ခန်းဝအရောက် ၊ လက်ကိုမြှေက်မှ
ခေါက်မည့်တံခါး ၊ ငါ့အားဆီးကြို
မျက်ရည်စိုနဲ့ ပါတကား ။
နေကားမထိုး ၊ လေမတိုးပဲ
ပန်းမျိုးထိုမျှ ၊ ညှိုးခဲ့ရလျှင်
အသွင်ဘယ်သို့ ရှိလေပြီ ။
အပြစ်မဆို ၊ မောင့်ရင်ခိုကွယ်
ဆိုမည်ကြံ စဲ ၊ မုတ်သုန်ထဲမို့
မောင်လည်း ရင်နာခဲ့ရ၏ ။
9 May 2013 at 07:43
အပြစ်မဆို ၊ မောင့်ရင်ခိုကွယ်
ဆိုမည်ကြံ စဲ ၊ မုတ်သုန်ထဲမို့
မောင်လည်း ရင်နာခဲ့ရ၏
9 May 2013 at 12:17
မောင်လည်းရင်နာ ငိုစမ်းပါနဲ့
ခင့်မှာ အပိုဆု မောင်ရမည်း)
ဟဲ ဟဲ...အနှီလောက်ကြီးတော့ ရက်ရက်စက်စက် မလုပ်နဲ့လေ စိန်ဧရာ...ဘယ့်နှယ် စဉ်းစားလေလေ တွေးမဖြေစရာကြီး...ဖြစ်ချင်ရာဖြစ် တံခါးသာခေါက်ပစ်လိုက်း)
9 May 2013 at 18:51
ကျွန်တော် ကြောက်တဲ့ အထဲ မှာ ဆရာ ရယ် သူကြီးမင်း ရယ်ကို အကြောက်ဆုံးပဲ ဒေါက် ဒေါက် ဒေါက် နဲ့ ထောက်ပြ သွားတာများ သိပ်တော်တာဘဲ ။
9 May 2013 at 20:29
တွေးကြည့်လေ.နက်လေ.တွေးကြည့်လေ..နက်လေ...
10 May 2013 at 10:04
မငိုပါနဲ့...
ဖတ်ရသူတောင် ကြေကွဲလာတယ် ...:D
22 May 2013 at 14:43
ပစ်ရမယ်ဆိုလဲ အဆီနဲ့တ၀င်းဝင်း
စားရမယ်ဆိုပြန်တော့လဲ သဲနဲ့ တရှပ်ရှပ် ဆိုသလိုပေါ့ မောင်မင်းဧရာ။ ရင်နာမယ်ဆိုလဲ နာချင်စရာ။း)