(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

နေညိုရိုးမှ.......

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မြရည်ငယ်စစ်
ရွယ်ဖြိုးသစ်ကြွ
လှစ်ဟသွယ်သွယ်
မင်ခြယ်ပိတုံး
သူ့ပခုံးထက်
ဝိုင်းစက်ကော့ပျံ
ယဉ်ပေ့ဟန်ကိုယ်
နံ့သာချိုနစ်
နွယ်မျိုးစစ်၏....

ခွန်းဆင့်မဆို
မျက်ဝန်းညို၌
ခိုလှိုက်သဒ္ဒါ
ရွှန်ကြည်စွာဝင့်
ထိုပွင့်မာလာ
ခူးခွင့်သာလည်း
သိပ်သည်းအုပ်မိုး
စိုရိုးထိုလက်
မခြောက်အပ်သို့......

သိစေရွယ်ကိုး
နေညိုရိုးမှ
ပြိုကျကဗျာ
ကျွန်ရည်ရာသို့
ဆောင်ယူပို့လော့.......

ဟင်္သာအဆင်း
နွေလည်ခင်းဖန့်
ခင်းဖြန့်ဥယျာဉ်
သူ့ဆံကျင်မှာ
ပန်စေရာပျိုး
နေညိုရိုး မှ
ပျိုးသောကဗျာ........။


အပြည့်အစုံသို့

မွေးနေ့ ကဗျာ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ရိုးတံညှာဦး
ပုရစ်ဖူးကြွ
မြူစယှက်ငှင်
တွေရင်ခွင်မှာ
ငြင်သာပိုက်ထွေး
ဖွဖွမွှေး၍
နုပျိုသွေးကို
မွေးခဲ့စဉ်။

အာကာတစ်ခွင်
တိမ်ခိုးစင်၍
ကြည်လင်ရွှန်းပ
နေ့သစ်စ မှာ
လွန့်ကာမြူကြွ
တစစ နှင့်
ရုန်းကြွတစ်လီ
ထိုပန်းချီကို
လေပြည်ရှိုက်နမ်း
ဝေဟင်နန်းမှ
ယွန်းစ နှစ်ဆယ်
ထွန်းပကြယ်သို့
ရွယ်ရည်ပို့သည်
နှင်းသက်တစ်ရာ
ပြည့်စေရာ။



ချစ်လှစွာသော  ညီမလေးရေ.....
အသက်နှစ်ဆယ် ပြည့်မွေးနေ့လေးမှသည်  နောင်နှစ်ပေါင်း များစွားတိုင်အောင်  စိတ်၏ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။




အပြည့်အစုံသို့

ဒိုက် အမှိုက်နှင့် စရိုက်များ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

လူတစ်စိတ်
ခွေးတစ်အိတ်နဲ့
ဟို  ချောင်းရိုးထိပ်မှာတော့
ဒိုက်တွေအမျေားစိပ်လာတယ်။

ဒို့အမျိုး၊ဒို့အမျိုး
ကြမ်းပိုးတွေက  ဟစ်အော်
ရွာကျော်ကာ ခဲပစ်
ခပ်ညစ်ညစ် ထိုအမှိုက်
အဲသည်ဒိုက်နှင့်  မျောပါစေ။

အဆီကိုလည်းဖောက်
ရေကြည်ကိုလည်း  သောက်
ဖနောင့်နှင့် လည်းပေါက်သွား
ဒါပေမယ့်......
ငါ  မင်းမဖြစ်အောင်လည်း  ဆုတောင်းသွားဦး။


အပြည့်အစုံသို့

ဘယ်လိုပြောရမလဲ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခေတ်ကာလ ရေစီးမှာ
လှေထီးတည်း ရွက်ပြန်တိုက်
အညာစရိုက်လေးကို ထွေးပိုက်လို့
ဂန္တ၀င်တေးသွားတွေကို ကြိုက်တယ်။

မျက်နှာပြောင်ပြောင်နဲ့
ခပ်ကြောင်ကြောင် လက်ခုပ်တီး
သီချင်းတစ်ပုဒ် ဆိုအပြီးမှာတော့
ချွေးသုတ်ပြီးသာ ပြန်ထွက်ပါ။

နည်းနည်းရေး  များများတွေး
ပိုတာရှိရင်ပေးလိုက်
ဒါပေမယ့်.......
အမှိုက်တော့ မဖြစ်စေနဲ့။

