ရွက်ဖျားနှင်းခို
အအေးပိုတော့
မောင့်ကိုရည်မှန်း
ထွေးလှည့်စမ်းလို့
ရော်ရမ်း၍များ ဆိုမလား ။
မြူနှင်းကွယ်ပျောက်
နွေကိုရောက်၍
ပိတောင် ခိုင်ညှာ
မြင်မိပါရင်
မောင့်ပင်ရည်မှန်း
ဆင်လှည့်စမ်းလို့
ရော်ရမ်း၍များ ဆိုမလား ။
သနားမညှာ
ညဥ့်ယံလွှာတွင်
ဝဠာဆိတ်သုဉ်း
တိမ်လိပ်ဖုံး၍
ထစ်ချုန်းမြည်ဟီး
လျှပ်စီးလက်ဖြာ
သိပ်ငယ်ရှာ လျှင်
မောင့်ရင်ပင်မှန်း
ကွယ်လှည့်စမ်းလို့
ရော်ရန်း ၍များဆိုမလား ။
အခုများဖြင့်
ပိတောက်ပွင့်ညှာ
ကြွေကာလွန့်လူး
လေရူးဝေ့၀ိုက်
မိုးလုံးမိုက်မှောင်
လျှပ်လျှက်ရောင်စီး
မငြီးမငို
မယ့်တစ်ကိုယ်ပင်
ဆိုစဉ် ဆောင်းရက်သက်ခဲ့ပြီ ။
20 October 2013 at 07:31
အလွမ်း ရက် ဆက်
ဆောင်းရက် သက် လွန်
ကုန်လွန်း ဆုံးတော့
"ခင်" အလွမ်း စ
ဆုံး ရစေသတည်း .......
ကဗျာကောင်းကို ပျက်စီးလိုက်ပြီ ...အဟီး .... မြန်တော့မယ် .......
20 October 2013 at 08:21
အားကိုးပါရစေ..မောင်ကြီးရယ်..ပေါ့..ဟဟဟဟ
ဘမူံဘမူံ.....။
20 October 2013 at 18:56
နွေလွန် မိုးပြတ် တစ်ဆောင်းသက်၍ မယ့်တွက် မောင့်ရင် ထာဝစဉ်သာ ဘယ်ခါမလပ် စောင့်နေလျှက်ပင် မယ့်ရင်ဘယ်မျှအေးပါစေ ။
21 October 2013 at 07:15
အားပါး...တို့လူကြီး နုချက်ကတော့ ပက်ပက်စက်စက်ပါလား ကွယ်ရို့...ဥတုသုံးလီ မောင့်ရင်မှီးစမ်း မကြောက်တမ်းပေါ့...ခင်လည်း ၀မ်းသာချေရော့မည်...း)
22 October 2013 at 03:01
ခင်ကိုပဲလွမ်းနေတာလား......
ဆရာဦး ဟန်ကြည်ပြောသလိုပါပဲနော်....
18 November 2013 at 05:15
စီကရက်ဘူးခွံ ရွှေစလွယ်ကြီး ရတယ်ဆိုတော့ .. စီကရက်တွေရော ဝေစုမရခဲ့ဘူးလား ဆြာကြီး... :P
5 December 2013 at 19:38
ခင်..
ကဗျာလေးကို နှစ်သက်မြတ်နိုးစွာ ခံစားသွားပါတယ်ရှင်။
7 December 2013 at 20:27
ဟယ်လွမ်းစရာကြီးပါလားဗတာ်း)း)
13 December 2013 at 06:12
လွမ်းတမျှော်မှန်း ရော်ရမ်းစိတ်လွှာ ဖြာဖြာခက်လက် ကြင်သူသက်ဆီ ဆက်ဆက်ရည် ...
19 December 2013 at 13:55
ဘမှုံရယ်..
ဘာလို့ ဒီလောက် နုရတာတုန်း..
ကြွေသွားပြီ.. ကဗျာက တကယ် heart ထိတယ်ဗျာ.။ ကူးသွားပြီ..။
20 December 2013 at 06:17
အရမ်းကြိုက်တယ် ဒီကဗျာလေးကို :D