(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဆယ့်ကိုးဂျူလိုင်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မျက်ဝန်းကိုမှိတ်
အေး အရိပ်၌
ချွေးသိပ်ပါဦး
ပန်းကုံးပန်းဆိုင်
အခိုင်ခိုင်နှင့်
သွန်းဖြိုင်ကာဖြိုး
ထီးဖြူမိုး၍
တိမ်ခိုးဦးခိုက်
သူလည်းရှိုက်၏
မှောင်မိုက်လှသည့်နေ့ပါတကား။

တူသားမောင်မယ်
အသွယ်သွယ်ဆင့်
ရှူ့ ချင့်ပါဦး
သူ့ပခုံးသည်
ဝန်စည်စလွယ်
အထည်ထည်နှင့်
မဖယ်မရုန်း
ကြယ်တစ်ကုံးကို
အဆုံးသီပေးနိုင်ခဲ့၏။
 
ထိုသူခြယ်မှုန်း
ကြယ်တစ်ကုံးညီ
မပြေမလျော့
ညွှတ်ကော့နေအောင်
ဝန်ဆောင်ထမ်းရွက်
လွှဲအပ်ပခုံး
သက်ကြွေပြုန်းသည်
အဆုံး ဆယ့်ကိုးဒီဂျူလိုင်။


အပြည့်အစုံသို့

နွေ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ငွေနှင်းမှုန်ခမ်း
တပေါင်းလမ်းက
ရွက်နွမ်းကိုပွေ့
ကျွမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ခြယ်မှုန်း
ရင်ဝယ်နုံးလျှင်
ကြော့ဆုံးဘယ်သို့ ဖြေပေမည်

ရာသီရွေ့လျား
မြူဇာပါး နှင့်
ပိုင်းခြားကာရံ
မောင့်အသံကို
ကြားရန်မဆင့်
နားယံ သင့်က
ရင်မှဥသြဖြေပါမေ

သည်းကြွေပျက်ပြုန်း
တွန်စေဦးလို့
အဆုံးရင်ကွဲ 
နွေပြန်ထဲ ၌
 ထွေးပိုက်စေရာ
ဝေဒနာကို
ပြေရာဘယ်သို့ ဆုမခြွေ ။
 ( သည်နွေ ဘယ်မျှရှည်စေတော့  )





အပြည့်အစုံသို့

ခင်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ရွက်ဖျားနှင်းခို
အအေးပိုတော့
မောင့်ကိုရည်မှန်း
ထွေးလှည့်စမ်းလို့
ရော်ရမ်း၍များ ဆိုမလား ။

မြူနှင်းကွယ်ပျောက်
နွေကိုရောက်၍
ပိတောင် ခိုင်ညှာ
မြင်မိပါရင်
မောင့်ပင်ရည်မှန်း
ဆင်လှည့်စမ်းလို့
ရော်ရမ်း၍များ ဆိုမလား ။

သနားမညှာ
ညဥ့်ယံလွှာတွင်
ဝဠာဆိတ်သုဉ်း
တိမ်လိပ်ဖုံး၍
ထစ်ချုန်းမြည်ဟီး
လျှပ်စီးလက်ဖြာ
သိပ်ငယ်ရှာ လျှင်
မောင့်ရင်ပင်မှန်း
ကွယ်လှည့်စမ်းလို့
ရော်ရန်း ၍များဆိုမလား ။

အခုများဖြင့်
ပိတောက်ပွင့်ညှာ
ကြွေကာလွန့်လူး
လေရူးဝေ့၀ိုက်
မိုးလုံးမိုက်မှောင်
လျှပ်လျှက်ရောင်စီး
မငြီးမငို
မယ့်တစ်ကိုယ်ပင်
ဆိုစဉ် ဆောင်းရက်သက်ခဲ့ပြီ  ။








အပြည့်အစုံသို့

မောင်ခွေး

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


ဟိုတလောက
မိုက်သွေးကြွ ၍
ငှက်လှ လေထဲ
ပျံကာဝဲ တော့
မာန်မဲကျုံးကာဟောင်တော့၏ ။

ကြည့်မိခဏ
ပြုံးစစ နှင့်
ငါမှ ငါလူ
ဆက်ကာအူလို့
မည်သူမော၍နေမည်နည်း ။

မြည်ဟီးထိုးဟောင်
ထိုအမောင် ပင်
တတ်ယောင်ကား ရမ်း
တစ်ဖက်ကန်း ၍
တစ်ခြမ်းမမြင်ရှာမှကိုး.......။


အပြည့်အစုံသို့

ပြည်တော်ဘယ်တော့ ငြိမ်းမည်နည်း

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ရှူ့ပျော်သယောင်
ထိုပြည်ထောင်ဝယ်
ပိတ်မှောင်ကာဆီး
ဥာဏ်ရည်မီးလည်း
ထိန်ညီးမစွမ် နိုင်ရှာပြီ ။

ကြယ်ညီတစ်ဆုပ်
သန်းခေါင်းယုတ် ၌
ဖုံးအုပ်တိမ်မဲ
အားအံခဲလည်း
မွဲမြဲ မမြင်
များလူ ရှင် တွင်
ကျွန့်ထင်ပညာမရှိပြီ ။

