွေ့လိုက်တယ်။
ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
21 June 2012 at 06:09
အိန္ဒိယမှာ အလွမ်းတွေကို တိတ်တိတ်ပျိုးရင်း...အဲဟုတ်ဖူး မှုံပြပြမြို့ရိုးမှာ...။
တင်စားပုံလေးတွေ အားလုံးသဘောကျတယ် ဒကာတော် နွေတေးရှင်ရေ...
22 June 2012 at 08:24
သူလဲလေလောကီသားမို့
တစ်ခါတစ်ရံမှာတော့ ရီဝေပေအုံးမပေါ့ကွယ်း))
ကဗျာတိုလေးပေမယ့် အဓိပ္ပာယ်လေးကောင်းပါ့ မင်းဧရာရေ။ (ကုလားပြည်ကို အဒေါ်တွေမလာဖြစ်တော့လို့ တီတင့်လည်း ပြည်တော်ပြန်သွားရတယ်လေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
23 June 2012 at 14:00
အပိုအလို မရှိ ဟတ် ထိတယ် မောင်လေးရေ...:):)
26 June 2012 at 21:02
ကဗျာလေးကောင်းသဗျာ
ဒါမျိုးကဗျာတွေဖတ်ရတာ မြိန်သပါ့
မောင်ဘကြိုင်
27 June 2012 at 02:17
အလွမ်းတွေကို တိတ်တိတ်ပျိုးရင်း..
နေတတ်သလို နေနေလို့..
ကဗျာကို ကြိုက်သွားတယ်..