ပစ္စုပ္ပန် ရက်ကြေကို ခင်း
သလင်းပျက်ကြီး အတွင်းမှာ
ကသောင်းကနင်း အစာရှာ
လည်ပြန်ခွင့် မသာတဲ့ အိပ်တန်း
ထုသားပေသားကျ အလွမ်းနဲ့
သိပ်ရမ်းကားနေတဲ့ ညနေ အချို့
တစ်ခါတစ်ခါတော့ ကျုပ် မျက်ရည်တွေ ပျို့မိတယ်
အမေ
သမုဒယ အမြှောင်းမြှောင်းနဲ့
လောကကို ခါးစောင်းတင်
ခွက်ဝင်နေတဲ့ မျက်ဝန်းတွေ
တိုးတိတ်စွာ ငိုနေမလား
ဟိုတုန်းကလို အပြုံးနဲ့
ကျုံးရုန်းပြီး ပြန်ထ
သူရဲကောင်းတွေလို ''က'' ပြပါ
ဘ၀ ဆိုတာ အဲဒါပေါ့ အမေ....။
သာသနာကိုရှောင်ကွင်းနေသူများ-
-
ဘေးကိုမမြင် ခေတ်လျှင်ချထား စောင့်ထားပါရမီ
ဒွိဟိတ်မည်နှင့် တတ်လီဒိပဟိတ် ဤငါးစိတ်သည် တိရစ်ဘုံစံတို့တည်း။(လယ်တီ)
၁။ အိုနာသေဘေးကို မမြင်ဘဲ ပျော်ရွှင်မိုက်မှာ...
2 July 2012 at 09:06
လူပျိုကြီး အမေကိုတမ်းတပြီးပျို့တဲ့မျက်ရည်
ဟုတ်ပါစေနော်းp
2 July 2012 at 09:20
အမေကိုတမ်းတနေပုံထောက် တစ်ခုခုတော့တစ်ခုခုပဲ :P
အမေကဗျာလေး အားပေးသွားတယ် မင်းဧရာရေ။ ကလောင်လေး မသွေးလဲ ထက်နေဆဲပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
2 July 2012 at 10:37
ဘ၀ဆိုတာ အဲဒါပေါ့ အမေ...
ခင်မင်လျက်
ဘုန်းဘုန်းတောက်
2 July 2012 at 10:39
အစ်မကတော့ ကိုယ်တစ်ယောက်ထဲ ကိုးကွယ်ရာမဲ့နေချိန်ဆို အမေကို တမိတယ် ..မောင်လေးကရော...??
ခံစားအားပေးသွားလျှက်...
2 July 2012 at 16:35
မောင်ဘကြိုင်ထက် အ တစ်လုံး ပိုတယ်။ မောင်ဘကြိုင်က မေ တဲ့။း)
လွမ်းလို့ချည်း မနေနဲ့။ ပိုက်ပိုက်လေး ဘာလေးလဲ ပို့လိုက်ဦး။ ကဗျာဆရာတွေ လွမ်းရင် ရိုးရိုးလူတွေ လွမ်းတာ ပိုလွမ်းတတ်ကြတယ်။
ဒါနဲ့... ဘယ်အမေကို ပြောနေတာပါလိမ့်။ တစ်ခါတစ်ခါကျ ယူဆမိတာနဲ့ တစ်ခြားစီ ဖြစ်နေတတ်လို့။
2 July 2012 at 19:59
အမေကဗျာလေးကောင်းတယ်ဗျို့
2 July 2012 at 22:18
ကောင်းလိုက်တဲ့ ကဗျာလေး...
တော်လိုက်တာ ငါ့အစ်ကိုလို့ မပြောရဘူး.. ဟိဟိဟိ xD
2 July 2012 at 22:19
ကြိုက်တယ် တကယ်လေးစားတယ်ကိုမင်းဧရာရေး))
3 July 2012 at 01:13
အမေဆိုတာ ...