ရေစီးပြေစွာ
လေလာဖြန့်ဖြူး
တေးကျူးညီညီ
မောင်မယ်သည်လည်း
သိပ်သည်းကျဉ်းမြောင်း
ငါ မာန်စောင်းနှင့် 
တွေးချင့်မမြော်
ပြည်တော်ဘယ်တော့ ငြိမ်းမည်နည်း ။



အပြည့်အစုံသို့

အခါလွန်မိုး

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

စိမ်းရွက်ကြိုကြား
သူခိုနား၍
ကျွမ်းမြေ့ ရင်တွင်း
ညအဆင်းလည်း
လမင်းအရောင် ခါးခဲ့ပြီ ။

*******************************

ရွက်ကျန်ရာသီ
ရော်လေသည်နောက်
မေးထောက်တောင်စွယ်
လွမ်းရောင်ခြယ်မှုန်း
သီကာကုံးလည်း
ကြော့ဆုံးသူ့ထံ
ဆင့်ရန် အခွင့်မရှိပြီ ။

********************************

လိပ်ပြာငယ်သိမ်
အတွေးအိမ်လည်း
ကွန့်ချိန်မစွမ်း
ကဗျာ ပန်းတို့
ညစ်နွမ်း၍သာ နေတော့သည် ။


*********************************

အခုရက်ပိုင်းမှာ
ဘာမှမရေးနိုင်ခဲ့ဘူး ဒါကြောင့်
ကဗျာတိုလေးတွေ စုပြီး တင်ထားလိုက်မိတယ်ဗျာ  ။


အပြည့်အစုံသို့

ဘလောဒ့်ဒေး တဂ်ပိုစ့်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဘလောဒ့်ဒေး တဲ့............
ရေးမည့်သာ ရေးရတယ် လွန်းသွားခဲ့တာတောင် ကြာနေပါပြီ
အလုပ်တွေရှုပ်နေတာရော  အရှုပ်တွေ လုပ်နေတာရော ဆိုပါတော့
စာဖတ်ခြင်း ဘလောဒ့်လည်ခြင်းတွေလည်း အတော်လေး ကျဲသွားတယ်
ဒီနေ့ညမှ သာ စိတ်လိုလက်ရ ရေးဖြစ်အောင် ရေးမယ် ဆိုပြီး
တက်လာလိုက်တာ ဘလောဒ့်ဂါတွေ တော်တော်များများနဲ့
စည်ကားသိုက်မြိုက်စွာ ရေးထားတာကို တွေ့လိုက်ရတော့
အတော်လေးကို အံ့သြသွားမိတယ်  ဘာလို့လည်း ဆိုတော့
ဘလောဒ့်တခွင် မှာ အခုလို တဂ်ပိုစ့်လေးတွေ မမြင်ရတာ
အတော့်ကို ကြာနေပါပြီ  သိပ်လည်း  မရေးကြတော့ပါဘူး
အထူသဖြင့် အမျိုးသားတွေ သိပ်အရေးနည်းသွားကြတယ်
အမျိုးသမီးတွေကတော့ ရေးနေကြစဲ ပါ ဘာရယ်လို့ မဟုတ်ဘူး
ဆိုရင်တောင် ဘလောဒ့်ဒေး အမှတ်တရ အဖြစ်ကနေ
ဘလောဒ့်လောကကြီး အသက်ပြန်ဝင်လာတာကိုတော့
ကျေးဇူးတင်မိတယ် ။

ဟိုတုန်းများ  တစ်ရက် တစ်ရက်
တက်လာသမျှပိုစ့်တွေ နိုင်အောင် မဖတ်နိုင်ပါဘူး
သိပ်ရေးကြပါတယ် ဖတ်လည်း ဖတ်ကြပါတယ်
တစ်အိမ်တက် တစ်အိမ်ဆင်း ပေါ့ဗျာ
အခုများတော့  ဘလောဒ့်ထဲ ၀င်ရမှာတောင် ပျင်းလာတယ်
ဝင်ကြည့်လိုက်ရင်း ပိုစ့် မတက်လို့ ပြန်ထွက်လိုက်ရင်း
နောက်ရက်ကြ ပြန်ဝင်ကြည့်လိုက်ရင်း  ဘယ်သူမှ မတင်လို့
ပြန်ထွက်လိုက်ရင်း ဆိုတော့ ကျနော်လည်း ကိုယ့်ဘလောဒ့် ထဲကိုတောင်
နှစ်ရက် သုံးရက် နေမှ တစ်ခါသာ ၀င်ပြီး လိုက်ဖတ်မိတော့တယ်
အဲလောက်အထိအောင် ရေးအား နည်းသွားတော့ ဘလောဒ့်ရွာကြီးဟာ
ခြောက်ကပ်ကပ် နိုင်သွားတာတော့ အမှန်ပဲ ။

