ခရေရိပ်
တွေး တဆိတ်ခိုဝင်တော့
မြညှာနှော့ အသွေးညီကို
ကျွန်ရွေးကာ သီခဲ့ပါရဲ့
ရွယ်ရည်တဲ့ ခင့်ထံမှာ
လှောင်ရယ်ဟန် အသွေးငယ်ကြောင့်
ငုံ့ကာလျှောက် နောက်တဖန်
လည်ပြန်ကာ မကြည့်တော့ပါဘု
ဒီပွင့်ဦး ခရေကိုဖြင့်
ဟို ကုန်းမြင့်ထွဋ်စေတီမှာ
ခင့်ကိုရည် လှူခဲ့ပြီ မို့
ဆုံးအဖို့ သံသရာ
သူ့လိုသာ ခင် သင်းပေလိမ့်
စိုးဆိတ်မျှ မငြင်ပါဘူး
ဆုထူး ထို ပန်ခွင့်ကိုမင့်
ခါသင့်၍ ကြုံပါလျင်
တမယ် ခင်
ထာဝစဉ် ပျော်စေတော့
မြညှာနှော့ အသွေးညီ
ကျွန်ရွေးသီ ခရေကုံး ဖြင့်
နောက်ဆုံးပင့် လက်ဆယ်စုံ
ခင့် အတွက်ပုံခဲ့ပါ ရဲ့
ပျက်ရယ်ဖွဲ့ ကြမ္မာညိုစဉ်
ခရေပင် ဒီအရိပ်က တွေးစိတ် ဆုတောင်း ။
...................................................................................................................................................
( သူကြီးမင်း ကျွန်တော် နှင့် လုံးသလိုလို ပြားသလိုလို အောက်ပါများ )
ဟို အပေါ်က( ခရေရိပ် )ကိုရေးနေရင်း အဆုံးသတ်ရန် အတွက် အတော့်ကို ရွာလည်သွားပါတယ်
ဘာလို့လည်းဆိုတော့ ရေးနေရင်းနဲ့ ကိုရေးနေတာ ဘယ်ထဲကို အကျုံးဝင်နေမှန်း မသိတော့ပါဘူး
ဒါကြောင့်မို့ ကျွန်တော် သူကြီးမင်းကို လှမ်းပြီး အကူအညီ တောင်းရပါတော့တယ် အောက်မှာ ပထမ ကျွန်တော်ရေးထားတာရော သူကြီးမင်း ပြင်လိုက်တာရော ထို လုံးသလိုလို ပြားသလိုလိုထဲကနေ ခွဲစိတ်လိုက်တာရော ကို တင်ပေးလိုက်ပါတယ်။
ထိုသို့ တင်ပြရခြင်းမှာ ဘာရယ်လို့ ရည်ရွယ်ခြင်းမရှိပေမယ့်လို့ စာပေ အနုပညာ ယဉ်ကျေးမှု့များနှင့် ပတ်သက်လာတဲ့အခါ ( ငါမှသိ ငါမှတတ် ငါ့အထက် ဘယ်သူမှမရှိ ဆိုသူတွေ )တစ်ယောက်ကိုတစ်ယောက် ရှုံ့ချနေကြခြင်းထက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ၀ိုင်းဝန်း ကူညီဖြေရှင်း ခြင်းက ပိုမိုသာလွန် ကောင်းမွန်းကြောင်းကိုသိစေ လိုယုံ သက်သက်ဖြင့် တင်ပြရခြင်းဖြစ်ပါတယ် ခင်မျာ ။
............................................................................................................................................