ကျွန်မတို့ အားလုံးအတွက်
အထွဋ်အမြတ်ပါ..။
3 July 2012 at 03:22
သားရယ်...အမေ က ပြချင်ပေမယ့် ပွဲမိန့်မကျဘူးကွယ့်
:P (ဟီး...စတာ ဘကြီး....) လည်ပြန်ခွင့်မသာတဲ့ အိပ်တန်း
အဲ့စကားစုကိုတော့ ခိုက်သဗျာ.....၊ရင်ကိုတည့်တည့်ပဲ။
ကျွန်တော်တို့ ဘယ်တော့များမှ လည်ပြန်ခွင့်သာမလဲ
မသိပါဘူးဗျာ....။
3 July 2012 at 08:38
အမေ ငိုတာ ကိုယ့်ကြောင့်တော့ မဖြစ်စေနဲ့ ပေါ့နော်.. :)
3 July 2012 at 22:41
ဘ၀ဆိုတာကို အမေနောကျေပြီး ဖြစ်မှာပါ ဧရာရေ...နောမကျေနိုင်သေးတာက ဆရာတို့လို သားသမီးတွေ...တရားအားထုတ်ရမယ့် အမေ့အရွယ်မှာ...မဟားဒရား အလုပ်လုပ်စေချင်နေကြတာကိုး ...
3 July 2012 at 22:42
မေ့သွားလို့ -
ရန်းကား - ရမ်းကား
4 July 2012 at 08:38
ပြင်လိုက်ပါပြီ ဆရာ..
ကျေးဇူးအထူးပါဗျာ။
5 July 2012 at 01:12
ကဗျာကောင်းလေးတစ်ပုဒ်ကို ဖတ်ခွင့်ရခဲ့ပါတယ်။
အမေတွေဟာ သားသမီးတွေရဲ့ ထာဝရသူရဲကောင်းတွေပါ။။
ခင်မင်လျက်
သဒ္ဓါ
6 July 2012 at 08:16
ဒီဘက်ခေတ်မှာ အမေလို့ပြောရင် The Lady ကိုမြင်တယ်။ အစ်ကိုလည်း ကိုယ့်အမေကိုယ်တိုင်တည်ရင်တောင် အဲဒီလိုအထင်ခံရတယ်။ အမေဆိုတာတော့ တစ်သက်တာအတွက် အမြဲကောင်းသူပေါ့ညီလေးရေ။ အမေကိုအားပေးထားတဲ့အတွေးလေးကို သဘောကျမိပါတယ်ညီလေးရေ
6 July 2012 at 09:40
တယ်....သဂျီး ကျုပ်ရဲ့ မေ အကြောင်းပြောသွားတယ်း)
ကဗျာလေးအချီချကိုကြိုက်တယ်ဗျာာာ
ခင်ဗျားလွမ်းဖူးတဲ့အလွမ်းမျိုး ကျွန်တော်လည်းလွမ်းဖူးပါရဲ့ ကိုယ်ချင်းစာပါ၏
မောင်ဘကြိုင်
8 July 2012 at 09:56
https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/403777_3964522965787_1832015256_n.jpg
ညီလေးရေမင်းအတွက်လက်ဆောင်ပေးထားတယ်သွားယူချေ
ခင်မင်လျှက်
ချစ်သူမောင်
17 July 2012 at 10:25
ထုသားပေသားကျ အလွမ်းနဲ့
သိပ်ရမ်းကားနေတဲ့ ညနေ အချို့
တစ်ခါတစ်ခါတော့ ကျွန်မ မျက်ရည်တွေ ပျို့မိတယ်..
.. .. မေမေ့ကို လွမ်းမိသွားတဲ့ စိတ်အချို့နဲ့ .. ဒီကဗျာကို ခံစားခဲ့မိတယ်.
10 June 2013 at 11:41
အမေဆိုတာ သားတွေရဲ့ ရှေ့မှာ..အမြဲ သူရဲကောင်းလို ကပြနေခဲ့တာပါ..။ ကပြနေတာပါပဲ..။ နောက်နေ့ တွေလဲ ကပြနေအုံးမှာပါ...။