လောကဓံ အထုအထောင်းကို
ဗန်းထဲထည့်ရောင်းလို့ ရသလား
ကံကြမ္မာက
မျက်နှာသာ မချိုသလို

ကျွန်တော် သက္ကရာဇ် တစ်ခုကိုဖြိုပြန်ပြီ။

သုံဆယ့်တစ် အကြိုမှာ
ရှေ့ဖြစ်နောက်ဖြစ်တွေ မလိုပါဘူး
ဟောဟိုက  နေမညိုခင်
အဲဒီရွာကို  အရောက်ဝင်မယ်။





အပြည့်အစုံသို့

ကြွေ၍ဝေသည့်အလွမ်း

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မထင်တတ်
ပြင်ရက်စွာတိမ်းပေမယ့်
မောင်စိမ်း၍ မဟုတ်ဘူး ခင်။

နှစ်ချို့တဲ့ရင်ခွင်
တိုးတိတ်စွာ ရှင်စေတော့
ထပ်ဝေကျော့ ဒီအလွမ်းကိုလည်း
ခင်နမ်းဖို့ မောင်မစေ။

သြော်......
မတမ်းသင့်တဲ့ ဒီအခြေမှာ
အလွမ်းတွေရင့်၍ကြွေတိုင်း
မောင့်ရဲ့ ရင်တံတိုင်းမှာတော့
တိမ်ညိုတွေ ဆိုင်းဆဲ ခင်...။


အပြည့်အစုံသို့

ခံ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဒေါင်းတစ်သုတ်
ဗျိုင်းအုပ်ကို ချီဆင်း
ရွာထဲမှာလည်း
အိုးနင်း ခွက်နင်းနဲ့။

ငါ့အရေး  ငါ့အခင်း
ခပ်ဖျင်းဖျင်း ပြဇာတ်တစ်ပုဒ်
ထန်းသီးမှုတ်တို့
ဖရဲသီးပြုတ်ကိုခဲကြ
တစ်ချို့ကတော့
"'ဘို''သွေးတွေကြွလို့။

ဘယ်သူ ဘာလုပ်လုပ်
ဟောဒီ ဇနပုဒ်ကတော့
ဖျံအုပ်လည်း ခံ
ဗျိုင်းသုတ်လည်း ခံ
ငါး ဖြစ်ရတဲ့ ဒဏ်မှာ
ခင်ဗျားတို့ အသံကိုကြောက်တယ်။


အပြည့်အစုံသို့

ကျွန်တော်မပိုင်သော မနက်ဖြန်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ငါ ဆိုတဲ့ မာန်တစ်တိုင်နဲ့
မနက်ဖြန်ကို သင် ပိုင်သလား။

ဆွဲကိုင်လိုက်စမ်းကွယ်
မဆုံးသေးတဲ့ ဒီပန်းတိုင်
အရှုံးအနိုင်တွေ မလိုပါဘူး။
 
အရိုးဖြိုင်ဖြိုင်ပေမယ့်  
နှလုံးသားပင်စည်ခိုင်မှနေ
သံပြိုင်တွေဟစ်ကြွေး
ငါတို့သွေးနဲ့ နွေးရမယ်။

မနက်ဖြန်ကို သင် ပိုင်သလား။

ဆွဲကိုင်လိုက်စမ်းကွယ်
မဆုံးသေးတဲ့ ဒီပန်းတိုင်မှာ
မရှုံးအနိုင်တွေ မလိုပါဘူး။



 ကောင်းမှု့ပြုလုပ်ခြင်းဖြင့် ကောင်းကျိုးခံစားနိုင်ကြပါစေ။


အပြည့်အစုံသို့

အလွမ်းဖြင့်ရုံသော

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဥသြတစ်ကိုယ်
ခွန်းဆိုသံဝါ
ခိုကာနားစက်
ရော်ရွက်သက်ကြွေ
ဤတစ်နွေဆို
ရွာအိုဘယ်သို့ ရှိမည်နည်း။

မိုးရူးလေထန်
ဒေါသမာန်ဝင့်
ပျံလွင့်ကာချီ
ရာသီနွေနှောင်း
ဖက်ဆွတ်လောင်းချ
ပြောင်းရတဖုံ
မြသွေးရုံမှာ
ပျိုးခုံဘယ်ပုံ သာမည်နည်း။

မမြင်ရက်ကြာ
ကျွန်ရွက်ဝါငယ်
သာစေရွယ်ရင်း
ငွေနှင်းလည်းကုန်
လူလည်းထုံပြီ
အလွမ်းဖြင့်ရုံသော သည်ရက်ရှည်။


