လောကကို အုပ်စိုးဖို့
တိမ်တစ်ဆုပ် ပျိုးခဲ့တဲ့ ကောင်းကင်
အထိန်းအကွပ်မဲ့ ပျော်ဝင်တော့
ကျွန်တော့်ရင်ခွင် မဟုတ်ခဲ့ဘူး
''စည်း''ပျောက်သွားတဲ့နောက်
''၀ါး'' နဲ့ထောာက်ခဲ့တဲ့ လင်္ကာ
ဂန္ထ၀င်မတွင်ရှာတော့
ဟို စင်ပေါ်မှာဘဲ ထားလိုက်တယ်
အခုတော့
ဆေးလိပ်တစ်ရှိုက်
အရက်တစ်ကျိုက်နဲ့
ည ခါးခါးတွေကို ထွေးပိုက်ဖို့
ကျွန်တော် နှစ်ခြိုက်တတ်ခဲ့ပြီ။
သာသနာကိုရှောင်ကွင်းနေသူများ-
-
ဘေးကိုမမြင် ခေတ်လျှင်ချထား စောင့်ထားပါရမီ
ဒွိဟိတ်မည်နှင့် တတ်လီဒိပဟိတ် ဤငါးစိတ်သည် တိရစ်ဘုံစံတို့တည်း။(လယ်တီ)
၁။ အိုနာသေဘေးကို မမြင်ဘဲ ပျော်ရွှင်မိုက်မှာ...
2 June 2012 at 11:48
စာလုံးပေါင်းလေးများ မှားနေရင် လက်တို့ခဲ့စေချင်တယ်ဗျာ။
2 June 2012 at 11:57
စဉ်းစားစရာပါပဲ
သများတို့သယ်ရင်း တစ်ကယ်ပဲသောက်တတ်နေပြီလား
2 June 2012 at 23:26
ဂန္ထ၀င်ပါညီလေး။ တိမ်တစ်ဆုပ်ကို ပျိုးတယ်ဆိုတာလေးက တော်တော်လှတယ်ကွာ။ နောက်ဆုံးအပိုဒ်ကတော့ စိတ်နာတာချင်းအတူတူ အဲဒီနည်းကိုတော့ အားမပေးချင်ဆုံးပဲ။ ကဗျာကိုတော့ ကြိုက်တယ်ကွာ။ နှစ်ခုစလုံးလုပ်နေတယ်ဆိုရင်တော့ ရပ်နိုင်ရင် ရပ်လိုက်ပါလို့ပဲ အကြံပေးပါရစေကွာ။ ရပ်ဝေးမှာနေရတဲ့သူချင်းမို့နားလည်ပါတယ်။ ဒါပေမဲ့ နှစ်ခါရှုံးတယ်ကွ။ ကဗျာကို ကဗျာလိုသာနားလည်ပေးပါ အစ်ကိုကြီးရာဆိုရင်တော့ အိုကေပေါ့။ လပဲ ၀င်္ကပါထဲမှာ ကွယ်ပါစေကွာ။ ကဗျာဆရာက ကဗျာတွေထဲမှာ ရှင်သန်ပါဦး။
3 June 2012 at 00:03
ကဗျာလေးက တိုတိုပေမဲ့ ကောင်းတယ်
ကူပြီး ခံစားသွားတယ်နော်။ ဒါပေမဲ့ အရက်ရော ဆေးလိပ်ရော မကြိုက်ဘူးး)
3 June 2012 at 06:51
အကိုကြီး ကိုဆူးသစ် ကျွန်တော်ပြင်လိုက်ပြီအကိုကြီး...။
ဟုတ်ကဲ့ပါ အကိုကြီး ကျွန်တော်ကြိုးစားပါ့မယ်
'လ'မသာတဲ့ ၀င်္ကဘာမှာ ကျွန်တော် ကဗျာတွေနဲ့ ကျင်လည်ဦးမှာပါ။
3 June 2012 at 07:49
ဆေးလိမ် တစ်ရှိုက် အရပ် 5ပေ8လက်မနဲ့
ကိုမင်းဧရာတစ်ယောက် လမ်းမပေါ်အထက်မှာ
ခြေတိုနေခဲ့ လေပီ...း))
3 June 2012 at 11:55
ကဗျာတွေ နုလိုက် ကဗျာတွေ ကြမ်းလိုက်နဲ့ ဒါက ဘယ်လို ဖြစ်ရတာတုန်း မောင်မင်းဧရာ။
မာလိုက် ပျော့လိုက်နဲ့ သော့ဘဲ သော့နိုင်လွန်းတယ်။
ဒါကြောင့်ပြောတာ ကဗျာဆရာမှန်ရင် တစ်ရက်မှာ အနည်းဆုံး သုံးခါ ဘာဖြစ်တယ်ဆိုလားဘဲ။း))
3 June 2012 at 23:03
အမ်..ကျူပ်သိတယ်နော်..ဘကြီးမူံ..။ကျူပ်ကတော့..