( ပထမ ကျွန်တော် ရေးနေရင်း က သူကြီးမင်းထံ အကူအညီ တောင်းခံပုံ )
ခရေရိပ်
တွေး တဆိတ်ခိုဝင်တော့
မြညှာနှော့ အသွေးညီကို
ကျွန်ရွေးကာ သီခဲ့ပါရဲ့
တွေး တဆိတ်ခိုဝင်တော့
မြညှာနှော့ အသွေးညီကို
ကျွန်ရွေးကာ သီခဲ့ပါရဲ့
ရွယ်ရည်တဲ့ ခင့် ထံမှာ
လှောင်ရယ်ဟန် အသွေးငယ်ကြောင့်
ငုံ့ကာလျှောက် နောက်တစ်ဖန်
လည်ပြန်ကာ မကြည့်တော့ပါဘု
လှောင်ရယ်ဟန် အသွေးငယ်ကြောင့်
ငုံ့ကာလျှောက် နောက်တစ်ဖန်
လည်ပြန်ကာ မကြည့်တော့ပါဘု
ဒီပွင့်ဦး ခရေကိုဖြင့်
ဟိုကုန်းမြင့် ထွဋ်စေတီမှာ
ခင့် ကိုရည် လှူခဲ့ပြီ မို့
ဆုံးအဖို့ သံသရာ
သူ့ လိုသာ ခင် မွှေးပေလိမ့်
ဟိုကုန်းမြင့် ထွဋ်စေတီမှာ
ခင့် ကိုရည် လှူခဲ့ပြီ မို့
ဆုံးအဖို့ သံသရာ
သူ့ လိုသာ ခင် မွှေးပေလိမ့်
စိုးဆိတ်မျှမငြင်ပါဘူး
ဆုထူးထို ပန်ခွင့်ကိုမင့်
ခါသင့်၍ ကြုံပါ လျှင်
တမယ် ခင်
ထာဝစဉ် ပြုံးစေတော့
မြညှာနှော့ အသွေးညီ
ကျွန်ရွေးသီ ခရေကုံးဖြင့်
နောက်ဆုံးပင့် လက်ဆယ်စုံကို
ခင့် အတွက် ပုံခဲ့ပါရဲ့ လေး......။
ဆုထူးထို ပန်ခွင့်ကိုမင့်
ခါသင့်၍ ကြုံပါ လျှင်
တမယ် ခင်
ထာဝစဉ် ပြုံးစေတော့
မြညှာနှော့ အသွေးညီ
ကျွန်ရွေးသီ ခရေကုံးဖြင့်
နောက်ဆုံးပင့် လက်ဆယ်စုံကို
ခင့် အတွက် ပုံခဲ့ပါရဲ့ လေး......။
အထက်ပါ ကဗျာ လိုလို ဘာလိုလိုက ဘယ်စရင်း ဝင်နေမှန်းမသိဘူးဗျာ နောက်ပြီး
တစ်ပိုဒ်ချင်းစီမှာ ပုဒ်မ ချသင့် မချသင့် ပေါ့ ကဗျာ ရဲ့
အဆုံးသတ်ပုံလေးကိုလည်း သုံးသပ်ပေးပါဦး ပြင်သင့်ရင်လည်း ပြင်ပေးပါ
သူကြီးမင်းရေ ။
........................................................................................................................................
( သူကြီးမင်း ကျွန်တော့် ထံသို့ ပြန်ပို့ပုံ )
မောင်မင်းဧရာရဲ့
ကဗျာကို နာမည်ပေးလို့ မရပေမဲ့ (သူကြီးမင်းကိုယ်တိုင် ကဗျာဖွဲ့နည်း
မစုံတာလဲ ဖြစ်နိုင်ပါတယ်) ဖတ်လို့ အတော်လေး ကောင်းပါတယ်။
တစ်ခါတစ်လေမှာ စည်းနဲ့ ဘောင်နဲ့ ရေးရလုပ်ရတာထက် ဖရီးကစ်တွေက
ပိုကောင်းနေတတ်တယ်။ ဒါကြောင့်လဲ ကဗျာလွတ်အကဆိုတဲ့ အကတစ်မျိုး ပေါ်လာတာ
ဖြစ်မယ်။း)
မောင်မင်းဧရာရဲ့ ကဗျာက
ကွန်းထောက် နဲ့ ဆင်သလိုလို
ကွန်းထောက် နဲ့ ဆင်သလိုလို
ဒွေးချိုးနဲ့ တူသလိုလို
တြိချိုးနဲ့ နီးစပ်သလိုလို
လေးချိုးစတိုင်လ်လိုလို
လေးချိုးစတိုင်လ်လိုလို
အဆုံးမှာတော့ တေးထပ်လိုလို။
အားလုံးကို ရောသမ မွှေထားသလိုလိုဘဲ။ ဖတ်လို့ တကယ်ကောင်းပါတယ်။ ဒီလို အရှိအတိုင်း ဘလော့ပေါ် တင်လိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။
စာပိုဒ်ခွဲရင်တော့ ပုဒ်မ ချတာ ပိုကောင်းမယ် ထင်ပါတယ်။
အခု ကမင်းဧရာရဲ့ ကဗျာက စာပိုဒ်မခွဲလဲ ကာရန်တွေ ချိတ်မိနေတဲ့အတွက် အဆင်ပြေပါတယ်။
ခွဲရင်ချ မခွဲရင် မချရုံပေါ့။
သူကြီးမင်း နဲနဲလောက် ကမင်းဧရာရဲ့ ကဗျာကို ခွဲထုတ် စိတ်ဖြာကြည့်လိုက်တယ်။
တြိချိုး သုံးမျိုး ထွက်သွားတယ်။
ဖတ်လို့တော့ မကောင်းသလိုလိုဘဲ။
တြိချိုး သုံးမျိုး ထွက်သွားတယ်။
ဖတ်လို့တော့ မကောင်းသလိုလိုဘဲ။
ကမင်းဧရာ မြည်းကြည့်ဦးပေါ့။
....
