သမုဒယ မြေမှာ
တယုတယ ဝေ ပေမယ့်
ခြွေသူမဲ့ ကြွေနွမ်းတော့
အညတရ လမ်းက ပန်းစက္ကူ
ရနံ့ မကြူလို့ ခြူသူမဲ့သလား
မျှော်လင့်ခြင်း ရက်ရှည်မှာ
ပင့်သက်ကို အသာခြွေ
နမ်းသူမဲ့ ဝေ စေလို့
ဘယ်အငြိုးကို ချေသလဲ
အမျက်ရှိသမျှ ပြေစေ
ပွင့်ဖက်အချို့ ထိုမြေမှာ
တိုးတိတ်စွာ ဆုခြွေ.....
ဤအခြေ နဲ့ မဝေပါရစေနဲ့
အကယ်၍
ပန်းဖြစ်လို့ တပြန်ဝေလျှင်
ကြွေရင်တောင် ကောက်ယူနမ်း
ရနံ့ လွှမ်းသော ခရေ လို
ပန်းတိမ်ငိုလို အဆင်းရှိမှ
တပြန်ဆင်း ပွင့်ပါရစေ။
ကျွန်တော်နေ့တိုင်း လဘက်ရည်သွားသောက်တဲ့ ဆိုင်ရှေ့က
စက္ကူပန်းပင်လေးကိုကြည့်ပြီး လက် ကမြင်းလိုက်မိတာပါ။
အခုရက်တွေမှာ ဘယ်ကိုမှ မလာနိုင်တာလေးကိုတော့
နားလည်ပေးကြပါဗျာ အလုပ်တွေများနေရပါတယ်
နောက်တပတ် လောက်အထိတော့ ဘလောက်ဒ် လည်နိုင်မယ်မထင်းသေးဘူး
ဘလောက်ဒ်ဂါ အပေါင်းကို ကျန်းမာ ချမ်းသာ စေကြောင်းစုတောင်းရင်း
စာလုံးပေါင်းမှားခြင်းကို ပြင်ပေးသွားပါအုံးဗျာ။
ှ
်
ဲ့
သာသနာကိုရှောင်ကွင်းနေသူများ-
-
ဘေးကိုမမြင် ခေတ်လျှင်ချထား စောင့်ထားပါရမီ
ဒွိဟိတ်မည်နှင့် တတ်လီဒိပဟိတ် ဤငါးစိတ်သည် တိရစ်ဘုံစံတို့တည်း။(လယ်တီ)
၁။ အိုနာသေဘေးကို မမြင်ဘဲ ပျော်ရွှင်မိုက်မှာ...
22 October 2011 at 05:04
ပထမပိုဒ်လေးကော်ပီတွားပါကြောင်း..
ထားခဲ.တဲ.၈တူကိုပို.ပေးဘို့...ဟိဟိ
အားမငယ်နဲ.တိယား...ရှင်လာမလည်နိုင်လဲ
နာနေ.တိုင်းလာလည်မယ်နော်..old post
တွေလာချောင်းမယ်..ကြိုက်ရင်ကော်ပီမယ်..
ပြီးရင်ကောင်လေးတွေကိုရီးဇားစကားလိုက်ပြောမယ်..
နိကော်ပီတွေနဲ့.....ဒါဗျဲ
22 October 2011 at 05:44
အကိုရေ စိတ်ကူးလေးကောင်းပါသည်ဟု
မှတ်ချက်ပြုသွားပါသည်။
ဆရာဇော်ဂျီရဲ့ဗေဒါလမ်းမဟုတ်ပေမယ့်
စာနာစရာ အလွမ်းလေးလို့ ယူဆသွားပါသည်။
( အားပေးလျက် )
22 October 2011 at 07:47
ပန်းဆို စက္ကူပန်းလည်း ချစ်တယ်.. အကုန်ချစ်တယ်.. အစ်ကို့ကဗျာတွေလည်း ချစ်တယ်.. :D
23 October 2011 at 02:25
မအားလည်း ရပါတယ်ညီလေးရေ။ မင်းဘာသာ ဆက်ရေးပါ။ အားလုံးကတော့ ဒီလိုပါပဲ။ အားမှသိပ်မအားကြတာ။ တစ်ခုတော့ အကြံပေးပါရစေကွာ။ မင်းဘလော့မှာ Home ကို ပြန်သွားဖို့လုပ်ဦး။ နို့မို့ဆို အစ်ကိုတို့က ဘေးကခေါင်းစဉ်မှာ ပြန်ပြန်ရှာနေရတယ်။
23 October 2011 at 02:30
မေ့နေလို့ ထပ်ရေးလိုက်တယ်ညီလေးရေ။ မင်းမေးလ်ကို ခိုးသွားတဲ့လူသိပြီဆိုလို့ပါ။ လူတွေက အဲဒီလိုပဲကွ။ သူများဟာကို အချောင်လိုချင်တယ်။ ပြီးတော့ ဘာမှလည်း လုပ်လို့ရတာမဟုတ်ဘဲနဲ့။ သူများဟာနဲ့လျှောက်လုပ်တော့ရော သူများဟာပဲဖြစ်တာပဲ။ သူတို့ဟာ ဖြစ်မလာပါဘူး။ စိတ်ဓာတ် ယုတ်ညံ့တာပေါ့ကွာ။ အင်တာနက်သုံးပြီး စိတ်ဓာတ်အောက်တန်းကျတဲ့လူတွေဆို အစ်ကိုတို့လူ့အသိုင်းအ၀ိုင်းက လက်မခံပါဘူး။ မင်းလမ်းမင်းဆက်လျှောက်ပါ။
23 October 2011 at 10:09
ခံစားတက်လိုက်တာမောင်လေးရေ....
ဟုတ်တယ်နော်...စက္ကူပန်းလေးတွေ ဘဝက...
23 October 2011 at 22:30
ကြည့်ပြီးပဲ လက်ကမြင်းခဲ့တာလား
အပင်ကိုတော့ ဘာမှမလုပ်ခဲ့ပါဘူးနော်း)
25 October 2011 at 02:20
စက္ကူပန်းလေး မြင်တာနဲ့ ကဗျာတစ်ပုဒ်ရသွားတာ အားကျလိုက်တာ..။
ခက်ခံတဲ့ အနုပညာတစ်ရပ်မို့ ကဗျာရေးနိုင်သူတွေကို အားကျမိတယ်။
30 October 2011 at 19:21
ဟိုက်ရှာလပတ် ကိုယ်တို့ရဲ့ဘော်ကြီးကတော့
လန်းနေတုံးပဲဟေ.. အားကျ တယ်ဗျို့ ..
အနော်ဥုံးနှောက်တွေကတော့ ဗွက်လဘိုင်လည် နေလို့..
ကဗျာ မဆိုထားနှင့် ကိုယ့်နာမည် တောင် ဘယ်က စရေးရမှန်းမသိ
ဖြစ်နေလို့ ဗျို့..
ခင်မင်လေးစားလျှက်
(ဒတိယု ) [း)p