ဒီကမ်းပြာကြည်
သာစည်ပါလျက်
တရပ်တကျေး
ဟို အဝေးနယ်
စွန့်ပယ်ခွါကြ
ရင်နာ လှပြီ....။
ဘယ်ဆီဆုံရက်
ချိုးရေတွက်လည်း
နက်နဲတစ်ထွာ
သည်ဝမ်းဟာ၍
လွမ်းငွေ့ကိုယ်စီ
တောက်လောင်သည်သာ
သဟာအဆွေ ခွဲရချေပြီ
ကြိုမည်အသော့ ပြန်လာချိန် ။
နေရှိန်ပူပြင်း
ဤသလင်း ဝ
မိုးပြမှိုင်းမှိုင်း
တောတိုင်းစိမ်းစို
ကောက်နှံပျို နှင့်
အသွင်တင့်က
သာစွဌာနေ
ကျွန့််နေပြည်ကို
ဝင်ခိုမှေးစက်
သင် ချွေးသတ်စေ
အဆွေ ဤသို့မျှော်သေး၏ ။
ကိုလွင်ပြင် နှင့် မစံပယ်ချို တို့ အတွက်
အမှတ်တရပါ နောင်တစ်ချိန်မှာ တော့
ကျွန်တော်တို့တစ်တွေ ပြန်လည် ဆုံစည်းနိုင်ဖို့
မျှော်လင့်နေရင်း...................................။
15 May 2013 at 23:23
အော် အမှတ်တရရေးပေးထားတဲ့ ကဗျာလေးလား။ ကဗျာလေးက ရွတ်လို့ကောင်းတယ်။ အသံနေအသံထားမှန်မှန်နဲ့ ရွတ်ရင်ပိုတောင် အသက်ဝင်ဦးမယ်။ အစ်မစံပယ်နဲ့ အစ်ကို လွင်ပြင်လဲ ကြိုက်မှာပါ။
16 May 2013 at 07:43
အင်းးးးးးးးးးးးးးး
ဒီကဗျာလေးဖတ်ပြီး အကိုနဲ့အမကို အားကြီးလွမ်းတာပဲ
တနေ့နေ့တော့ အကို့ဆန္ဒတွေ သေချာပေါက်
ပြည့်ဝမှာပါ အကိုရယ်..တနေ့နေ့ပေါ့
17 May 2013 at 12:52
ဘလော့မပတ်ဖြစ်တာကြာသွားတော့ ဘလော့ရွာသတင်း ပုလင်းတွေ အဆက်ပြတ်သွားတယ်...ဂျက်တို့ ဘယ်ပြောင်းသွားကြပြန်ပြီလဲဆိုတာတောင် မသိလောက်အောင်ဆိုတော့ ကိုယ့်ကိုယ်ကို အတော်အားမရဘူး ဧရာရေ...
ဒီကဗျာလေး အတော့်ကို နရီမှန်တာပဲ...သုံးလေးခေါက်တောင် ပြန်ဖတ်မိတယ်...
19 May 2013 at 00:22
အထက်မှာ ရိုးမြေကျ ပြောသွားသလိုပါပဲ။ ကဗျာလေးက အသံနေ အသံထားလေးနဲ့ ရွတ်တော့ ကောာင်းလိုက်တာ။ မြတ်က ကဗျာကလေးတွေ သဘောကျရင် အသံထွက်ပြီး ရွတ်လေ့ရှိတယ်။ သူတို့လေးတွေရဲ့ အလှ ပိုပြီး ပေါ်လွင်အောင်လို့။
ဒီကဗျာလေးကို ဖတ်ပြီးတော့ ရေကြည်ရာ မြက်နုရာ ရှာကြရတဲ့ ပျော်ရာမှာမနေ တော်ရာမှာနေကြရတဲ့ မြတ်ဘဝအပါအဝင် ဘဝတွေများစွာအကြောင်းကို တွေးဆင်ခြင်မိတယ်။
ခင်မင်စွာနဲ့
မြတ်ပန်းနွယ်
22 May 2013 at 14:34
ဆုံ ကွဲ တွေ့ ကြုံ၊ ဘွဇာတ်ခုံလို့ ဆိုသကိုး မောင်မင်းဧရာ။ ဘ၀ထဲက တရားဓမ္မတွေဘဲပေါ့။