ခရေရိပ်
တွေးတဆိတ် ခိုကာဝင်ပြန်တော့
မြညှာနှော့ အသွေးညီ....
ခရေရိပ်
တွေးတဆိတ် ခိုကာဝင်ပြန်တော့
ကျွန်ရွေးကာသီ။
လှောင်ရီဟန် ငယ်သွေး။
..............
သင်းပျံ့ကာ မွှေး။
............
ယုံကွဲ့ ခင်လေး။
အထက်မှာ ဆိုခဲ့သလိုမျိုး တစ်ယောက်ကိုတစ်ယောက် ဖေးမ မှု့မထားကြပါဘဲ ငါမှသိ ငါမှတတ် ငါ့အထက် ဘယ်သူမှ မရှိဆိုတဲ့ အတွေးတွေ နဲ့များ ခင်ဗျားတို့က မြန်မာ့ စာပေ လောကကြီးကို တိုးတတ်အောင် လုပ်မည်လေး ဘာလေးနဲ့ ဘုန်းကြီး နှင့် ဘီး နီးပြီးဆိုသလိုပါဘဲ သိပ်ဝေးလှတယ် မထင်ပါဘူး ။
( သူကြီးမင်း `၏ ခွင့်ပြုချက် မရယူမိဘဲ သူ့ဆီမှ ပြန်ပို့ထားသော mail အတိုင်း တင်ပြမှု့လေးတွေကို တော့ တောင်းပန်ပါတယ် သူကြီးရေ )။
1 June 2013 at 21:18
ကဗျာကောင်းပဲ...တစ်ခုပဲ ပြောစရာရှိတာက...လည်လိုက်နေသလို ထင်ရတယ်...စာသားရဲ့ နုနွဲ့မှုနောက်ကို ဦးစားပေးလိုက်လို့ပဲ ဖြစ်မယ်ထင်တယ်...ပြောမယ့်သာပြောရတာရယ်...ဆရာရေးဖြစ်ရင်လည်း အနှီလို လည်ခံနေတာတွေချည်း ခပ်များများ...သူကြီးမင်း တောက်တောက်စင်းပြီး ပြန်ဖြတ်ညှပ်ကပ်လိုက်တာ ဖတ်ရတာ အရင်ကထက်တော့ အဆင်ပြေသွားသား...သူမို့ ကြိချိုးဖြစ်အောင် လုပ်တတ်တာ ချီးကျူးလောက်ပါသဗျား...
2 June 2013 at 05:52
ဟုတ်တယ် ဆရာ အပိုဒ် ခွဲလိုက်ရင် ပိုကောင်းသွားမယ် ထင်တယ် သို့ပေသိ မခွဲ လိုက်မိဘူး အဲဒါကြောင့် လုံးသလိုလို ဖြစ်သွားတာ ။
3 June 2013 at 08:24
မိမိုးနတ်တော့ အဲဒါတွေ ညဏ်မမှီဘူးရှင့်....
အော် ကိုယ်က နုသေးသကိုးးးးးးးးးးးးးး
ဟီးးးးးးးးး မန့်ရမှာ ပျင်းတာနဲ့ အဲလို
အချောင်ခိုလိုက်တယ် ဘယ်ရမလဲ ငါကွ :PPPPPP
4 June 2013 at 00:05
ကဧရာတို့တော့ လုပ်ပြီ။ သူကြီးမင်းရဲ့ ကပျိုးကချောက် ကဗျာလေးပါ ကောက်ထည့်လိုက်ရတယ်လို့။ လူတွေ အရသာ ပျက်နေပါဦးမယ် ကဧရာ။
4 June 2013 at 06:34
ပျက်ပါဘူး သူကြီးရာ ဒီအတိုင်းထားခဲ့ရမှာကိ သိပ်နှမျော လို့ ဗျ ။
28 November 2013 at 09:13
အို.... အကုန်ကြိုက်သဗျာ....