သီကုံးခြယ်သ ကဗျာလှကို
ဖွဖွဆိုရွတ် တတွတ်တွတ်နှင့်
ညရင့်ရင့်ကို ယခင်လိုသာ
တစ်ကိုယ်ရေသာ ဖြတ်မြဲ ခင် ။
ကြည့်မိကောင်းကင် တိမ်လွှာစင်၍
ကြယ်ပြင်ဖွေးဖွေး လရေးရေးတွင်
လိပ်ပြာရွှင်မြူး လေပြေဖြူးသော့
မှေးရော့ထင်သည် ခင့်ရင် အိပ်မက်လှမည်လား ။
မြသားဗွေတွင်း အာရုံကျင်းလို
မင်းလွင်ပျိုဝယ် ပန်းချီခြယ်မှုန်း
ပန်းရောင်ဖုံးမျှ ရုန်းကြွသူရိန်
ထိုအချိန်ကို ပန်းထိုထိုပွင့်
ကျူးရင့်သံစုံ ရိပ်မြုံသိုက်နန်း
နေခြည်ဖြန်းကို တေးဆန်းတွေဆို ကြိုကြပြီ ။
7 May 2013 at 05:33
မြလွှာရုံနှင့် မြကြာရုံ လွဲများနေလေရော့သလား ကမင်းဧရာ။း)
ညဥ့်နက်နက်မှာ ကောင်းကင်ပေါ် မော့ကြည့်နေတတ်တဲ့ ရောဂါတွေ ရလာပြီထင်တယ်။ ဒါဖြင့်လဲ ဆက်မော့ကြည့်ပါလေ။း)
7 May 2013 at 06:31
ညရင့်ရင့်တွေ
တယောက်ထဲဝမ်းနဲနေတာလား
10 May 2013 at 10:07
မော့ကြည့်စရာ ကောင်းကင် ရှိနေသေးသ၍ ဖြေသာလို့ ရပါသေးတယ် ... ဖိုက်တင်း...!!!