အပြည့်အစုံသို့

လျှာအထူကြီးနဲ့ထိုင် မောင်နှစ်ဆိုင်သို့

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခါးသက်သက်ပါပဲ
ပါးရှပ်ရှပ်  မျိုချ
ခပ်မောက်မောက် မာနနဲ့
အဲဒီညက ................
သီချင်းတစ်စကို ဆိုလိုက်တယ်။

ကျယ်ပြန့်နက်ရှိုင်းတဲ့  လွင်ပြင်
ကျွန်တော်သင်ခဲ့တဲ့  ရသ
ထယ်သွားတို  ''စည်းချက်''အချမှာ
ခြေထိုးပြီး ကကြတယ်။

ဂီတနတ်သံ လွင့်ပျံအကြွ
မိစံပယ် အတွက်ဟန်မကျလှဘူး။

စာအုပ်ကြီး ကိုင်
မျက်မှန်အထူကြီးနဲ့ ထိုင်နေတဲ့
မောင်နှစ်ဆိုင်  လူကြီးမင်းရေ........
ခင်များလျှာ အထက်
အရသာ မထွက်လှပေမယ့်
ကျွန်တော်ချက်တဲ့ ဟင်း
လက်ကမြင်းခဲ့တာမဟုတ်ဘူး။

သူငယ်တန်း အကြောင်း ဆွေးနွေးချင် ရင်
က၊ခ၊တော့ အရင်သင်ဗျာ...
ကျွန်တော် လွတ်လပ်စွာ ပျံချင်သေးတယ်။


အပြည့်အစုံသို့

သူတို့လို....

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

နဒီခွေရာ
ဤ သေလာဦး
လေရူးငယ်သုန်
ကြည်စယ် ယုံမျှ
နားသယ်စ ခို
ရယ်သွမ်းသလို
နမ်းမလို ထင့်။

မရွံ့တရွံ့
ဖွဖွလွန့်လူး
တိမ်ဖူး ငယ်ရုံ
နံ့သာမှုံ ခြယ်
နမ်းစေရွယ် မင့်
မပြယ်လွင့်စေ
ချင့်ချင့် ခြွေစဉ်
ပျော်ဝင်လှိုက်ခို
ရွှန်းစိုစိုနှင့်
ရှက်သွေး ပျိုသော
ဆည်းဆာချိန် ။


အပြည့်အစုံသို့

ရတု တစ်ခုအလွန်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မာနအချို့ကို နံရံချိတ်
မျက်လုံးမှိတ်ပြီး ထိုင်နေတဲ့  ငါ
ခြေထောက်မပါတဲ့ ဒီစိတ်
ဘယ်သူတံခါး ပိတ်ပေးမလဲ။

တစ်ခါတစ်ခါ
ငါ့ ကိုယ် ငါ သနားရင်း
ကမ်းခိုခြင်းမရှိတဲ့   လေပြေလို
စက္ကန့်တွေ  သက္ကရာဇ်ကိုဖြိုတော့
သူ့အလိုလို  ပြိုခဲ့သော အတိတ်
တရိပ်ရိပ်နဲ့    ပြည့်သိပ်လာတဲ့ အိတ်ကလေး
လွယ်...လွယ်ရင်း   လေးလာတော့
 အရောင်ဖြော့ဖြော့  ဆည်းဆာမှာ
 ကွန်ခိုရာကို  ရှာမိတယ်။

ချိုမြိန်မြိန်  တေးတစ်စနဲ့
လက်ချိုးပြီး က တဲ့အရွယ်
ဘ၀  ကိုနိဒါန်းသွယ်တော့
ဘာသာပြန်ဖို့မလွယ်တဲ့  အသိတရား
လှိုင်းရိုက်ပါများတဲ့  ကမ်းပါးလို
 နာကြင်မှု့ကြောင့်  မငိုတော့ဘူး။

ကောက်ကွေ့သော ခရီးတစ်လျှောက်
ထိုးဖေါက်မယ့်   အင်အားက
ညှို့တင်ထားတဲ့    မြှားလို
ဦးတည်ရာကို   ထိုးစိုက်
ရတုတစ်ခု    ဆိုက်တဲ့အရွယ်
ငါ့  အတွေးတွေ   ကြွယ်ခဲ့တယ်။


အပြည့်အစုံသို့