ဒီလိုအခြေအနေကနေ ပြန်လည် နိုးထလာကြပါပြီ
အရင်လို ရယ်လိုက် မောလိုက် စလိုက် နောက်လိုက်
မျှဝေ ခံစားလိုက်နဲ့ သိုက်သိုက်ဝန်းဝန်း  ဆက်လက်ပြီး
ဘလောဒ့်လည် နိုင်ကြပါစေကြောင်း နှင့်  ဘလောဒ့်ဂါ
အပေါင်းသည်လည်း  ကျန်းမာ ချမ်းသာစွာ
( လူပျိုးကြီးများ နှင့်  အပျိုကြီး များသည်လည်း :p )
အစစ  အရာရာ အဆင်ပြေနိုင်ကြပါစေကြောင်း ဆုတောင်ရင်း
မင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံသော ဘလောဒ့်ဒေးလေးမှသည်
နောက်နောင် နှစ်များတိုင်အောင် ဆက်လက်ပြီး
ရေးသားနိုင်ကြပါစေဗျာ......................။




မှတ်ချက်
*******
နောက်ကျနေပြီမို့  မရေးတော့ပါဘူးလို့  အပျင်းထူးပြီး
မသိချင်ဟန်ဆောင် နေသူများ  ရေးသားကြပါကုန်
ဘယ်သူတွေလည်းဆိုတာ မပြောတော့ဘူးနော်
ကိုယ့်ဖာသာ သိကြပါ မရေးလို့တော့ အတွေ့ပဲဗျာ ။



အပြည့်အစုံသို့

အိုဗာစတေး

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဖုန်ထဲမှာပဲ  လူးလူး
ချောင်းနဖူးမှာပဲ  အိပ်အိပ်
ခြုံသိပ်ရာမှာပဲ  ခိုခှို
ဇာတ်နာအောင် ကျုပ်မငိုဘူး  ။

ကျုပ်ကျွမ်းမှ လန်းမည့်ပန်း
ကျုပ်အလွမ်းနဲ့ ချမ်းမည့် မြင်းမိုရ်
ဟောသည့်  ပြဿဒါးရက်ကို
ကျုပ်ကြိတ်ကြိတ်ပြီး  ချိုပြစ်လိုက်တယ် ။

ထောင်ချင်ထောင်  တန်းချင်တန်း
ငရဲထက် ကြမ်းတဲ့ ပြည်အ၀င်
မေးတင်မိတာလည်း ခဏ  ခဏ
ဒါပေမယ့်လေ  ကျုပ်တံတွေးတွေပဲ  မျိုမျိုချနေရတယ် ။


အပြည့်အစုံသို့

နှောင်း

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခရီးဖင့်နှေး
ရွာရက်ဝေးမှ
ကြူမွှေးပန်းငုံ
ရင်ငွေ့လှုံသည်
ပဇ္ဇုန် ဘယ်သို့ရှိပေမည် ။

ဝေပါ စွေရှာ
ဟို အခါက
အငြိုးချချေ
မြရည်ဖွေ လိမ်း
တမင်စိမ်း လည်း
ရာသီသိမ်းထိ စွေဖူး၏ ။

အခုတော့ဖြင့်လေ

ပန်းနှောင်း
မိုးနှောင်း
မရွာကောင်းမှ
ဒီရေတောင်းသူ
ထိုမဉ္ဇူ ခို
တိမ်ညို မပြိုသာတော့ပြီ ။



အပြည့်အစုံသို့

ဆု

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

တိမ်ညိုတွေငိုကာ မှ
စိုခွင့်ရမယ့် ဒီမြေလည်း
ကွဲအက်ခါနေပါစေတော့  ။

 ငွေကြယ်တွေ အရောင်ကြွဖို့
မှောင်ပြရတဲ့ သန်းခေါင်လို
ကောင်းကင်ညိုလို့ မငိုတော့ဘူး  ။

ပန်ခဲ့ဘူးသော  သစ္စာကြောင့်
ဆုတစ်ခုအဖြစ် မြှောက်ခဲ့ရင်
ကိုယ်တိုင်ချူဆင်ခွင့်   ရမှ
ပန်းလှလှကို  မြင်ပါရစေ ။


အပြည့်အစုံသို့

သောက တစ်ရေးနိုး

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


ကျွမ်းမြိုက်လောင်ဆူ
ရင်၌ပူ လို့ 
ကျူကျူဟစ် ကြွေး
ပိုက်ထွေးသောက
ထိုနွေညလည်း ကျန်ခဲ့ပြီ ။

ဝေ့သီမျက်ဝန်း
သောကစွန်း လို့ 
နွေကျွန်းအလည်
အလွမ်းသည် ပင် 
ဆိတ်ကွယ် သံတိုး
ဤမြူခိုးနဲ့
ခပ်တိုးတိုးသာ ဝေတော့၏ ။

မျောလွင့်ရှည်ကြာ
ရော်ရွက်ဝါ နှင့်
ဒဏ်သင့် အတူ
မျက်ရည်ပူလည်း
အက်ကွဲခန်းခြောက်
ခြေရာဖျောက်လို့
ကွယ်ပျောက်ငုံ့လျှိုး
ထိုညဆိုး မှ
သောက တစ်ရေးနိုးခဲ့ချိန် ။


အပြည့်အစုံသို့