တိမ်ညိုရည်မှောင်
လေပြေဆောင်စဉ်
မာန်စောင်ထစ်ချုန်း
ရွှေပြည်ဖုံးမျှ
ဘယ်အမုန်းကြောင့် ရွာသနည်း ။
စိမ်စိုသစ်လွင်
သည်လွင်ပြင်မှာ
ကန်ရေလည်းပြာ
ပျိုးလည်းသာ၍
စဲပါခဏ
တောင်းပန်ရသည်
ဦးမာဃ သို့ပို့သော စာ ။
အရင်ဘလောဒ့်ဟောင်းက ကဗျာလေးပါဗျာ
အတွေးထဲ ပေါ်လာတုန်း ပြန်တင်လိုက်တာ။
30 May 2013 at 10:25
ဟုတ်ပ...ခဏလေးတော့ စဲစေချင်ပါသည်။ ဘယ်လိုအမုန်း
ကြောင့်မျှ ထစ်ထစ်ချုံးချုံး မရွာစေချင်တော့ပါဗျာ။
30 May 2013 at 11:00
ချစ်ခြင်းနဲ့မုန်းခြင်းဆို ကျူပ်ကတောပ မုန်းခြင်းတ၇ားဆို
ဥပေက္ခာပြုလိုက်တာပဲ....
31 May 2013 at 06:16
ချစ်စရာ ကဗျာလှလှလေးးးး
စိမ်းစို :)
31 May 2013 at 06:31
အိမ်အိုတည်ထောင်
နွေလေစောင်စဉ်
ဟန်ဆောင်ပစ်မုန်း
နေခြည်ဖုံးမျှ
သည် အမုန်းကြောင့် ရွာသတည်း။
ဟိန်းဆိုပစ်တင်
သည်ရင်ခွင်မှာ
သံတွေလည်းပြာ
အိုးလဲနာ၍ (အသံအိုး)
ဆဲတာရပ်မှ
ဗြောင်းဆန်ကြသည်
ကဧရာ့သို့ ပြန်သောစာ။
ကဗျာမစပ်ရတာကြာလို့ မောင်မင်းဧရာ့အလိုက် လုပ်ကြည့်လိုက်သည်။း)
17 June 2013 at 09:18
ကဗျာ လေးတွေ ဖတ်ရှူ့ ခံစားသွားပါတယ်။