ဘကြီးမူံအတွက် ဒိကဗျာက ဝေဒနာခါးတခွက်ပဲသက်မှတ်တယ်
4 June 2012 at 07:31
ဒီသဂျီးမင်းနဲ့ တော့ ခက်တယ်...
ဒင်းပဲ ဟိုနေ့ကတော့ ရုပ်ကြမ်းတဲ့သူတွေက စာရေးရင် နုတတ်တယ်ဆို အခုကြမ်းကြမ်းလေး ရေးပြန်တော့ စာရေးတဲ့သူက လူချေားလေးလို့ မပြောဘူး မချစ် အပြစ်ကြည့်ဘဲ သတိထား ဟင်းးးးးးးးး။
5 June 2012 at 06:48
ထိတယ်.. အရမ်းရမ်းကြိုက်တယ်
5 June 2012 at 11:56
ဝင်္ကဘာ - ၀င်္ကပါ
ဂန္တ၀င် - ဂန္ထ၀င်
အရက်တစ်ချိုက် - အရက်တစ်ကျိုက်
နည်းနည်းပြင်းလွန်းသလားလို့...ဒါပေမယ့် ဒီလိုပါပဲ ကဗျာသမား စာသမားဆိုတာ ခံစားချက်က သူများထက်တော့ ပြင်းထန်ကြတာချည်းပါပဲ...ဒါကြောင့် တစ်ခါတစ်ခါမှာ ဘ၀ကဗျာတွေ စိုက်လိုက်မတ်တပ်မရေးဖြစ်ဖို့ ကိုယ့်ကိုယ်ကို ဟန့်နေရတယ်...တစ်ပုဒ်ရေးဖြစ်သွားရင် လေးငါးရက်လောက် နင့်ကျန်ခဲ့လွန်းလို့...
5 June 2012 at 12:00
ဝင်္ကဘာ - ၀င်္ကပါ
ဂန္တ၀င် - ဂန္ထ၀င်
အရက်တစ်ချိုက် - အရက်တစ်ကျိုက်
နည်းနည်းပြင်းလွန်းသလားလို့...ဒါပေမယ့် ဒီလိုပါပဲ ကဗျာသမား စာသမားဆိုတာ ခံစားချက်က သူများထက်တော့ ပြင်းထန်ကြတာချည်းပါပဲ...ဒါကြောင့် တစ်ခါတစ်ခါမှာ ဘ၀ကဗျာတွေ စိုက်လိုက်မတ်တပ်မရေးဖြစ်ဖို့ ကိုယ့်ကိုယ်ကို ဟန့်နေရတယ်...တစ်ပုဒ်ရေးဖြစ်သွားရင် လေးငါးရက်လောက် နင့်ကျန်ခဲ့လွန်းလို့...
6 June 2012 at 06:52
ကျွန်တော် ပြင်လိုက်ပါပြီ ဆရာ...
ပြောပြသွားခဲ့တဲ့အတွက် ကျေးဇူး အထူးပါ ဆရာ။
7 June 2012 at 11:07
ညခါးခါးကိုထွေးပိုက်ဖို့
....
ဟုတ်တယ် တချို့ သူတွေအတွက်
ညတွေ ကသိပ်ခါးတယ်..
8 June 2012 at 01:26
ကဗျာ့ အဆုံးသတ်အပိုဒ်လေးကို အကြိုက်ဆုံးပဲ။
ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်